NEWS

ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီများဖွဲ့စည်းသော်လည်း လက်တွေ့လုပ်ဆောင်မှုအားနည်း

CoverLogo
551 Views
 
စက်ရုံ၊အလုပ်ဌာနတွေမှာ လုပ်ငန်းခွင်တွင်း မတော်တဆဖြစ်ပွားမှု လျော့ချနိုင်ဖို့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတွေကို ဝန်ကြီးဌာနက ဖွဲ့စည်းနေပေမယ့် လက်တွေ့လုပ်ဆောင်မှု အားနည်းနေတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။
 
“စက်ရုံထဲမှာဆို လေဝင်လေထွက်မကောင်းတာတို့၊ အိမ်သာနံရတာတို့လည်း ရှိတက်တယ်။ ရုံတိုင်းတော့ မဟုတ်ပါဘူး။ စက်ရုံတိုင်းလိုလိုမှာ အလင်းရောင် အားနည်းတာတို့၊ အလင်း စူးလွန်းတာတို့ ရှိတယ်။ နောက်ပြီး အိမ်သာတွေက မသန့်ရှင်းဘူး၊ အနံအသက်မကောင်းဘူး။ စက်ရုံမှာရှိတဲ့လူနဲ့ အိမ်သာမလုံလောက်တာ တွေက ရှိနေတာပါပဲ။ အနည်းနဲ့အများပေါ့။ တခါတလေကျ နေရတာအကျင့်ရနေတော့ ပြဿာနာလို့တောင် မမြင်မိ ကြတာတော့ဘူး။ ကော်မတီတွေက ဖွဲ့ထားတာပဲရှိတယ်။ ဝန်ကြီးဌာနကို စာရင်းပြတာပေါ့”လို့ အထည်ချုပ်အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်တွင်းမှာ မတော်တဆ ဖြစ်ပွားတာတွေ နေ့စဉ်ဆိုသလို ရှိနေပြီး လူသေဆုံးတဲ့ ဖြစ်စဉ်တွေလည်း ရှိတက်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ၁၉၅၁ခုနှစ် အလုပ်ရုံများ ဥပဒေကို ပြဌာန်းထား ပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေအရ စက်ရုံ၊ အလုပ်ရုံတွေပဲ အကျုံးဝင် တာကြောင့် ၂၀၁၉ခုနှစ် မတ်လ (၁၅) ရက်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကို ပြဌာန်းခဲ့ပြီး ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်း၊ ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်း စတာတွေပါ လိုက်နာဖို့ ထပ်မံ ပြဌာန်းခဲ့ပါတယ်။
 
“ဆောက်လုပ်ရေးမှာတော့ မတော်တဆဖြစ်တဲ့သတင်းတွေက ခဏခဏကြားနေရတာပဲ။ ကန်ထရိုက်တွေ ကလည်း လုပ်ပေးရမှာတွေကို မလုပ်ပေးဘူး။ အလုပ်သမားတွေကလည်း အလွယ်လုပ်ကြတယ်။ အထပ်မြင့်က ပြုတ်ကျတာတို့က ခဏခဏကြားရတယ်။ တကယ်ဆို ဘေးအန္တရာယ်ကင်းရှင်းရေးကို စနစ်တကျ လုပ်မယ် ဆိုရင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူး”လို့ ဆောက်လုပ်ရေး အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ (၂၇) ရက်ကနေ ဒီဇင်ဘာလ (၂၆) ရက်ထိ အလုပ်သမား (၅၀) ဦးအထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၃၁) ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေးစတဲ့ တိုင်းဒေသကြီးတွေအပြင် နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွင်းက စက်ရုံ၊အလုပ်ရုံတွေမှာ ဆူညံသံနဲ့ အလင်းရောင် ရရှိမှုတို့ကို ကွင်းဆင်း လေ့လာခဲ့ရာ တစ်လတာတွင်း စက်ရုံ (၇၀)မှာ (၃၅) ရုံဟာ သတ်မှတ်အလင်းရောင် မရရှိတာနဲ့ (၂၃) ရုံဟာ သတ်မှတ်ဆူညံသံပမာဏာထက် ကျော်လွန်နေတာကို စစ်ဆေးတွေ့ရှိတယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။
 
Photo - အလုပ်ရုံအတွင်း ဆူညံသံ တိုင်းတာနေစဉ်

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026