NEWS

ပြည်တွင်းစက်သုံးဆီစျေးနှုန်းအကျ​စျေးနဲ့ဆက်လက်တည်ငြိမ်နေ

CoverLogo
2.8K Views

ပြည်တွင်းစက်သုံးဆီစျေးနှုန်း စက်တင်ဘာ ၁၇ ရက်ကစပြီး ရုတ်တရက်ကျဆင်းလာကာ ယနေ့စက်တင်ဘာ ၂၀ရက်နေ့အထိ အနည်းငယ်ထပ်မံကျဆင်းမှုနဲ့ ဆက်လက်ရပ်နေတာကို  စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီရဲ့ ရည်ညွှန်းစျေးနှုန်းအရ သိရပါတယ်။

'' ၂၁၈၀ အထိကျပြီး ငြိမ်နေတာဒီနေ့အထိပေါ့ ဒီနေ့တော့၂၁၇၀ ဆိုတော့နဲနဲထပ်ကျတာပေါ့။ လူသုံးများတဲ့ 92 ကျလို့တော်သေးတယ်။ ဓတ်ဆီနဲ့ဒီဇယ်ကတော့ နဲနဲလေးတက်လာတယ် မသိသာပါဘူး။ 
ပြည်သူတွေအတွက်ကတော့ ထပ်ကျလေကြိုက်လေပဲ။ ထပ်တက်မှာကိုပဲပူနေရတာ။ တက်ဖို့အားယူနေတာမဖြစ်ပါစေနဲ့ဆုတောင်းရတာ'' လို့ အငှားတက်စီမောင်းသူတစ်ဦး ဆိုပါတယ်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီက ယနေ့ စက်တင်ဘာလ (၂၀) ရက် ယ​ေန့​ရန်ကုန်အထိုင်ဈေးကွက်အတွက် ရည်ညွှန်းသတ်မှတ်သည့် စက်သုံးဆီ ဈေးနှုန်းများမှာ (92) တစ်လီတာလျင် ၂၁၇၀ ကျပ်၊ (95) တစ်လီတာလျင် ၂၂၆၀ ကျပ်၊ (97) တစ်လီတာလျင် ၂၅၈၅ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၂၆၇၀ ကျပ်ဖြစ်ပြီး  အ​ခြားပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက် သတ်မှတ်ထားသည့်  စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင်လည်း နေရာဒေသအလိုက် ရည်ညွှန်း သတ်မှတ်ထားတာကို စျေးကွက်အရ သိရပါတယ်။

စကစအနေနဲ့ စက်သုံးဆီတင်သွင်းသူများကို ဒေါ်လာသန်း ၂၀၀ ကျော် ထုတ်ချေးပေးမည်ဟု ကြေညာခဲ့တဲ့ပြီးနောက် ဝင်ရောက်လာမှုကြန့်ကြာမှုတွေနဲ့အတူ  ဝေဖန်မှုများစွာဖြင့် အကျဘက်ကို ဦးတည်လာတာပဲဖြစ်ပါတယ်။

လူသုံများတဲ့ 92 အောက်တိန်းဟာဆိုရင် စက်တင်ဘာ၁၇ရက်ကစပြီး ၂၁၈၀ ဖြင့် ငြိမ်သက်လာတာ ယနေ့စက်တင်ဘာ၂၀ ရက်အထိ လေးရက်ဆက်တိုက်တည်ငြိမ်နေတာပဲဖြစ်ပါတယ်။

MyanmarLabourNews

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026