လူငယ်တွေပေါ်တာဆွဲခံရတဲ့သတင်း တွေ ဆက်တိုက်ဆိုသလိုထွက်ပေါ်နေတာကြောင့်စစ်မှုထမ်းဥပဒေအရအသက်ပြည့်မီသူရှိတဲ့မိသားစုဝင်တိုင်းဟာစိတ်ပူပန်ရတာတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။
စစ်ကောင်စီ လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ စစ်မှုထမ်းဥပဒေအရသတ်မှတ်ထားတဲ့အသက်အရွယ်ဟာလုပ်ငန်းခွင်ဝင်ရောက်နိုင်တဲ့ အရွယ်တွေဖြစ်ပြီး လက်ရှိမှာလုပ်ငန်းခွင်အများစုဟာမြို့လည်ခေါင်အချက်အချာကျတဲ့နေရာတွေ၊ လူစည်ကားရာနေရာတွေမှာတည်ရှိနေတာဖြစ်ပါတယ်။လုပ်ငန်းခွင်အများစုဟာလည်းညနေ(၆)နာရီဝန်းကျင်မှသာအလုပ်ပိတ်တာကြောင့်လှိုင်သာယာ၊ရွှေပြည်သာ၊မဂ်လာဒုံအစရှိတဲ့မြို့အစွန်အဖျားနေရာမှာနေထိုင်သူတွေဟာ လုံခြုံရေးအခြေအနေကိုပါ စိုးရိမ်နေရတာဖြစ်ပါတယ်။
"ကျွန်တော်တို့ဘက်တွေမှာကစက်ရုံအလုပ်တွေပဲပေါတယ်။တခြားအလုပ်တွေလုပ်ချင်ရင်မြို့ထဲထိသွားမှအလုပ်အကိုင်အခွင့်အလမ်းရှိတယ်။ဒီကာလမှာအလုပ်နားလို့ကလည်းမဖြစ်ဘူး။အလုပ်ကလည်း(၆)နာရီနောက်ပိုင်းမှပြန်ရတယ်။အိမ်ပြန်ရင်လည်းမ ရောက်မချင်းရင်တမမပဲ။အိမ်ကလူတွေလည်းစိတ်ပူရတယ်။ကိုယ်တိုင်လည်းကြောက်တယ်"လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီးနောက်ပိုင်းမှာလူငယ်တွေရဲ့စိတ်ပူပန်မှုဟာပိုမိုမြင့်တက်လာပြီးအကြောင်းမဲ့ဖမ်းဆီးခံရတဲ့ အကြောင်းတွေလည်း မကြာခဏဆိုသလိုသတင်းတွေထွက်ပေါ်နေပါတယ်။
"အပြန်ဆိုကားကလည်းအဆင်မပြေပါဘူး။အခုကပေါ်တာဆွဲမှာကြောက်ရတာနဲ့ခေတ်မကောင်းလို့ခိုးဆိုးလုနှိုက်ကြောက်ရတာနဲ့စိတ်တွေအဆင်မပြေဘူး။အခုကမြို့စွန်ဘက်တွေမှာည(၇)နာရီလောက်ဆိုလူမရှိတော့ဘူး"လို့
အမျိုးသမီးဝန်ထမ်းတစ်ဦးကပြောပါတယ်။
လက်ရှိမှာပေါ်တာဆွဲတဲ့သတင်းတွေကြောင့်စက်ရုံတွေမှာလုပ်ကိုင်နေရတဲ့သူတွေလည်းစိတ်ပူပန်နေရတယ်လို့ ပြောဆိုထားကြပါတယ်။
"အခုထိအချိန်ပိုတွေခေါ်တာရှိတယ်။ဖယ်ရီနဲ့ဆိုပေမယ့်ဖယ်ရီပေါ်တက်ဆွဲတောင်ပြောလို့ရတာမှမဟုတ်တာ။ဖြစ်နိုင်ရင်တော့ဒီကာလလေးတစ်ခုတော့အလုပ်ရှင်တွေဘက်ကလိုက်လျောပေးနိုင်ရင်ကောင်းမယ်။အခုဆိုကျွန်တော်တို့လည်းစိတ်ပူနေရတယ်။တစ်ခုခုဆိုစက်ရုံဘက်ကဘယ်လိုတာဝန်ယူမလဲဆိုတာကျမေးလို့မရဘူး"လို့စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ အများပြည်သူအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေ ဟာပိုမိုဆိုးရွားလာနေတာဖြစ်ပြီး စစ်မှုထမ်းဥပဒေထုတ်ပြန်အတည်ပြုပြီးနောက်ပိုင်းမှာတော့ စိုးရိမ်မှုတွေပိုမိုမြင့်တက်လာနေတာပဲဖြစ်ပါတယ်။
NEWS
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ

1.1K Views
Related posts

Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026

Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026

ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026

Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026

စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026

စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
