NEWS

ဖမ်းဆီးခံထားရတဲ့အလုပ်သမားအရေးလုပ်ဆောင်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေလိုဟုဆို

CoverLogo
406 Views
 
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အခြေစိုက် သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( မြန်မာ) STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူအပါ ရုံးအဖွဲ့ဝင် ၁၀ ဦးခန့်ဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်တောက်နေသလို အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးစေလိုတယ်လို့ အလုပ်သမားအခွင့်အရေးလုပ်ဆောင်သူအချို့က ပြောပါတယ်။
 
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အရပ်ဝတ် ၁၀ ဦးခန့်က ဇူလိုင် ၂၅ ရက် ည ၉ နာရီ ခွဲအချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ကျန် ရုံးအဖွဲ့သား ၇ ဦးကို ဇူလိုင် ၂၈ ရက်ည မှာ ထပ်မံဖမ်းဆီးသွားတာဖြစ်ပါတယ်။
 
နောက်ထပ်ဖမ်းဆီးခံရသူ ၂ ဦးရှိတယ်လို့ သိရပြီး ယင်းတို့အားလုံးကို မည်သည့်နေရာမှာဖမ်းဆီးထားတယ်ဆိုတာ မသိရှိရသလို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးတယ်ဆိုတာလည်း မသိရသေးပါဘူး။
 
"ဖမ်းသွားတာ ၁၀ ယောက်ရှိပြီလို့ သိရတယ်၊ ဒါပေမယ့် တချို့ပျောက််နေတာတွေရှိတယ်၊ သူ့ဘာသာသူ ရှောင်နေရတာတွေလည်းရှိတယ်။ အခုက ဘာအမှုနဲ့ ဖမ်းတာလဲဆိုတာ မသိရဘူး၊ နောက်တခုက ဘာကြောင့်ဖမ်းတာလည်း ဆိုတာမျိုးတွေလည်း ထုတ်ပြန်တာမရှိဘူး မိသားစုနဲ့လည်း အဆက်အဆက်အသွယ်ပြတ်နေပြီး ရုံးကို ချိတ်ပိတ်သွားတာ သော့ခတ်သွားတယ်ဆိုတာလောက်ပဲသိရတယ်။ အခုက အဆက်အသွယ်ရဖို့ တော်တော်လေးခက်ခဲတဲ့အနေအထားဖြစ်နေတယ်။လက်ရှိမှာတော့ အလုပ်သမားအရေးလှုပ်ရှားသူတွေကို ဖမ်းတာက အ လုပ်သမားအရေးလုပ်လို့ ဖမ်းတာလား ဒီရက်ပိုင်းမှာလည်း ဆန္ဒပြတာတွေတောက်လျှောက်ဖြစ်နေတာဆိုတော့ ဒါတွေကြောင့်ဖမ်းတာလား မသိရဘူး ဖမ်းဆီးခံရသူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်လုံခြုံရေးကို စိုးရိမ်နေတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုချင်ပါတယ်"လို့ အလုပ်သမားအရေးလုပ်ဆောင်သူတစ်ဦးက‌ ပြောပါတယ်။
 
ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီ ၁၅ ရက်မှာ ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅( က) နဲ့ ၆ လကြာဖမ်းဆီးထောင်ချဖူးပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ၂၀၂၁ ဇွန်လမှာ ဖမ်းဆီးပြီး အကျဉ်းချခံထားရတာ ၄ နှစ်ကြာမြင့်နေပြီဖြစ်ပြီး အခုချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပါဘူး။
 
ယင်းကိုလည်း မိသားစု၊ ရှေ့နေနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ခံထားရပြီး အဆက်အသွယ်ပြတ်တောက်နေသလို ထောင်တွင်းတိုက်ပိတ်တာနဲ့ နှိပ်စက်မှုတွေကြောင့် စိုးရိမ်နေရတယ်လို့ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026