NEWS

ဗဟန်းမြို့နယ်ရှိ Ooredoo Myanmar Limited တွင် လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦး မတရား အလုပ်မှ ထုတ်ပယ်ခံသဖြင့်တိုင်ကြား

CoverLogo
554 Views
 
ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းက Ooredoo Myanmar Limited မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း တစ်ဦး မတရား အလုပ် ထုတ်ပယ်ခံရတဲ့ အတွက် အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)မှ သိရပါတယ်။
 
၎င်းဝန်ထမ်းမှာ FTTH Senior Manager ရာထူးဖြင့် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကြိုတင်အကြောင်းကြားခြင်းမရှိဥပဒေပါ ရပိုင်ခွင့်များ မပေးဘဲ မတရားအလုပ်မှထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
အခုကဲ့သို့အလုပ်ထုတ်ခံရတာနဲ့ ပက်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားခဲ့ရာ အလုပ်သမား ညွန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပေါင်းစပ်အဖွဲ့ဖြင့် ရုံးချိန်း ၂ ကြိမ် ၊ ဗဟန်းမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဖြင့်ရုံးချိန်း ၃ ကြိမ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဖြင့် ရုံးချိန်း ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်ညှိနှိုင်းခဲ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ညှိနှိုင်း ပေးခဲ့ပေမယ့် အလုပ်ရှင်အလုပ်သမား ပြေလည်မှု မရရှိသေးတာကြောင့်ဥပဒေနဲ့ အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)မှ သိရပါတယ်။
 
 

Related posts

Cover
အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးနဲ့ ၈ ဦးကို စက်တင်ဘာ ၁ ရက်နေ့ ရုံးချိန်းထပ်မံချိန်းဆို
Aug 28, 2025
Cover
Lita Myanmar အထည်ချုပ်စက်ရုံ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Aug 28, 2025
Cover
ခွင့်ပြုမိန့်ထက် ကျော်လွန်ကာ အချိန်ပိုခေါ်ယူသည့် စက်ရုံ၊ အလုပ်ရုံ တွေ ကို စစ်ဆေးအရေးယူမည်ဟုဆို
Aug 28, 2025
Cover
Lesmart (Myanmar) Apparel စက်ရုံမှ အလုပ်သမားများ၏ အိတ်ဖွင့်ပေးစာ
Aug 27, 2025
Cover
အာမခံလုပ်သား သားသမီး ပညာသင်စရိတ်ထောက်ပံ့ငွေ စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ရမည်ဟုဆို
Aug 26, 2025
Cover
လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ
Aug 25, 2025
Cover
Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ
Aug 24, 2025
Cover
LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်
Aug 23, 2025