NEWS

ပဲခူး Sudey စက်ရုံ လုပ်ငန်းခွင် ထိခိုက်မှုများအား တာဝန်ယူမှုမရှိဘဲ လုပ်ခ ဖြတ်ယူ

CoverLogo
500 Views
ရင်ဖွင့်စရာလေးရှိလို့ပါ။
Sudey စက်ရုံ က HR မန်နေဂျာက အရမ်းဆိုးပါတယ်ရှင့်။ Sudey စက်ရုံက နေလ ငပိပွဲ့ရုံရှေ့ ၊ ကလိမီးပွိုင့်အနီး ၊ပဲခူးမြို့မှာပါ။
မနေ့ (ဇူလိုင် ၃၁ ရက်)က မနက် ၆နာရီကျော် မှာ စက်ရုံက မိန်းကလေး အလုပ်လာတုန်း ကားလမ်းကူးတာ ကားတိုက်ခံရပါတယ်။ စက်လိုင်းထဲက မိန်းကလေးပါ။ အသက် နှစ်ဆယ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ စက်ရုံ လုပ်သက်က တစ်နှစ်ပါ။ သူက ဝေါ သွားတဲ့ဘက်၊ မယင်းရွာကပါ ။ တိုက်တဲ့ကားက တွဲကားလို့ ပြောပါတယ်။ တိုက်တဲ့နေရာကလည်း Sudey စက်ရုံ နဲ့သိပ်မဝေးပါဘူး။
အဲ့မိန်းကလေးကို ပဲခူးဆေးရုံတင်ပြီး အခု ရန်ကုန်ဆေးရုံကြီးကို ပြောင်းတင်ထားရပါတယ်။ ခေါင်းသွေးခဲ ပြီး ယ် ပခုံးရိုးကျိုးသွားပါတယ်။
စက်လိုင်းက ဝန်ထမ်း တစ်ယေက် ကားတိုက်ပီး ဆေးရုံ တင်ထားတာတောင် စက်ရုံက HR တွေ တစ်ယောက်မှ ဆေးရုံ ကို သွားမကြည့်ကြပါဘူး။
တစ်ခါက ဆို ည၉နာရီလောက် မိန်းကလေးတယောက် ဗိုက်က အောင့်နေလို့ ဆေးရုံ ကို ကားငှားပြီး တင်ပေး လိုက်တယ်၊ နောက်က လိုက်ကြည့်ပေးတာ ဘာညာ မရှိခဲ့ဘူး။
ဘယ်ဝန်ထမ်း ဘာဖြစ်ဖြစ် ဆေးရုံဆေးခန်း လိုက်မပေးခဲ့တာပါ။
လုပ်ငန်ခွင်ထဲမှာ ထိခိုက်မှုဖြစ်လည်း လူမှုဖူလုံရေး တင်ပြတာမရှိပါဘူး။
လက်ထိခိုက်ပြီး ၅ချက်လောက်ချုပ်ရလည်း လစာမဲ့ ခွင့် ပေးပြီး၊ လစာ ဖြတ်ပါတယ်။
ဝန်ထမ်းတွေကိုလဲ အလုပ်၂ရက် ခွင့်မဲ့ပျက်တာနဲ့ အလုပ်ထုတ်ပါတယ်။
Mo- pattrrn က ဝန်ထမ်းပေါင်း၅၀ ကျော်ကို ၃လ မပြည့်ခင် လူလျော့တယ်ဆို ပြီး ဘာမှ အသိမပေးပဲ တန်းအလုပ်ထုတ်ပါတယ်။
လျှော်ကြေးလဲ တစ်ကျပ်မှ မပေးပါဘူး။
အလုပ်နောက်ကျလို့ ဆိုပြီး နေ့ဝက်လုပ်ခ ဖြတ်ပါတယ်။
ဝန်ထမ်းတွေ အိမ်သာကတ်မပါရင် အိမ်သာ ပေးမသွားပါဘူး။လုံခြုံရေး တွေကို HR မန်နေဂျာက ကြည့်ခိုင်းထားတာပါ။
အဓိက ကတော့ HR မန်နေဂျာက ဝန်းထမ်းတွေ အပေါ်မှာ အရမ်းမောက်မာတာပါ။
ညီမ တို့ စက်ရုံရဲ့ အခြေအနေပါရှင့်။ သက်ဆိုင်ရာကို သိစေချင်လို့ ကူညီပေးပါလို့ တောင်းဆိုပါတယ် ရှင့်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026