ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊အမှတ် ၁၃ရက်ကွက်ရှိ Huabo Time အထည်ချုပ်စက်ရုံသည် ဒီဇင်ဘာ ၁၉ရက်နေ့က ယာယီပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ ZARA နဲ့ ONLY brand အထည်တွေ ချုပ်လုပ်ခဲ့တာဖြစ်ပြီးလုပ်သားအင်အား ၁၅၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
စက်ရုံံ ယာယီပိတ်သိမ်းရာတွင် " အလုပ်ရပ်စဲနစ်နာကြေးမပေးဘဲ ယာယီပိတ်သိမ်းချိန်မှာ အလုပ်သမားများကို ၅၀ ရာခိုင်နှုန်းပေးထားမယ်ပြောတယ် အလုပ်သမားတွေက လက်မခံတော့ ၇၀ ရာခိုင်နှုန်း ၊ ၁၀၀ ရာခိုင်နှုန်းထိတိုးပေးတယ်။ အလုပ်သမားတွေက မယုံကြည်တော့ နိုဝင်ဘာ ၂၃ရက်နေ့မှာ ဥပဒေအတိုင်းအလုပ်ရပ်စဲ နစ်နာကြေးပေးဖို့ စုပေါင်းတောင်းဆိုကြတယ် စက်ရုံ ဘတ်က အလုပ်ရပ်စဲနစ်နာကြေးယူမဲ့သူနဲ့ ယာယီပိတ်သိမ်းနေချိန် လစာ၁၀၀ ရာခိုင်နှုန်း ယူမဲ့သူစာရင်းကောက်တယ် ။ အလုပ်သမား ၁၅၀၀ ကျော်မှာ ၃ပုံ၂ပုံလောက်ကအလုပ်ရပ်စဲနစ်နာကြေးယူကြတယ်"လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကဆိုပါတယ်။
ပုသိမ်စက်မှုဇုန်တွင် ယာယီ ပိတ်သိမ်းသောစက်ရုံ ၄ရုံထိရှိလာပြီးလုပ်သား အင်အားလျှော့တဲ့စက်ရုံတွေလဲရှိလာပါတယ်။
#နေခြည်
#MyanmarLabourNews