NEWS

မီးလောင်မှုဖြစ်ပြီး ယာယီပိတ်သိမ်းထားတဲ့ Solamoda 2 (Myanmar Sunview)စက်ရုံလုပ်သားများနစ်နာကြေးရရှိရေးညှိနှိုင်းမှု ၂ နှစ်အကြာမှ ပြေလည်မှုရရှိ

CoverLogo
496 Views

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်က ရွှေပြည်သာမြို့နယ်၊ ဒေါ်ဖွားရှင်လမ်းက Solamoda 2(Myanmar Sunview) အထည်ချုပ်စက်ရုံဟာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စက်ရုံပိတ်သိမ်းခဲ့ရာ အလုပ်သမားများတောင်းဆိုထားတဲ့ရရှိရထိုက်တဲ့ခံစားခွင့်များအတွက်  ၂ နှစ်အကြာမှာတော့ ဆွေးနွေးညှိနှိုင်းမှုပြေလည်မှုရရှိခဲ့ပြီလို့ သိရပါတယ်။ 

“နှစ်နှစ်ကျော်ကြာပြီပေါ့။ ဒီကနေ့တော့ပြေလည်မှုရသွားပါပြီ။ အလုပ်ပိတ်နစ်နာကြေးရယ် နို့တစ်ကြေးရယ် ကြားကာလနစ်နာကြေးရယ်လို့မဟုတ်တော့ဘဲ  အဲဒီအချက်သုံးချက်အပေါ်မှာ အခြေခံတဲ့ညှိနှိုင်းမှုမျိုးပါပဲ။ အလုပ်သမားတွေအားလုံးလက်ခံကျေနပ်တဲ့ ညှိနှိုင်းပြေလည်မှုရရှိတဲ့နှုန်းထားပါပဲ”လို့  အလုပ်သမားတစ်ဦးထံမှ  သိရပါတယ်။  

အလုပ်သမားများရရှိရထိုက်တဲ့  ခံစားခွင့်များရရှိနိုင်ဖို့အတွက်  “Solamoda 2(Myanmar Sunview) အထည်ချုပ် မီးလောင်ချိန်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် All Super, Lines Super , Leaders များ နှင့် STUM မှ တာဝန်ရှိသူများ Solamoda group မှ စေလွှတ်လိုက်တဲ့တာဝန်ခံနှင့် စက်ရုံဘက်မှ တာဝန်ရှိသူများက ဇူလိုင်လ ၁၆ရက်နေ့နဲ့ ၁၉ရက်နေ့တွေမှာ အလုပ်သမားစင်တာမှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး  သြဂုတ်၃၀ရက်မှာတစ်ကြိမ်ထပ်မံဆွေးနွေးညှိနှိုင်းခဲ့ရာ အလုပ်သမားများအားလုံးလက်ခံကျေနပ်နိုင်တဲ့ နှုန်းထားဖြင့်ပြေလည်မှုရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြေလည်မှုအရ  စက်ရုံမီးလောင်စဉ်က  ၀င်ရောက်လုပ်ကိုင်ခဲ့တဲ့အလုပ်သမား  ၁၃၀၀ အထိရှိပြီး အဆိုပါအလုပ်သမားများရဲ့  ရပိုင်ခွင့်ခံစားခွင့်နှုန်းထားများကို အလုပ်သမားများကိုယ်တိုင်သော်လည်းကောင်း  အလုပ်သမားကိုယ်စားမိသားစု၀င်များက ဆက်သွယ်ထုတ်ယူနိုင်ဖို့အဲ့ဒီအလုပ်သမားတွေကိုကူညီပေးနေတဲ့ STUM ကလည်းအသိပေးတိုက်တွန်းထားပါသေးတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားအင်အား တစ်ထောင်ကျော်ဖြင့် လုပ်ငန်းလည်ပတ်ခဲ့ရာက  ၂၀၂၁ခုနှစ် မတ်လ၁၄ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး  မီးအာမခံထားရှိထားပေမဲ့ အလုပ်သမားတွေအပေါ် စက်ရုံပိတ်နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ  စက်ရုံယာယီပိတ်သိမ်းခဲ့တာရှိသလို့ စက် ရုံပြန်လည်ဖွင့်လှစ်မှုကိုစောင့်ဆိုင်းရင်း အလုပ်လက်မဲ့ဖြစ်ရတဲ့အလုပ်သမားများက အခက်အခဲများစွာဖြစ်ခဲ့လို့  တောင်းဆိုမှုတွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 

အလုပ်သမားတွေက ၁။နှစ်အလိုက်အလုပ်ထုတ် နစ်နာကြေး ၂။နို့တစ်ကြေး တလစာ။ ၃။ကြားကာလနစ်နာကြေး(၁၄_၃_၂၁ မှ ၃၁-၁၂-၂၁) ကိုတောင်းဆိုခဲ့တာဖြစ်ရာ  အလုပ်ရှင်က တောင်းဆိုချက် (၁)နှင့်(၂) ကို သဘောတူထားပြီး တောင်းဆိုချက်(၃) ကို သဘောတူညီမှူ မရခဲ့တာကြောင့်  ပထမ အကြိမ် တွေ့ဆုံ ညှိနှိုင်းမှု ပျက်ပျယ်ခဲ့ရပြီး သြဂုတ်၃၀ရက်နေ့ထပ်မံညှိနှိုင်းရာမှာတော့  တောင်းဆိုချက်၃ချက်အပေါ်မဟုတ်တော့ဘဲ အလုပ်သမားများလက်ခံနိုင်တဲ့ နှုန်းထားတစ်ခုဖြင့်ညှိနှိုင်းမှု ပြေလည်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026