NEWS

မီးဖိုချောင်သုံးဂတ်စ် ဝယ်ယူရေး အခက်အခဲရှိနေ

CoverLogo
549 Views

မီးဖိုချောင်သုံးဂတ်စ်(LPG)တွေဟာဈေးနှုန်းအပြောင်းအလဲမရှိသေးပေမယ့် ဖြန့်ချီရေးကုမ္ပဏီတွေကလိုအပ်သလောက်ရောင်းချပေးနိုင်မှုမရှိဘူးလို့ဂတ်စ်ရောင်းချသူတွေကပြောပါတယ်။ 


လက်ရှိမှာလျှပ်စစ်မီးပြတ်တောက်မှုများနေပြီးဂတ်စ်သုံးစွဲနှုန်းပြန်လည်မြင့်တက်လာတယ်လို့တစ်နိုင်တပိုင်အရောင်းဆိုင်တွေကသိရပါတယ်။ 


"ဈေးကတော့ဒီကနေ့ထိမပြောင်းသေးဘူး။ဒါပေမယ့်မှာသလောက်မရဘူး။အရင်ကဆိုလိုသလောက်ဝယ်လို့ရပေမယ့် အခုကသူတို့ချပေးသလောက်ပဲရတယ်။မီးတွေကပျက်တော့ဝယ်သူကများပြီးဂတ်စ်မရှိ‌လို့ဆိုင်ပိတ်ထားရတယ်။သိရသလောက်တော့ဂတ်စ်မရှိတာမဟုတ်ဘူး။ထုတ်ပေးတဲ့နေရာကခွဲတမ်းနဲ့ကန့်သတ်လိုက်တာလို့တော့ကြားတာပဲ"လို့ဂတ်စ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။ 


ဇန်နဝါရီလ(၇)ရက်ထိ 48 kg ဂတ်စ်အိုးတစ်အိုးကို ကျပ်နှစ်သိန်းနှစ်သောင်းနဲ့ကုမ္ပဏီတွေကရောင်းချပေးနေတာဖြစ်ပါတယ်။ 
ဒီဈေးနှုန်းပေါ်မူတည်ပြီးလက်လီဈေးကွက်တွင်းမှာတော့ နေရာအပေါ်မူတည်ပြီးဂတ်စ်တစ်ဘူးကိုကျပ်(၁၅၀၀) ၊ဂတ်စ်တစ်ပိဿာကို (၉၀၀၀)ကျပ်နှုန်း ပြန်လည်ရောင်းချကြတာပဲဖြစ်ပါတယ်။ 


"ဈေးကစားချင်လို့ဈေးကွက်ထိန်းတယ်လို့မြင်တာပဲ။မီးတွေကအရမ်းပျက်တော့ဝယ်လိုအားကများတယ်။ပစ္စည်းကပျက်တာမဟုတ်ပါဘူး။တမင်ကိုမထုတ်တာ"လို့ဂတ်စ်ရောင်းချသူတစ်ဦးကပြောပါတယ်။ 


လက်ရှိမှာလျှပ်စစ်မီးပြတ်တောက်မှုဟာပိုမိုဆိုးရွားလာပြီးတစ်ရက်တာအတွက်မီးလာချိန်ဟာ(၈)နာရီတောင်မပြည့်တဲ့ အခြေအနေဖြစ်နေပါတယ်။ 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026