NEWS

မန္တလေး PEPSI အချိုရည်အရောင်းဌာနမှ အလုပ်သမား၁၄ဦး ဥပဒေပါခံစားခွင့်များမရဘဲ အလုပ်ထုတ်ခံရ

CoverLogo
994 Views

မန္တလေး ၁၃၈လမ်းနှင့်၁၃၉လမ်းကြား ၆၉လမ်း၌ ရုံးဖွင့်ထားသည့် Pepsi အချိုရည်အရောင်းဌာနမှ   အရောင်း၀န်ထမ်းလုပ်ကိုင်နေတဲ့  အလုပ်သမား၁၅ ဦးအနက် ၁၃ဦးကို အလုပ်မှထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

“ အခုသူတို့ကအလုပ်ထုတ်ခံထားရတာ။ မန်းလေးကဖြစ်နေတော့ ချက်ချင်းမကူညီပေးလိုက်နိုင်ဘူး။ မနက်ဖြန်ဆိုတိုင်စာတွေတင်ပေးပါပြီ။  ထုတ်ခံရတာက ၁၄ဦးလို့ပြောတယ်။ သူတို့ကထုတ်ခံရတာလည်း ဘာမှမရဘဲထုတ်ခံရတာမို့ ကျွန်တော်တို့ ဆီကိုအကူညီတောင်းလာတယ်။  ထုတ်မယ်ဆိုလည်း သူတို့ကလုပ်သက်၇လကျော်တစ်နှစ်ကျော် နှစ်နှစ်ကျော်တွေဆိုတော့  လုပ်သက်နစ်နာကြေးဘာတို့ ရရမှာ။ သူတို့က လခစားတွေပါ” လို့ အဲ့ဒီအလုပ်သမားတွေကိုကူညီပေးနေသူက Myanmar Labour News သို့ပြောပါတယ်။

အလုပ်မှထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမားတွေဟာ အနည်းဆုံးလုပ်သက်ခုနှစ်လမှ အမြင့်ဆုံးလုပ်သက် ၂နှစ်ကျော်ကြာအထိ ၀င်ရောက်လုပ်ကိုင်နေကြသူများဖြစ်ကြပြီး  အဆိုပါအလုပ်သမားတွေဟာ  ရောင်းအားမပြည့်မီဟုဆိုတဲ့အကြောင်းပြချက်ဖြင့် အလုပ်မှ ရပ်စဲခံခဲ့ရတာဖြစ်ကာ  အလုပ်ထုတ်ခံ ရခြင်းနဲ့ပတ်သက်ပြီး ဥပဒေပါခံစားခွင့်များလည်း ရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

“ သူတို့က နွေရာသီတုန်းကတော့  သူတို့သတ်မှတ်ချက်နဲ့အညီရောင်းရတာ။ ခုကဆောင်းရာသီဖြစ်လာပြီး ဆိုတော့ ရောင်းလို့မရတော့ဘူး။ နောက်ပြီးသူတို့က ကိုကာကိုလာနဲ့အပြိုင်ရောင်းရတယ်။ သူတို့ရဲ့စီအီးအို က အရောင်းတစ်ရာရအောင်ရောင်းခိုင်းတယ်။ နောက်ပြီးတော့ ဆိုင်၃၅ဆိုင်ကိုတစ်ဆိုင်ကိုအနည်းဆုံး ကဒ်တစ်ကဒ်နှုန်းရောင်းခိုင်းတာ။ရောင်းခိုင်းတော့ ဒါကဆောင်းရာသီလည်းဖြစ်နေတော့ နွေရာသီတုန်း ကတော့ရအောင်ရောင်းပေးနိုင်ခဲ့တယ်။ ခုကတော့ဆောင်းတွင်းရောက်နေတော့ မရောင်းနိုင်ဘူးဆိုတော့ မင်းအဖေမင်းအမေပိုင်တဲ့စက်ရုံမဟုတ်ဘူး။ မရောင်းနိုင်ရင်ထွက်လို့ပြောတယ်တဲ့။ မပြည့်တဲ့နေ့ဆိုရင် ၀မ်တိမ်လက်မှတ်ထိုးရတယ်။ နောက်ဆုံးချိန်ဆိုသတ်မှတ်ချက်အတိုင်းမရောင်းနိုင်ရင်ထွက် အလုပ်မလာကြနဲ့တော့လို့ပြောလိုက်တယ်” လို့ ၎င်းကဆိုပါတယ်။  

PEPSI အချိုရည်ဟာအလုပ်သမားတွေကို  အလုပ်ထုတ်လိုက်ခြင်းနဲ့ပတ်သက်ပြီး ရန်ကုန် မှော်ဘီ ရှိ PEPSI အချိုရည်စက်ရုံမှာလည်း အလုပ်သမား၇ဦးနဲ့မန်နေဂျာတစ်ဦးကို အလုပ်ထုတ်ခဲ့တဲ့အပြင်အခြားအလုပ်သမားများကိုလည်း အလုပ်နေရာပြောင်းရွှေ့မှုတွေပြုလုပ်တာကြောင့် အငြင်းပွားမှုဖြစ်ပွားလျှက်ရှိရာ  အလုပ်ရှင်ကမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးမှာ အလုပ်ပြန်မခန့်ဘူးလို့ပြောခဲ့ပေမဲ့ ယခုနောက်ပိုင်းခုံသမာဓိမှာဖြေရှင်းချက်အရ အလုပ်ရှင်ဘက် အလုပ်ထုတ်စာမထုတ်ရသေးဘဲ အငြင်းပွားမှုဖြစ်နေလို့ဆိုင်းငံံ့ထားတာပါလို့ဆိုတာကြောင့် ခုံသမာဓိကလည်း အလုပ်သမားတွေကိုလုပ်ငန်းခွင်ထဲကိုပြန်၀င်ခိုင်းထားတာဖြစ်ပြီး လုပ်ငန်းခွင်ထဲပြန်၀င်လုပ်ကိုင်ရန်  ခုံသမာဓိရဲ့အမိန့်စာကိုစောင့်ဆိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။

အခုလိုဖြစ်ပွားနေရခြင်းနဲ့ပတ်သက်ပြီး  ယခုလက်ရှိမှာ  အလုပ်ထုတ်ခံရသည့်အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်စောင့်ဆိုင်းနေဆဲကာလဖြစ်ပြီး PEPSI ဟာ  နာမည်ကြီးကုန်အမှတ်တံဆိပ် ထုတ်လုပ်သည့်စက်ရုံ တခုအနေဖြင့်ယခုကဲ့သို့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှူများကိုဆက်တိုက်ကျူးလွန် လာပါက စားသုံးသူ Campaign ကို ပြုလုပ်သွားမှာဖြစ်တယ်လို့  အဆိုပါအလုပ်သမားများကိုကူညီဆောင်ရွက်ပေးနေတဲ့  STUM ကလည်း စက်တင်ဘာ၁၂ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

#MyanmarLabourNews 
Photo-internet


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026