အောက်တိုဘာလ(၃၁)ရက်၊မန္တလေးမြို့။
ယမန်နေ့ည (၁၀)နာရီဝန်းကျင်ခန့်တွင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း၊ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုနောင်ထက်အောင်နှင့်အတူ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီမှ ဆရာမဒေါ်သက်ဆုလှိုင်နှင့် ဆရာဦးနိုင်းသီဟကျော်အပါဝင် လူငယ်(၆)ဦးကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
အဖမ်းခံရသည့် လူငယ်များ၏ နာမည်စာရင်းအပြည့်စုံကိုမူ အတိအကျ မသိရသေးဘဲ မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း လက်ရှိအချိန်ထိ စုံစမ်း၍ မရသေးဖြစ်နေသည့်အတွက် ရဲဘော်များ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရသည့်အနေအထားဖြစ်နေကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#MyanmarLabourNews