NEWS

ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ်

CoverLogo
254 Views
 
ပုဂ္ဂလိက လုပ်ငန်းက လုပ်သားတွေ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် ကို ထပ်မံ တိုးမြှင့်ပေးပြီး အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် လုပ်ခလစာ ကျပ် ၇,၈၀၀ ခွင့်ပြုရန် စစ်ကော်မရှင်ရဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
ထပ်မံတိုးပေးတဲ့ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် ကို အောက်တိုဘာ ၁ ရက်ကစပြီး အလုပ်လုပ်သောရက်များနှင့် ၁၉၅၁ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရ ခံစားခွင့်ပြုမှာဖြစ်ပေမယ့် အလုပ်သမား ၁၀ ဦးအောက်ရှိလုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းတွေနဲ့တော့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
 
"ဒီငွေပမာဏက အလုပ်သမားတယောက်ရဲ့ ကုန်ကျစရိတ်ကို မကာမိဘူး။အခြေခံအလုပ်သမားတယောက်က တနေ့ကို တစ်သောင်းခွဲလောက် ကုန်နေတာ၊ ဒီီလို ၁၀၀၀ တိုးပေးတယ်ဆိုတာလည်း ဖော်ပြချက်တွေမရှင်းလင်းဘူးပေါ့နော်၊ ရှေ့မှာတိုးပေးထားတဲ့ ထောက်ပံ့ကြေးတွေတောင် တချို့ အလုပ်ရုံတွေမှာ မပေးတာရှိတယ်၊ တိုးပေးတဲ့အခါမှာလည်း ဥပဒေစည်းကြပ်ရဲ့လားဆိုတဲ့အပိုင်းက သံသယရှိဖွယ်ကောင်းတယ်။ တချို့ကျတော့လည်း စက်ရုံမှာတွေမှာပေးတာက ဒီထက်များနေတယ်။ ဒါက နောက်ကလိုက်ပြီး ပေးသလိုဖြစ်နေတယ်။ အဲ့လိုလုပ်လိုက်တော့ တိုးပေးနေတာတွေကို ပြန်လျှော့သလိုလည်းဖြစ်သွားတယ်။ အခြေခံလုပ်ခလစာဆိုတာ ဒီထက်ပိုလျှော့ပေးလို့မရဘူး၊ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူရင် ဒီထက်တိုးပေးလို့ရတယ်ဆိုတာဖြစ်ရမှာကို အောက်ခြေက ဥပဒေစည်းကြပ်သူတွေက ငါတို့တိုးပေးထားတာဒီလောက်ပဲ ဒီထက်ပိုပြီး ပေးလို့မရဘူးဆိုတာမျိုးတွေလည်းတွေ့ရတယ်။ ဒါမျိုးတွေလည်းတွေ့ရတဲ့အတွက် သေချာရှင်းလင်းတဲ့ စည်းကြပ်မှုတွေလည်းလိုအပ်တယ်" လို့ အလုပ်သမားအရေး လုပ်ဆောင်သူတဦးက မှတ်ချက်ပြုပါတယ်။
 
မြန်မာနိုင်ငံက အလုပ်သမားတွေ အတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၄,၈၀၀ (လေးထောင့်ရှစ်ရာကျပ်) "ကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ် မေလ ၁၄ ရက် မှာ ထုတ်ပြန်သတ်မှတ်ခဲ့ပါတယ်။
 
ယခုအခါမှာတော့ လက်ရှိထောက်ပံ့လျက်ရှိတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀ အပေါ်မှာ ကျပ် ၁,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုတာဖြစ်လို့ နေ့စားအလုပ်သမားတွေရဲ့ နေ့စဉ်လုပ်ခ ၇,၈၀၀ ကျပ် ခွင့်ပြုမယ်လို့ ဘဏ္ဍာရေးနှင်အခွန်ဝန်ကြီးဌာနက ၂၀၂၅ခုနှစ် စက်တင်ဘာ ၃၀ရက် မှာ ထုတ်ပြန်သတ်မှတ်ခဲ့တယ်လို့စစ်ကော်မရှင်ရဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီရဲ့​ ထုတ်ပြန်ကြေညာချက်မှာဖေါ်ပြထားပါတယ်။

Related posts

Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026
Cover
Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar LNY CAPS (1) စက်ရုံ ပုတ်ပြတ်လုပ်သားများအား အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ
Feb 23, 2026