NEWS

ပြည်တွင်းပြည်ပအလုပ်သမား ​ရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်း၊NUG အလုပ်သမားဝန်ကြီးဌာနနှင့်အလုပ်သမားတပ်ပေါင်းစု(LA)တို့တွေ့ဆုံဆွေးနွေး

CoverLogo
1.1K Views

ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ယမန်နေ့က တွေဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (LA) တို့တွေ့ဆုံသည့် အခမ်းအနားကို ယနေ့  ၂-၁၂-၂၀၂၁ ရက်နေ့တွင် Zoom Meeting ဖြင့် တွေဆုံခဲ့ရာ ဆွေးနွေးပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီးဦးကျော်နီနှင့် တာဝန်ရှိသူများ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) မှ အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပ အလုပ်သမားထုနှင့် CDM ဝန်ထမ်းများကို အကူအညီနှင့် အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး အမြစ်ဖြတ် ဖယ်ရှားနိုင်ရေးကိစ္စရပ်များ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြတယ်လို့လဲအလုပ်သမားရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နီကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာကနေတဆင့်ထုတ်ပြန်ပါတယ်။


Related posts

Cover
၂၀၂၆ခုနှစ် နှစ်စပိုင်းတွင် ထိုင်းမှ မြန်မာ လုပ်သား ၇၅ဦး ကို စစ်ကော်မရှင်ထံ လွှဲပေး
Jan 10, 2026
Cover
OC အထည်ချုပ် စက်ရုံ တောင်းဆိုမှု မပြေလည်ဘဲ မရေမရာ အခြေအနေ ဖြစ်လာနေ
Jan 10, 2026
Cover
Safety Clothing Myanmar အထည်ချုပ် EC စာချုပ် ချိုးဖောက်ပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်ခိုင်း
Jan 09, 2026
Cover
COSTEC စက်ရုံတွင် လုပ်လစာထိုးပေးရန် ၆ ရက်ကြာ တောင်းဆို၊ တနာရီ လုပ်ခ ၂၅ ကျပ်တိုးပေး
Jan 09, 2026
Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Arao အထည်ချုပ်စက်ရုံ ဌာနခေါင်းဆောင်များအား ရာထူးချ
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026