NEWS

ဘိုဂတ်အထည်ချုပ်စက်ရုံမှလုပ်သားတွေကိုအိုတီမပေးပဲအလကားခိုင်းနေ

CoverLogo
3.2K Views

ဘိုဂတ်အထည်ချုပ်စက်ရုံ(bogart garment factory)မှလုပ်သရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမီးခွက်ဆေးအောက်ထိပ်မှာလုပ်ကိုင်နေတဲ့ဘိုဂတ်အမျိုးသမီးအမျိုးသားဝတ်အထည် ချုပ်စက်ရုံမှစက်ရုံလုပ်သားတွေကိုအချိန်ပိုကြေးမပေးဘဲ အဓမ္မလုပ်အားစေခိုင်းတာတွေရှိနေတယ်လို့အမည်မဖော်လိုတဲ့စက်ရုံလုပ်သားတွေက MLN ကိုသတင်းပို့ပါတယ်။

အဆို စက်ရုံက Skims အမှတ်တံဆိပ်အတွင်းခံတွေကိုထုတ်လုပ်ဖြန့်ချီနေတဲ့စက်ရုံဖြစ်တယ်လို့လဲသိရပါတယ်။

"လစ်မစ်မပြည့်ရင်လဲမပေးဘူး။တနဂ်နွေနေ့တွေလဲဆင်းခိုင်းပြီး အိုတီကြေးမပေးဘဲ အလကားခိုင်းနေတယ်"လို့စက်ရုံအလုပ်သမားတဦးပြောပါတယ်။

လက်ရှိအချိန်မှာစက်ရုံအတွင်းအလုပ်သမားများရဲ့လုပ်ခလစာကိုတရက် ၃၆၀၀ နှုန်းသာပေးတော့မယ်လို့သတင်းတွေဖြန့်ပြီးအလုပ်သမားတွေကိုခိုင်းသမျှလုပ်အောင်ခြိမ်းခြောက်နေတယ်လို့လဲသိရပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရဖက်ကတော့ဒီကာလမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့လုပ်သားတွေရဲ့ရပိုင်ခွင့်တွေကိုကြားကာလမှာပြန်လည်ရရှိဖို့အတွက်ပြင်ဆင်နေပြီးအလုပ်သမားအခွင်အရေးချိုးဖောက်သူတွေကိုပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ကြေညာထားပါတယ်။


Related posts

Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025
Cover
နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 15, 2025
Cover
Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ
Aug 14, 2025
Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025
Cover
လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ
Aug 13, 2025