NEWS

ဖူပိုင်ဟုန် (Fuu Baii Houng) အထည်ချုပ်စက်ရုံမှာ ၁၂ အရွယ်ကလေးများအား စံချိန်တောင်း ဆဲဆို ခိုင်းစေ

CoverLogo
523 Views

Fuu Baii Houng  Industrial Co.,Ltd  အထည်စက်ရုံက အသက် ၁၂နှစ် အရွယ် ကလေးတွေကို စက်ချုပ် ခိုင်းနေပါတယ်ရှင့် ။ စက်ရုံက အရှေ့ဒဂုံ(အရှေ့ဒဂုံစက်မှုဇုန်) အမှတ် ၄၊  ကနောင်မင်းသားကြီးလမ်း ၊ (၁၁၈)ရပ်ကွက်မှာပါရှင့်။ Sinsay တံဆိပ်တွေလည်း ချုပ်ပါတယ် ၊ ကလေးဝတ်နဲ့ လေဖောင်း ဂျာကင်တွေလည်း ချုပ် ပါတယ်။ 

အသက်မပြည့်တဲ့ကလေးတွေကို တခြားလူကြီးလုပ်သားတွေနဲ့ တန်းတူ နေ့တိုင်း တစ်နာရီ အထည်အရည် အတွက် စံချိန် တောင်းပါတယ်။ 

စက်လိုင်းမှာ ကလေးကအရွယ် ကလေးတွေက နှစ်ယောက်၊ အကူအလုပ်သမား ၃ ယောက် ရှိပါတယ်။   အဲ့ကလေး နှစ်ယောက်ကို မြင်တာနဲ့ ကလေးတွေဆိုတာ သိသာပါတယ်။ ကလေးတွေက စားဝတ်နေရေးကျပ်တည်းလို့ ဝင်လုပ်ကြရတာပါ။ 
ဒါပေမဲ့ အဲ့ကလေးတွေကို  အထည်အရည်အတွက် စံချိန်တွေတောင်းနေတာ ပါ။

စံချိန်များရင် သေအောင်  ချုပ်ရပါတယ်၊ အပေါ့ သွားချိန်တောင် မရဘူး။

စက်ရုံသူဌေးကလည်း စံချိန်အထည်မရရင် လိုင်းထိပ်ကနေ ဘုကြည့် ကြည့်ပြီး ပြောဆိုနေတာပါ။ စံချိန် မရလို့ တချို့စူပါတွေက ဆဲဆို ခိုင်းခံနေတာပါ။ “နင်တို့ စောက်လုံးတွေ မကြည့်ကြဘူးလား” ဆိုပြီး ပြောတာပါရှင့်။ 

စက်ရုံမှာပန်ကာတပ်မထားလို့ ပူလောင်တဲ့ ဒဏ်ခံရနေရပါတယ်။ ပန်ကာ မတပ်တာက စက်ရုံ ဖွင့်ကတည်းဆို ၇ နှစ် ရှိပါပြီ။ တချို့ ပူလွန်းလို့ မေ့လဲတာတွေ ရှိပါတယ်။ စက်ရုံမှာ ဆေးခန်းလည်းမရှိပါဘူး ။ သူနာပြုဆရာမလည်း မထားပါဘူး ။   

စက်ရုံမှာ စက်လိုင်း ၆ လိုင်းရှိပါတယ်။ စက်ချုပ်လုပ်သားနဲ့တခြား အလုပ်သမားတွေနဲ့ဆို အားလုံး ၄၀၀ လောက်ရှိ ပါတယ်။ WCC အဖွဲ့လည်း ဖွဲ့မထားပါဘူး။ သမဂ္ဂလည်းမရှိပါဘူး။ 
စက်ရုံကို တရုတ်နိုင်ငံသားပိုင်ပါတယ် ။    

စစ်ဆေးပေးကြပါရှင့်။  မြန်မာနိုင်ငံသားတွေဘက်က ရပ်တည်ပေးကြပါ။ စစ်ဆေးရေးအဖွဲ့လာရင်လည်း  HRက လာဘ် ထိုးပါတယ်။ သေချာ စစ်ဆေးပေးစေချင်တာပါရှင့် ။ 


Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026