NEWS

ပုသိမ် DONG LONG အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ချိုးဖောက်မှုတွေကျူးလွန်နေလို့ ဖြေရှင်းပေးရန် အလုပ်သမားတွေ လိုလားနေ

CoverLogo
1.1K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ် ၁၃ ရပ်ကွက် ရှိ DONG LONG(Pathein)အထည်ချုပ်စက်ရုံမှာ အလုပ်သမားများတွေအနေနဲ့  ဥပဒေပါခွင့် ခံစားခွင့်တွေမရရှိတဲ့အပြင် Super/Leader / သန့်ရှင်းရေးခေါင်းဆောင် / လုံခြုံရေးဝန်ထမ်းတွေ အခွင့်အရေးချိုးဖောက်တာတွေ ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အထည် စံချိန်ကို အလုပ်သမားချုပ်နိုင်စွမ်းရှိတာထက် ပိုတောင်းတာ  အထည်မပေးနိုင်ရင် ရေမသောက်ခိုင်းတာတွေ ထမင်းမစားခိုင်းတာတွေ အိမ်သာမသွားခိုင်းတာတွေ လုပ်တဲ့အထိ ကြုံနေရတယ်လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

"နေမကောင်းလို့ ခွင့်ယူရင်ခွင့်မရဘူး အပြောအဆိုခံရတယ်။ ဆေးသေတ္တာတို့ ဆေးပေးခန်းတို့မှာလည်း ဆေးဝါးတွေ ၊အရေးပေါ်သူနာပြု ပစ္စည်းတွေမရှိဘူး။ အလုပ်သမားတွေကလည်း သူတို့ရဲ့ဥပဒေပါခွင့်တွေကို မသိလို့မယူတဲ့သူရှိသလို သိလို့ယူရင်လဲအပြောအဆိုခံရတယ်။ နေမကောင်းလို့ ခွင့်တိုင်မရတော့ အလုပ်ကိုလာတယ် အလုပ်ကျတော့မသက်သာလို့ ဂိတ်ပတ်တောင်းရင်တောင်မရဘူး ၊ မိုးလင်းကမိုးချုပ် Leader/Super တွေအဆဲခံရတယ် တချို့ Super/Leader တွေဆို နာမည်တောင်မခေါ်ဘူး ဖာ- မ ၊ ဖေ- မ လို့တောင်ခေါ်တယ် ၊ အလုပ်သမားတချို့ဆိုရင် Leader/Superတွေရဲ့ ခေါင်း ခေါက်တာတို့ပေါင်တွေ ကျောကုန်းတွေရိုက်တာတို့ခံရတယ်၊ အထည်ပဲကျရင်လည်း လစာထဲကဖြတ်တယ်၊ Super တွေက လိုင်းသားတွေကို အထည်တွေနဲ့ပေါက်တာလဲတွေ့တယ် ။ တစ်ချို့ Super Leaderတွေဆို ဝန်ထမ်း​​တွေရဲ့ ကိုယ်ရေးကိုယ်တာကိုဝင်စွတ်ဖက်ပြောဆိုတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ချုပ်လုပ်ရတဲ့ စက်ပျက်နေပါက ချက်ချင်း ပြုပြင်ပေးတာမရှိဘဲ အထည်အရေမပြည့်ပါက ဆဲဆိုမှုတွေပြုလုပ်လို့လည်း ဖိအားတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်နားချိန် မိနစ် ၃၀အပြည့်မရတဲ့အပြင် ညနေ အလုပ်သိမ်းချိန် ဘဲလ်တီးရင် ၆နာရီ ၅မိနစ် ကျမှ (၅မိနစ် နောက်ကျပြီးတီးပေးတယ် ။ဖုန်းတွေသိမ်းထားပြီး အလုပ်နားချိန်တောင်ဖုန်းပြန်မပေးတဲ့အတွက် မိသားစုအရေးကြီးကိစ္စတွေမှာ ဖုန်းလာရင်တောင်မသိလိုက်ရဘူး။ OT ခေါ်ရင်လည်း အလုပ်သမားဆန္ဒမပါပဲ အတင်းကြပ်ခေါ်ယူတယ် ငြင်းပိုင်ခွင့်မရှိဘူး အမိန့်ပေးသလိုပဲ အမြဲလုပ်တယ် စက်ရုံတွင်း သုံးရတဲ့ ကတ်ကြေး၊ လက်အိတ်တွေကိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးရတယ်"လို့ အလုပ်သမားကပြောပါတယ်။

"လုံခြုံရေး ခေါင်းဆောင်အမျိုးသမီးကလည်း ဝန်ထမ်းတွေ အိမ်သာသွားရင်အော်ဟစ်မောင်းထုတ်တယ် ၊ ဝန်ထမ်းတွေအပေါ် ဆဲဆို တယ်အပြောကြမ်းတယ် မျက်နှာလိုက်တယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ဆက်ပြောပါတယ်။ 

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၂၀၀၀ ကျော်နဲ့ Muji , Mayorl, Golf ,SEM/Rတံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပြီး ရုံခွဲအနေနဲ့ KUMUDRA(Pathein)အထည်ချုပ်စက်ရုံကို ကပ်ရပ်မှာ ထပ်မံဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ 

အဆိုပါကဲ့သို့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ ဥပဒေပါ ခွင့်ခံစားခွင့်တွေ ခံစားခွင့်မရတာ အပြင် လုပ်ငန်းခွင်ထဲမှာ ရိုင်းစိုင်းစွာ ဆဲဆိုနေတာတွေကို သက်ဆိုင်ရာ အမှတ်တံဆိပ် တွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့ အဲ့ဒီစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026