NEWS

ပြည်တွင်းမှာ လုပ်သားအင်အားရှားပါးမှုနှုန်း မြင့်တက်လာ

CoverLogo
314 Views

စစ်မှုထမ်းဥပဒေကြောင့်  အမျိုးသားတွေရော အမျိုုးသမီးနေတွပါ  ပြည်ပကို ထွက်ခွာအလုပ်လုပ်ရန်  လုပ်ဆောင်သူများလာတယ်လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေသူတွေနဲ့အေဂျင်စီ အသိုင်းဝိုင်း မှ သိရပါတယ်။

ပြည်ပ ကို အလုပ်လုပ်ရန် တရားဝင်သွားရောက်တာတွေလည်းရှိသလို တရားမဝင် သွားရောက် တာတွေလည်းရှိပါတယ်။ဒါ့အပြင် ငွေကြေး တတ်နိုင်သူတွေက ကျောင်းတက်ရန် သွားရောက်တာများလာတယ်လ်ု့လည်း ဆိုပါတယ်။

"အရင်ကဆို နယ်က မိဘ အတော်များများက သမီးမိန်းကလေးတွေကို ပြည်ပလွှတ်တာနည်းတယ် သားယောက်ျားလေးတွေကို အများဆုံးလွှတ်တာ ဆွေမျိုးသားချင်း မောင်နှမတွေ ပါလို့ စိတ်ချရမှသာ လွှတ်ကျတာများတယ် အခုကတော့ အသက်၁၈ကနေ ၂၇လောက် အထိ ဆိုရင် ပြည်ပကို ထွက်တာများလာတယ်"လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေသူတစ်ဦးကပြောပါတယ်။

စစ်အစိုးရက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ မှာ အသက် ၁၈ နှစ်မှ ၃၅အထိ အမျိုးသားတွေသာမက အသက်၁၈နှစ်မှ ၂၇နှစ် အထိ အမျိုးသမီးတွေ ကိုလည်း စစ်မှုထမ်းဖို့ သတ်မှတ်ထားကာစစ်မှုထမ်းဖို့အတွက်သင်တန်း အပတ်စဉ် ၅ မှာ အမျိုးသမီးစစ်မှု ထမ်းတွေကို စတင်ခေါ်ယူမယ်လို့လဲ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိမှာ လည်း ရန်ကုန် အပါအဝင် အချို့ မြို့နယ်တွေ မှာ စစ်မှုထမ်းရန် အသက်ကန့်သက်ချက်ထဲ ပြည့်မီတဲ့ အမျိုးသမီး တွေကို စာရင်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

"လမ်းထဲ မှာ က စာရင်းကောက်ပြီးလို့ပါတဲ့ သူတွေ နာမည် တွေကို  လူကြီး က လာပြောသွားတယ် ပြီးခဲ့တဲ့ လ ကတည်းက အိမ်တွေကို ရာအိမ်မှူးကလာပြောတာ စာရင်းပါတဲ့ သူတွေရဲ့ မိသားစုတွေဆို စိတ်ဆင်းရဲနေကြတာ အချို့လဲ ပြည်ပထွက်ကုန်ကျပြီ မနေရဲတော့ဘူး""လို့ လှိုင်သာယာမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနက လည်း အမျိုးသားများ ကို အသက်၂၃နှစ် မှ၃၁နှစ် အထိ ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ထားရာ မကြာမီ တွင် အမျိုးသမီးများ ကို လည်း ပြည်ပထွက်ခွင့် အသက်ကန့်သက်ပိတ်ပင်လာမှာကိုလည်း စိုးရိမ်မှုရှိနေတယ်လို့ သိရပါတယ်။

"အမျိုးသားတွေက အသက်ကန့်သက်ချက်တွေနဲ့ဆိုတော့ပြည်ပထွက်ဖို့ ခက်ခဲလာတယ်  အမျိုးသမီး တွေ ကတော့ ထွက်လို့ရသေးတယ် ဒါကြောင့် ထွက်လို့ရသေးတဲ့ အချိန် ထွက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်ပထွက်ကျတာပိုများလာတာ တချို့လူငယ်လင်မယားအတွဲတွေဆို အမျိုးသားက အသက်ကန့်သက်ချက်နဲ့ ငြိနေတယ် အဲ့တော့ အမျိုးသမီးက တရားဝင် အလုပ်နဲ့သွားတယ် အမျိုးသားက တရားမဝင်ထွက်တယ်အဲ့လိုတွေများလာတယ်"လို့အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယခုကဲ့သို့  အမျိုးသမီးများ ပြည်ပထွက် အလုပ်လုပ်တာ များလာတဲ့ အတွက် ပြည်တွင်း ရှိ အထည်ချုပ် လုပ်ငန်း အပါအဝင် အမျိုးသမီး လုပ်သား အသုံးပြုရတဲ့ လုပ်ငန်းတွေ မှာ လုပ်သား ရှားပါးမှု နဲ့ ကျွမ်းကျင် လုပ်သား နည်းလာမှုတွေ နဲ့ ကြုံနေရတယ်လို့ ပြည်တွင်း လုပ်ငန်းရှင်တွေထံက သိရပါတယ်။


Related posts

Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025
Cover
Tianjin Fashion Mile Stone လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှုတွေ ကြုံနေရ
Sep 01, 2025
Cover
Myanmar Huasheng Kefu Fashion အထည်ချုပ်လုပ်သားများ အကျဉ်းသားသဖွယ် ဆက်ဆံရ ဟုဆို
Aug 31, 2025
Cover
Victor House အထည်ချုပ် စက်ရုံ ခွင့် ခံစားခွင့်မပေးဘဲ လစာဖြတ်တောက်
Aug 31, 2025
Cover
အဖွဲ့ချုပ်အမည်ကိုခွင့်ပြုချက်မရှိဘဲ သုံးစွဲမှုသည် CTUM ကို ကိုယ်စားမပြုကြောင်းထုတ်ပြန်
Aug 30, 2025
Cover
XIN YUAN FU ZHUANG အထည်ချုပ်စက်ရုံ ခွင့်ခံစားခွင့်များ မပေးဘဲ ဖြတ်တောက်
Aug 30, 2025
Cover
PK Myanmar စက်ရုံတွင် တောင်းဆိုမှု ဖြစ်ပွားနေ
Aug 30, 2025