NEWS

ပြည်တွင်းစက်သုံးဆီစျေးနှုန်းအကျ​စျေးနဲ့ဆက်လက်တည်ငြိမ်နေ

CoverLogo
2.7K Views

ပြည်တွင်းစက်သုံးဆီစျေးနှုန်း စက်တင်ဘာ ၁၇ ရက်ကစပြီး ရုတ်တရက်ကျဆင်းလာကာ ယနေ့စက်တင်ဘာ ၂၀ရက်နေ့အထိ အနည်းငယ်ထပ်မံကျဆင်းမှုနဲ့ ဆက်လက်ရပ်နေတာကို  စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီရဲ့ ရည်ညွှန်းစျေးနှုန်းအရ သိရပါတယ်။

'' ၂၁၈၀ အထိကျပြီး ငြိမ်နေတာဒီနေ့အထိပေါ့ ဒီနေ့တော့၂၁၇၀ ဆိုတော့နဲနဲထပ်ကျတာပေါ့။ လူသုံးများတဲ့ 92 ကျလို့တော်သေးတယ်။ ဓတ်ဆီနဲ့ဒီဇယ်ကတော့ နဲနဲလေးတက်လာတယ် မသိသာပါဘူး။ 
ပြည်သူတွေအတွက်ကတော့ ထပ်ကျလေကြိုက်လေပဲ။ ထပ်တက်မှာကိုပဲပူနေရတာ။ တက်ဖို့အားယူနေတာမဖြစ်ပါစေနဲ့ဆုတောင်းရတာ'' လို့ အငှားတက်စီမောင်းသူတစ်ဦး ဆိုပါတယ်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီက ယနေ့ စက်တင်ဘာလ (၂၀) ရက် ယ​ေန့​ရန်ကုန်အထိုင်ဈေးကွက်အတွက် ရည်ညွှန်းသတ်မှတ်သည့် စက်သုံးဆီ ဈေးနှုန်းများမှာ (92) တစ်လီတာလျင် ၂၁၇၀ ကျပ်၊ (95) တစ်လီတာလျင် ၂၂၆၀ ကျပ်၊ (97) တစ်လီတာလျင် ၂၅၈၅ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၂၆၇၀ ကျပ်ဖြစ်ပြီး  အ​ခြားပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက် သတ်မှတ်ထားသည့်  စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင်လည်း နေရာဒေသအလိုက် ရည်ညွှန်း သတ်မှတ်ထားတာကို စျေးကွက်အရ သိရပါတယ်။

စကစအနေနဲ့ စက်သုံးဆီတင်သွင်းသူများကို ဒေါ်လာသန်း ၂၀၀ ကျော် ထုတ်ချေးပေးမည်ဟု ကြေညာခဲ့တဲ့ပြီးနောက် ဝင်ရောက်လာမှုကြန့်ကြာမှုတွေနဲ့အတူ  ဝေဖန်မှုများစွာဖြင့် အကျဘက်ကို ဦးတည်လာတာပဲဖြစ်ပါတယ်။

လူသုံများတဲ့ 92 အောက်တိန်းဟာဆိုရင် စက်တင်ဘာ၁၇ရက်ကစပြီး ၂၁၈၀ ဖြင့် ငြိမ်သက်လာတာ ယနေ့စက်တင်ဘာ၂၀ ရက်အထိ လေးရက်ဆက်တိုက်တည်ငြိမ်နေတာပဲဖြစ်ပါတယ်။

MyanmarLabourNews

 


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025