NEWS

ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၆၂၈၀၀၀ အထိ စံချိန်တင်ကျဆင်းလာ

CoverLogo
8.3K Views

စက်တင်ဘာ ၂၀ ရက်ယနေ့မွန်းလွဲပိုင်းမှာ ပြင်ပဈေးကွက်တွင်  ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၆၂၈၀၀၀ အထိ စံချိန်တင်ပြန်လည်ကျဆင်းလာတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၁၇ ရက်တွင် အခေါက်ရွှေစျေး  နှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၉၃၀၀၀၀ ဝန်းကျင်ဖြင့် ဖွင့်ပိတ်လုပ်ခဲ့ပြီး အမြင့်ဆုံး ကျပ် ၂၉၄၀၀၀၀ ဝန်းကျင်  ရှိခဲ့ကာ  စက်တင်ဘာ၁၈ ရက်မှာတော့ ၂၉၃၀၀၀၀ ရှိခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မှာ ၂၈၇၀၀၀ အထိကျဆင်းလာကာ ယနေ့စက်တင် ဘာ၂၀ရက်မှာတော့ ၂၆၂၈၀၀၀ ကိုထပ်မံကျဆင်းလာခဲ့တာဟာ  တစ်ရက်အတွင်း ၂၄၀၀၀၀ ကျော်အထိ  စံချိန်တင်ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်စံချိန်တင်စျေးနှုန်းအတက်ကြမ်းခဲ့တာတွေရှိခဲ့တဲ့ရက်တွေကဟာလည်း  သြဂုတ်၁၂ ရက်က အခေါက်ရွှေစျေး  နှုန်းမှာ တစ်ကျပ် သားလျှင် ကျပ် ၂၆သိန်းကျပ် သို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းမှာပဲ နံနက် ပိုင်းမှာ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်း  ကျော် အထိစံချိန်တင် မြင့်တက်ခဲ့ကာ  သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိစံချိန်တင် မြင့်တက် ခဲ့တာကို တွေ့ရပါတယ်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေ လဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ဖို့ စကစက  ညွှန်ကြားထားပေမဲ့ ရွှေဆိုင် အများစုမှာ ပြင်ပပေါက်စျေးနဲ့သာအရောင်း  အဝယ်ပြုလုပ်နေကြတယ်လို့လည်း စုံစမ်း သိရပြီး ယနေ့စက်တင်ဘာ၂၀ရက်ဒေါ်လာပြင်ပ ပေါက်ဈေးဟာ ၃၂၀၀ ကျပ်ဝန်းကျင်ဖြစ်ကာ ဘတ်စျေးကတော့ အနိမ့်ဆုံး ၈၅ ကျပ်အထိ ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။

MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026