NEWS

ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ

CoverLogo
297 Views
 
ထိုင်းနိုင်ငံ ကန်ချနပူရီ lao khwan ခရိုင် ကျေးရွာအုပ်စု အမှတ် ၃ အနီး ကြံစိုက်ခင်းထဲ မှာ ပွဲစားက ပစ်ထားခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦးကို စက်တင်ဘာ ၁၁ ရက် မနက် ၁၀ နာရီပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့ တွေ့ရှိကာ ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းတွေအရသိရပါတယ်။
 
ဖမ်းခံရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၅၆ ဦးတွင် အမျိုးသား အမျိုးသမီးတွေ သာမက ကလေးငယ်တွေလည်း ပါဝင်ကာ တချို့မှာ ထိုင်းမှာ အရင်က အလုပ် လုပ်ခဲ့ဘူးပြီး ထိုင်းစကားလည်း ပြောတတ်တယ်လို့ သိရပါတယ်။
 
ထိုင်းစကားတတ်သူမြန်မာလုပ်သားများရဲ့ ပြောပြချက်အရ မြန်မာလုပ်သား အားလုံးဟာ ရန်ကုန်ကနေလာရောက်ကျ
တာဖြစ်ပြီး ချင်းရိုင်၊ မယ်ဆိုင်ခရိုင်ကတစ်ဆင့်နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ဝင်ရောက် ခဲ့ကြောင်း ထို့နောက် မယ်ဆိုင်က နေကားတစ်စီးဖြင့်ခေါ်ဆောင်လာပြီး ယခု တွေ့ရှိတဲ့ ကြံစိုက်ခင်း သို့ ယနေ့မနက် ၄ နာရီ မှာရောက်ရှိကာ ထပ်မံ လာကြိုမယ့်သူကိုစောင့်ခိုင်းထားကြောင်း သို့ပေမယ့် မနက် ၁၀ နာရီ အထိ တစ်စုံတစ်ယောက်မှ မလာရောက်ဘဲ အခုလို အဖမ်းခံရတာဖြစ်ကြောင်း မြန်မာလုပ်သားတွေကပြောတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာလုပ်သားတွေဟာ ဘန်ကောက်နဲ့ ချောင်ချွန်ခရိုင်မှာ အလုပ်လုပ်ဖို့ လာရောက်ကျတာ ဖြစ်ပြီး ပွဲစား ကို ခရီးအကွာအဝေးအလိုက် တစ်ဦးကို ဘတ် ၁၀၀၀၀ ကနေဘတ် ၃၀၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။
 
ဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကို လောင်ခွမ်ရဲစခန်းမှာ တရားဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
 
Lao khwan ခရိုင် အတွင်း အခုလို မှောင်ခိုဝင်ရောက်တဲ့ ရွှေ့ပြောင်းလုပ်သား အုပ်စု တခါမှ မရှိခဲ့တဲ့အတွက် ယခုဖြစ်စဉ်ဟာမြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ပွဲစားကလှည့်စားခဲ့တယ်လို့ယူဆကြောင်းနဲ့ လုပ်သားများကို ဆက်လက်မေးမြန်းမှု တွေပြုလုပ်ရန်ရှိသေးကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။
Ref-Naewna News

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026