NEWS

ပြည်တွင်းမှာ ကလေးလုပ်သားများပြားလာကြောင်း ILO ထုတ်ပြန်

CoverLogo
617 Views

ပြည်တွင်းမှာကလေးလုပ်သားတွေပိုမိုများပြားလာပြီး ကလေးငယ်တွေကို အကာအကွယ်ပေးဖို့လိုအပ်နေတယ်လို့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကဇွန်လ(၁၂)ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ILO ကပြည်နယ်တစ်ချိူ့မှာလေ့လာခဲ့တဲ့တွေ့ရှိချက်တွေအရကလေးလုပ်သားတွေဟာအကြောင်းအရာမျိုးစုံကြောင့်တိုးပွားနေပြီးစစ်မှုထမ်းထမ်းတာကိုရှောင်တဲ့အနေနဲ့မိဘတွေကိုယ်တိုင်ကကလေးလုပ်သားအဖြစ်လုပ်ကိုင်ဖို့လိုလားနေတယ်လို့လည်းဖော်ပြထားပါတယ်။

"အိမ်ကသားက၁၄နှစ်လောက်ကိုလူကောင်ကထွားတယ်။အိမ်မှာထားရတာလည်းရင်တမမဖြစ်နေတော့သူ့အဒေါ်ဆိုင်ပို့ထားတယ်။ပိုက်ဆံကြောင့်မဟုတ်ဘူး။အရွယ်ကောင်းလေးမလို့ကိုယ့်နေရာမှာအသွားအလာမလုံခြုံလို့လောလောဆယ်အဆင်ပြေသေးတဲ့နေရာပို့ရတာ"ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာလူငယ်အများစုဟာပြည်ပထွက်ခွာနှုန်းမြင့်တက်လာပြီးပြည်တွင်းမှာလုပ်သားရှားပါးမှုဖြစ်ပေါ်နေပါတယ်။ဒီအခြေအနေမှာလုပ်ငန်းရှင်တွေကလည်းကလေးလုပ်သားတွေပိုသုံးလာရတယ်လို့ပြောပါတယ်။

"အခုကကလေးအလုပ်သမားပဲရတာများတယ်။အရွယ်ကောင်းတွေမရှိသလောက်ပဲ။အမှန်ကကလေးလုပ်သားဆိုတာနေရာတိုင်းအဆင်မပြေဘူး။သူတို့လုပ်နိုင်တဲ့နှုန်းကအကန့်အသတ်ရှိတယ်။အတင်းလည်းမခိုင်းချင်ဘူး။ပိုက်ဆံကုန်ပြီးလုပ်အားအပြည့်အ၀မရသလိုခံစားရတယ်"လို့ မူကထဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ကလည်းပြည်တွင်းမှာကလေးလုပ်သားတွေတိုးလာတယ်လို့ဆိုပေမယ့်အရေအတွက်ကိုဖော်ပြထားတာမရှိပါဘူး။

ကမ္ဘာတစ်၀ှမ်းမှာတော့ကလေးလုပ်သားအရေအတွက်ဟာခန့်မှန်းခြေအားဖြင့်(သန်း၁၆၀)လောက်ရှိနေပြီး(၇၉သန်း)ကတော့ဘေးအန္တရာယ်ရှိတဲ့လုပ်ငန်းခွင်ထဲမှာ၀င်ရောက်လုပ်ကိုင်နေရတယ်လို့ဖော်ပြထားပါတယ်။

photo- ILO

 


Related posts

Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
LITA MYANMAR အထည်ချုပ် သင်္ကြန်ကာလ ပိတ်ရက်အတွက် ရက်စား ဆင်းခိုင်း
Mar 22, 2026
Cover
Jin Shi Yuan Garment အလုပ်သမားဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ခိုင်း
Mar 22, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026