NEWS

ပဲခူးမြို့အခြေစိုက် အထည်ချုပ်စက်ရုံ လုပ်သား ၂၅၀ ကျော်အား အလုပ်ရပ်နား၊ နစ်နာကြေးပေး ပြေလည်မှုရ

CoverLogo
1.3K Views

ပဲခူး၊ ညောင်အင်းစက်မှုဇုန်ထဲက Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၂၅၀ ကျော် အလုပ်ရပ်နားမှု ညှိနှိုင်းပြီး ပြေလည်မှုရရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ်စက်ရုံ (အမိုးပြာစက်ရုံ) ကတော့ ပဲခူးမြို့ ၊ဥဿာ(၉)ရပ်ကွက်၊ ညောင်အင်းစက်မှုဇုန်မှာ အလုပ်သမား ၁,၀၀၀ နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေပြီး လက်ရှိ အလုပ်သမား ၂၅၃ ဦးကို အလုပ်ကနေ ရပ်နားခဲ့တာလို့ သိရပါတယ်။

 

“ လုပ်သက် ၆ လအောက်တွေကို ကျပ်ငါးသောင်း ၊ ၆ လနဲ့အထက်တွေကိုတော့ လဝတ်စာ အဲ့လိုပေးမယ်ဆိုပြီး ပြေလည်သွားတယ်။ သူတို့ကတော့ ဂရုဏာကြေးဆိုပြီး ပြောတာပေါ့ “လို့ အလုပ်သမားပြောပါတယ်။

 

တရုတ်နိုင်ငံသား Mr.Cai Jan Feng ပိုင်ဆိုင်တဲ့ Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ် စက်ရုံမှာ စက်တင်ဘာ ၂၁ ရက်က အထည်အော်ဒါ မရတာကြောင့် လုပ်သက် ၆ လ ဝန်းကျင် စက်ရုံအလုပ်သမား ၂၅၀ ကျော်ကို အလုပ်ကနေ ရပ်နားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။  

 

“အလုပ်သမားတွေကတော့ စက်ရုံဘက်က အရေးကြီးရင် ကြီးသလို အောလင်း ၊ အောနိုက်တွေ လုပ်ပေးခဲ့ ကြတယ်။ အခုလို ရုတ်တရက် အလုပ်ရပ်နားဆိုတော့ အလုပ်သမားတွေဘက်ကို ကြည့်သင့်တယ်ဆိုပြီး တောင်းဆို ခဲ့ကြတာပါ” လို့ အလုပ်သမားအရေးလှုပ်ရှားတဦးက ပြောပါတယ်။

 

အထည်ချုပ် စက်ရုံက အလုပ်သမားတွေကို တ လကြိုတင် အသိပေးခဲ့ပေမဲ့ အလုပ်သမား ၈၀ လောက်က သတ်မှတ် လျော်ကြေးအတွက် တာဝန်ရှိသူတွေနဲ့ ပြောဆိုနိုင်ဖို့ စက်တင်ဘာ ၂၁ ရက်မှာ အလုပ်မဆင်းဘဲ စောင့်ဆိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

 

“အခုလို ပေးတယ်ဆိုတာက စက်ရုံဘက်က မဖြစ်မနေပေးရတဲ့ ပုံစံမျိုးပဲ ။ ဂရုဏာကြေးပဲပြောပြော၊ နစ်နာ ကြေးပဲ ပြောပြော ၊ နဂိုကတည်း ဒီလို စဉ်းစားမိရင် အခုလို တောင်းဆိုတဲ့ ပုံစံတွေ မဖြစ်ဘူးပေါ့ ၊ တောင်းဆိုလို့ ပေးလိုက်ရတာမျိုးလို့ မြင်ပါတယ် ။ ” လို့ အလုပ်သမားအရေးလှုပ်ရှားတဦးက ပြောပါတယ်။

 

အလုပ်က ရပ်နားခံရမဲ့ Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ်အလုပ်သမားတွေမှာ လူမှုဖူလုံရေး ထည့်ဝင်ငွေကို အလုပ်စဝင်တဲ့လကတည်းက ထည့်သွင်းခဲ့ပေမဲ့ လက်ရှိအချိန်အထိ လူမှုဖူလုံရေး ကတ်တွေ မရသေးဘူးလို့လည်း သိရပါတယ်။ 

 

“ လူမှုဖူလုံရေးထည့်ဝင်ငွေ ၆ လ ပြည့်ပြီဆိုရင်၊ ခံစားခွင့်တော်တော်များရပြီလို့ ပြောလို့ရတယ်၊ အခု အလုပ်သမား ကြတော့ နောက်အလုပ်ရောက်ရင် အသစ်က ပြန်လုပ်မယ်ဆို ၆ လ ပြန်စောင့်ဆိုမျိုးဖြစ်နေတယ်။ သူ့တို့က စဝင် ကတည်းက စုငွေအနေနဲ့ ထည့်သွင်းလာတာဆိုတော့ ငွေအတွက်လည်း နစ်နာကြတယ်”လို့ အလုပ်သမား အရေးလှုပ်ရှားသူက ပြောပါတယ်။

 

လူမှုဖုံလုံရေးကတ်ရရှိဖို့ စက်ရုံဘက်မှာ တာဝန်ရှိပြီး Myanmar Huasheng Yashili Fashion Co.Ltd က လုပ်သက် ၆ လရှိ အလုပ်သမားတွေမှာတော့ လက်ရှိ အလုပ်ရပ်နားချိန်အထိ ဖူလုံရေးကတ် မရှိသေးဘူးလို့လည်း သိရပါတယ်။ အထည်ချုပ်စက်ရုံအနေနဲ့ အော်ဒါပြန်ရပါက အလုပ်ရပ်နား ထားသူတွေကို ဦးစားပေးခေါ်ပါ့မယ် ပြောဆိုထားပေမဲ့ လက်တွေ့ ဆန်ဖို့လိုအပ်တယ်လို့လည်း ထောက်ပြထား ပါတယ်။ 

 

“ဒီအလုပ်သမားတွေ တောင်းဆိုတာကို စက်ရုံတွေဘက် black list သွင်းတတ်ကြတယ်။ ဒီလိုမဖြစ်ဖို့ ပြောချင် တယ်။ အခုခေတ်ကာလက အလုပ်အကိုင်ရှားတယ် ငွေတန်ဖိုးလည်း မရှိတော့ အလုပ်သမားတွေ အရမ်းခက်ခဲ ကြပါတယ်။ black list သွင်းရင် နောက်အလုပ်တွေပါ မရအောင် ဖြစ်တတ်လို့ ပါ။ ဒါမျိုးတွေ မလုပ်ဖို့လိုပါတယ်” လို့ ဆက်ပြောပါတယ်။ 

 

#MyanmarLabourNews 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026