အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာပါ အချိန်ပိုဆင်းပေးနေရပြီး မဆင်းပါက ခြိမ်းခြောက်ပြောဆိုတာနဲ့ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေလို့ အခက်အခဲကြုံနေရတယ်လို့ ရန်ကုန် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင် မှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတဲ့ TRISTATE MYANMAR စက်ရုံလုပ်သားတွေကပြောဆိုပါတယ်။
တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမားဦးရေ ၃၀၀၀ ကျော်နဲ့ လည်ပတ်နေပြီးတော့ OTTO,M&S,CP, စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
လုပ်ငန်းခွင်ထဲမှာ ပိတ်ရက်မရှိအလုပ်သမားသမားများကိုခိုင်းစေနေပြီး အချိန်ပိုအိုတီများကိုလည်းညဘက် (၉:၀၀)နာရီအထိအမြဲမဆင်းမနေရဆင်းခိုင်းတယ်လို့ ဆိုပါတယ်၊ ယခုနောက်ပိုင်းတွင်စစ်အာဏာရှင်ဘက်မှညမထွက်ရအမိန့်တွေထုတ်ပြန်တဲ့အတွက်အလုပ်သမားများကိုညဘက်အချိန်ပိုအိုတီမခေါ်ယူတော့ပဲနံနက်အစောချိန်(၆:၃၀)မှစ၍နေစဉ်အချိန်ပိုအိုတီကိုအလုပ်ရှင်ဘက်မှပြောင်းလဲခေါ်ယူနေခြင်းဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
နံနက်(၆:၃၀)အချိန်ပိုအိုတီခေါ်ယူရာတွင်အလုပ်သမားများမှနေစဉ်ရက်ဆက်ခေါ်ယူနေသည့်အတွက် တစ်ခါတစ်လေ ၁မိနစ်၂မိနစ်လောက်နောက်ကျ ပါက ကြီးကြပ်သူတွေဖြစ်တဲ့ စူပါတွေမှ အလုပ်သမားများအား ကြမ်းတမ်းစွာပြောခြင်း၊ ဆဲဆိုနေခြင်းများရှိနေတဲ့အတွက် လုပ်ငန်းခွင်စစချင်းမှာပဲ စိတ်ညစ်ညူးစွာနဲ့ အလုပ်လုပ်ကိုင်နေရတယ်လို့ အဆိုပါ စက်ရုံအလုပ်သမားတွေကပြောဆိုပါတယ်။
အချိန်ပိုအိုတီများကိုလည်းအလုပ်သမားသဘောဆန္ဒမပါပဲအလုပ်ရှင်ဘက်က (အချိန်ပိုအိုတီခေါ်ရင်ပိုက်ဆံပေးတာပဲအလုပ်သမားကဆင်းရမည်) ဆိုတာမျိုးစိတ်နေသဘောထားမျိုးထားဖို့ ပြောဆိုမှုတွေရှိပြီး အလုပ်သမားများအချိန်ပိုအိုတီမဆင်းလျှင်စူပါ၊အောစူပါများမှဆူတာ၊ပြောဆိုတာခံနေရပြီး၊အလုပ်သမားဘက်ကအခက်ခဲကိုညှိနှိုင်းပေးခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။
ပုံမှန်အခြေအနေထက်စံချိန်တွေမတရားတောင်းခံနေပြီး၊စံချိန်တောင်းတဲ့အခါစူပါအောစူပါတွေကအ လုပ်သမားတွေကိုဆဲဆိုခြင်း၊ကြမ်းတမ်းစွာပြောဆိုပြီးစံချိန်ကိုတောင်းခံကာ မပြည့်လျှင်နေ့လည်းထမင်းစားချိန်မှာထမင်းကိုမြန်မြန်စားရပြီးနားချိန်မှာမနားရဘဲအထည်ကိုချုပ်ပေး နေရတယ်လို့ ဆိုပါတယ်။
"အလုပ်သမားတွေက ပြန်မပြောရဲကြဘူး နေမကောင်းလို့ ခွင့်ယူရင်တောင် အော်ဟစ်ဆဲဆိုခံနေရတာ စား ဝတ် နေရေးအဆင်မပြေမှာစိုးလို့ ကြိတ်မှိတ်ပြီး လုပ်နေရတယ် စိတ်တော်တော်ဆင်းရဲရတယ် " လို့ ယင်းစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
နိုင်ငံရေးအခြေအနေမကောင်းသည့်မပေါ် လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခိုင်းစေမှုတွေ ရှိနေပြီး ၊ စီမံအုပ်ချုပ်သူတွေက စစ်တပ်အသိုင်းအဝိုင်းများ ဖြစ်နေခြင်းကြောင့် အလုပ်သမားတွေအနေနဲ့ ပြန်လည်ပြောဆိုရဲခြင်းမရှိတဲ့ အခြေအနေတွေနဲ့ အခက်အခဲကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့
၁။ တနင်္ဂနွေနေ့ကိုအလုပ်သမားများနားရက်အဖြစ်သတ်မှတ်ပေးရန်။
၂။ စနေနေ့တွင်သတ်မှတ်ထားသည့်အချိန်တွင်အလုပ်သမားများကိုအလုပ်မှပြန်လွှတ်ရန်။
၃။ ထမင်းစားချိန်တွင်ဖိအားေပး၍အလုပ်မခိုင်းစေပဲအပြည့်အ၀နားခွင့်ပေးရန်။
၄။ စူပါ၊အောစူပါများမှအလုပ်သမားများကိုဆဲဆိုခြင်း၊ကြမ်းတမ်စွာပြောဆိုချင်မပြုလုပ်ရန်။
၅။ လုပ်ငန်းခွင်ထိခိုက်မှုများရှိပါကအလုပ်ရှင်ဘက်မှတာ၀န်ယူဆောင်ရွက်ပေးရန်။
၆။နံနက်အစော(၆:၃၀)အချိန်ပိုအိုတီများကိုအလုပ်သမားသဘောဆန္ဒပါမှခေါ်ယူသွားရန်နှင့် အချိန်ပိုအိုတီမဆင်းပါကဆဲဆိုခြင်း၊ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန်။စတာတွေ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။
MyanmarLabourNews