NEWS

ဖေဖော်ဝါရီ လုပ်ခလစာ မရှင်းပေးလို့ Narsha အထည်ချုပ်စက်ရုံ ရှေ့ အလုပ်သမားတွေဆန္ဒပြစောင့်ဆိုင်းနေ

CoverLogo
1.3K Views

အိုတီကြေး ဂရိတ်ကြေးတွေအပါအဝင်တစ်လလုံးစာခိုင်းထားသမျှလုပ်ခလစာတွေကို ယခုအချိန်အထိမရှင်းပေးတဲ့အတွက် ရန်ကုန်တိုင်း​  ရွှေပေါက်ကံစက်မှုဇုန် ၊ ကနောင်မင်းသားကြီး ၁၂လမ်းမှာလုပ်ကိုင်နေတဲ့အထည်ချုပ်စက်ရုံကအလုပ်သမားအယောက် ၄၀ လောက်ကစက်ရုံရှေ့မှာပဲဆန္ဒပြစောင့်ဆိုင်းနေပါတယ်။

အဆိုပါအထည်ချုပ်စက်ရုံဟာကိုရီးယားလူမျိုးတစ်ဦးပိုင်ဆိုင်တာဖြစ်ပြီးအလုပ်သမားရာနဲ့ချီပြီးရှိတာပါ။

အခုလုပ်ခလစာအတွက်စောင့်ဆိုင်းဆန္ဒပြနေတဲ့အလုပ်သမားတွေဟာစက်ရုံရဲ့အစိုးရရုံးပိတ်ရက်ပါမကျန်အဆမတန်ခိုင်းစေမှု့၊ ခွင့်ယူလို့သုံးရက်ကျော်ရင်အလုပ်ထုတ်တယ်ဆိုတဲ့စက်ရုံဖက်ကအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေကြောင့်ဖေဖော်ဝါရီလကုန်မှာအလုပ်ထွက်ခဲ့သူတွေဖြစ်ပါတယ်။

"ခုကအဆောင်ခတွေလဲမပေးရသေးဘူး ကျမတို့တလလုံးမတရားခံရပြီးလုပ်ထားတဲ့လစာတွေခု၃လပိုင်း၂၅ရက်နေ့ပေးမယ်ဆိုလို့လာစောင့်တာခုထိတုတ်တုတ်မလှုပ်ဖူး မပေးသေးဘူး"လို့အလုပ်သမားတဦးက MLN ကိုပြောပါတယ်။

စက်ရုံဖက်ကပေးခြေရမယ့် ဖေဖော်ဝါရီလအတွက်လုပ်ခလစာကိုမတ်လ၂၅ရက်နေ့မှာအလုပ်သမားတွေကိုပေးချေမယ်လို့ဂတိပြုခဲ့ပေမယ့်အလုပ်သမားတွေလာရောက်ပြီးလုပ်ခလစာထုတ်တဲ့အခါ resign  မတင်ပဲထွက်တယ်ဆိုတဲ့ကြောင်းပြချက်နဲ့ငြင်းပယ်နေတယ်လို့သိရပါတယ်။

"အဆောင်လခက၅ရက်ဆိုပေးရတာအခုအချိန်အထိစောင့်ပေးတာကိုခုထိမပေးဘူးကျမတို့လစာကအပြည့်ပေးကိုပေးရမှာခုထပ်စောင့်ခိုင်းနေတယ်ကျမတို့ကဘယ်လိုလုပ်ရမလဲ"လို့နစ်နာသူအလုပ်သမားတဦးကထပ်ပြောပါတယ်။

အဆိုပါစက်ရုံဟာအကြီးစားစက်ရုံမဟုတ်ပဲအိမ်တွင်းအထည်ချုပ်ပုံစံဖြစ်ပြီးအလုပ်သမားဦးရေ၂၀၀ ဝန်းကျင်မှီခိုလုပ်ကိုင်နေတဲ့အပြင် Mesco တံဆိပ်အကျီဘောင်းဘီတွေကိုချုပ်လုပ်နေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

လက်ရှိလုပ်ခလစာရရှိရေးအတွက်ဆန္ဒပြစောင့်ဆိုင်းနေတဲ့အလုပ်သမားတွေအနေနဲ့စက်ရုံဖက်ကပေးရမယ့်၂လပိုင်းလုပ်ခလစာ၊ အိုတီကြေး၊Gradeကြေးတွေကိုအပြည့်အဝရရှိဖို့လိုလားနေကြပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026