NEWS

ပြည်ပရွှေ့ပြောင်း လုပ်သားများ ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ဟုဆို

CoverLogo
176 Views
 
ပြည်ပ သွားရောက် အလုပ်လုပ်မယ့် လုပ်သားတွေ ပေးဆောင်ရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကို လိုင်စင်ရအေဂျင်စီဘက်မှ ပိုမိုကောက်ခံပါက တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration က အသိပေးထုတ်ပြန်ထားပါတယ်။
 
လုပ်သားတွေပေးဆောင်ရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းမှာ အေဂျင်စီ ထံ ပေးသွင်းရတဲ့ ဝန်ဆောင်ခရဲ့ ၅ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပ ကို လုပ်သားစေလွှတ် ခွင့်ပြုထားတဲ့ နိုင်ငံအလိုက် လိုင်စင်ရအေဂျင်စီ တွေ ကောက်ယူနိုင်မယ့် ဝန်ဆောင်ခနှုန်းထားတွေကိုပါ Safe Migration မှာကြေညာထားပြီး သတ်မှတ်တဲ့ အတိုင်း ပေးဆောင်ကြဖို့ နဲ့ ကုန်သည်လုပ်ငန်းခွန်အတွက် မှန်မှန် ကန်ကန် ကောက်ခံယူဖို့ ကို အေဂျင်စီတွေကိုသတိပေးထားကာ ပိုမိုကောက်ခံတဲ့အေဂျင်စီတွေကို အလုပ်သမား တွေ အနေနဲ့ တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
 
""ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းက ပြည်ပထွက်မယ့် လုပ်သား က ပေးဆောင်ရတာ ဥပမာ မလေးရှားဆို ပုံမှန်ဆိုရင် ၄၂.၅ ဒေါ်လာပေးဆောင်ရတယ်။ Zerocost ဆိုရင် ၂၅ ဒေါ်လာပေးရတယ်၊ ထိုင်း MOU နဲ့သွားမယ့်လုပ်သားဆိုရင် ဘတ် ၅၀၀ ပေးရတယ် နိုင်ငံအလိုက် သတ်မှတ်ဝန်ဆောင်ခရဲ့ ၅ရာခိုင်နှုန်း အဲ့ဒါကိုအေဂျင်စီက ကောက်ယူပြီးတော့ မှ အလုပ်သမားဝန်ကြီးဌာနကို တစ်ဆင့်ပြန်ပေးဆောင်ရတာ အေဂျင်စီကတော့ဝင်ငွေခွန်ပေးဆောင်ရတယ်""လို့ လိုင်စင်ရအေဂျင်စီတစ်ခုမှ တာဝန်ရှိသူကပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက ကြေညာထားတဲ့ နိုင်ငံအလိုက်ဝန်ဆောင်ခ စရိတ်ကောက်ခံမှုနူန်းထားတွေ ဟာ ပြင်ပ မှာ အေဂျင်စီ တွေ ကောက်ယူတဲ့ ဝန်ဆောင်ခ နှုန်းထားတွေ နဲ့ ကွာဟမှု တွေရှိနေတယ်လို့ သိရပါတယ်။
 
""တကယ်က ကုန်သွယ်ခွန်ပိုကောက်ရင် တိုင်ကြားနိုင်သလို နိုင်ငံ အလိုက်သတ်မှတ်ဝန်ဆောင်ခ ထက် ပိုကောက်တဲ့ အေဂျင်စီ ကိုပါ တိုင်ကြား နိုင်ရမှာ သူတို့က မလေးဆို US ဒေါ်လာ ၈၅၀ နဲ့ မြန်မာငွေ ၂၅၅၀၀ ကျပ် ဆိုထားတယ် မလေးရှားမပိတ်ခင်အထိ ကို သွားမယ့် အလုပ်သမားတွေ အေဂျင်စီကို ပေးရတဲ့ ဝန်ဆောင်ခ က ဒေါ်လာ ၁၇၀၀ ၊၂၀၀၀ အထိ ပေးရတယ်။ထိုင်းဆိုရင်လည်း ဘတ် ၁၅၃၉၀ သတ်မှတ်ထားတာ တကယ်အလုပ်သမားတွေပေးသွင်းရတာက ဘတ် ၃၀၀၀၀ ကျော်တယ် ဒီဈေးတွေ ဖြစ်နေတာကိုလည်း ဌာနက သူတွေ သိပေမယ့် ဘာအရေးယူတာမှ မရှိဘူး""လို့ ပြည်သူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ပိတ်ပင်ပြီး လုပ်ငန်းစဉ်မူဝါဒ ပြောင်းလဲ လိုက်တာကြောင့် သွားရောက် ဖို့ လုပ်ဆောင်ထားတဲ့ လုပ်သားတွေ မှာ ဆုံးရှုံးနစ်နာမှုတွေ နဲ့ ကြုံတွေ့နေရပါတယ်။

Related posts

Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025