NEWS

မလေးရှားတွင် မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားဖမ်းဆီးမှု ပိုများလာမည်ဟု ICCသတိပေး

CoverLogo
291 Views
 
မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးမှု ကလာမယ့် ၂၀၂၆ခုနှစ်မှာ ပိုမို ဖမ်းဆီးနိုင်တယ်လို့ Independent Chin Communities (ICC)က ဇူလိုင် ၅ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။
 
၂၀၂၅ခုနှစ်က မလေးရှားအစိုးရဟာ အလှည့်ကျအာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်တဲ့ နှစ် ဖြစ်သလို ၂၀၂၆ခုနှစ်ကလည်း မလေးရှား ခရီးသွားနှစ် ဖြစ်တဲ့ အတွက် အဖမ်းဆီးများမယ့်နှစ်လို့ မလေးရှားအစိုးရက သတ်မှတ်ထားတာလို့ ICCရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
 
လက်ရှိမှာ မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသဖြင့် ချင်းလူမျိုးများနေထိုင်ရာ အိမ်ရာ၊ တိုက်ခန်း၊ ရပ်ကွက်တွေမှာ အနေအထိုင် မဆင်ခြင်မှုတာ ၊စည်းကမ်းမဲ့ သွားလာတာ၊ သောက်စားတာတွေကြောင့် မလေးရှားနိုင်ငံသားတွေက တိုင်ကြားတာတွေရှိနေတယ်လို့ ICCရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
 
တိုင်ကြားချက်ထဲမှာ အရက်မူးယစ်ပြီး‌ အော်ဟစ်တာ၊ စကားများခိုက်ရန်ဖြစ်ပွားတာ၊၊ ညအချိန်မတော် လမ်းဘေးထိုင် အရက်သေစာသောက်စားတာ၊ လမ်းဘေးအိပ်တာ၊ ညအချိန်မတော် လမ်းဘေးနဲ့ လူနေအိမ်‌ အောက်မှာ မူးယစ် အော်ဟစ်တာ၊ ၊ ဘောလုံးပွဲအချိန်လွန်ကြည့်တာ၊ ဘုရားကျောင်းတက်ဆင်းချိန်မှာ ရိုးးရာဝတ်စုံတွေနဲ့ အဖွဲ့လိုက်ဝိုင်းဖွဲ့စကားပြောတာ ၊ စောင့်ဆိုင်းတာ၊ အများနေထိုင်ရာ တိုက်ခန်း၊ ကွန်ဒို‌တွေ၊ ပန်းခြံတွေမှာ ဖျော်ဖြေရေး၊ ပါတီနဲ့အစားအသောက်ပွဲကျင်းပတာတို့ကြောင့် တိုင်ကြားခံရမှုများတယ်လို့ ဆိုပါတယ်။
 
အခုလို နေထိုင်ပြုမူတွေကြောင့် ဖမ်းဆီးမှု ကြုံတွေ့ပါက Independent Chin Communities (ICC) တွေဖြစ်တဲ့ ACR, CRC, DCM, FRO နဲ့ ZAM တို့အနေဖြင့် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ကြောင်း ကိုလည်း သတိပေးချက်မှာ ရေးသားထားပါတယ်။
 
အဖမ်းအဆီးများကြုံလာခဲ့သော် ပြန်လွတ်နိုင်ဖို့ နည်းလမ်းမရှိဘဲ ဒဏ်ကြေးဆောင်ပြီး မြန်မာပြည်သို့ ပြန်ပို့ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့ အတွက် မြန်မာဒုက္ခသည်များအနေနဲ့ သတိထားပြီး စည်းကမ်းရှိရှိ သွားလာနေထိုင်ဖို့ ICC ကသတိပေးထားပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားတွေကိုနေ့စဉ် စီမံချက်နဲ့ ဖမ်းဆီးမှု တွေ ပြုလုပ် နေပြီး ဇူလိုင်လ ၈ရက်က 
ပတ်ဝန်းကျင်ရဲ့ တိုင်ကြားလို့ ကွာလာလမ်ပူမြို့ ပူဒူး Jalan Loke Yew မှာ မြန်မာနိုင်ငံသား၁၈ဦးအပါအဝင် နိုင်ငံခြားသား ၆၀ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားသတင်းဌာနတွေမှာ ဖေါ်ပြထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026