NEWS

ပဲခူးတွင် အထည်ချုပ်ဖယ်ရီကားနှင့်မန္တလာမင်းကုန်တင်ယာဉ်တိုက်မိကာ စက်ရုံဝန်ထမ်း ၇ဦး ထိခိုက်ဒဏ်ရာရရှိ

CoverLogo
377 Views
 
ပဲခူးမြို့ ၊ ပဲခူးမြို့ရှောင်လမ်း၊ အထကစာလေးကွင်း စာသင်ကျောင်းရှေ့မှာ ဇူလိုင် ၄ရက်ည ၇နာ ရီခွဲ အချိန်ခန့်ကအထည်ချုပ်ဖယ်ရီကားနဲ့ မန္တလာမင်းကုန်တင်ယာဉ်တိုက်မိကာစက်ရုံဝန်ထမ်း ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းနဲ့ဒေသခံတွေထံက သိရပါတယ်။
PKအထည်ချုပ်စက်ရုံ ဖယ်ရီကားမှာ မန္တလာမင်းကုန်တင်ယာဉ် ကို ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ လာတဲ့ ကား ကို ပွတ်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ မန္တလာမင်းကုန်တင်ယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ယာဉ်တိုက် မှုကြောင့် ဖယ်ရီကားပေါ်မှ ယာဉ်မောင်းဖြစ်သူ မှာ ညာဘက်ပေါင်ကျိုးသွားပြီး စက်ရုံဝန်ထမ်း အမျိုးသား ၄ဦးနဲ့ အမျိုးသမီး၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေ ကို မေတ္တာကမ်းလက်လူမှုကူညီရေးအသင်းအရေးပေါ်လူနာတင်ယာဥ်နဲ့ ဆေးကုသမှုခံယူနိုင်ဖို့ ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo-Thet phyoe kyaing fb

Related posts

Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025
Cover
Tianjin Fashion Mile Stone လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှုတွေ ကြုံနေရ
Sep 01, 2025
Cover
Myanmar Huasheng Kefu Fashion အထည်ချုပ်လုပ်သားများ အကျဉ်းသားသဖွယ် ဆက်ဆံရ ဟုဆို
Aug 31, 2025
Cover
Victor House အထည်ချုပ် စက်ရုံ ခွင့် ခံစားခွင့်မပေးဘဲ လစာဖြတ်တောက်
Aug 31, 2025
Cover
အဖွဲ့ချုပ်အမည်ကိုခွင့်ပြုချက်မရှိဘဲ သုံးစွဲမှုသည် CTUM ကို ကိုယ်စားမပြုကြောင်းထုတ်ပြန်
Aug 30, 2025
Cover
XIN YUAN FU ZHUANG အထည်ချုပ်စက်ရုံ ခွင့်ခံစားခွင့်များ မပေးဘဲ ဖြတ်တောက်
Aug 30, 2025
Cover
PK Myanmar စက်ရုံတွင် တောင်းဆိုမှု ဖြစ်ပွားနေ
Aug 30, 2025