NEWS

ပိတ်ရက်မှာ ဒေးကြေး ရဖို့ ခြင်္သေ့ပုံပေါ်မှာ အလုပ်သမား ၁၀၀၀ ကျော်ကိုလက်မှတ်ထိုးခိုင်းခဲ့

CoverLogo
1.1K Views

စက်ရုံမှာအော်ဒါမရှိလို့ ၁၂ ရက်ကျော်ကြာပိတ်ထားခဲ့တဲ့ ကာလမှာ ဒေးကြေး ရယူလိုပါက လက်မှတ်ထိုးရမယ်လို့ အလုပ်သမားတွေကို အသိပေးပြီး ခြင်္သေ့ ရုပ်ပုံတဲ့စာရွက်မှာ သဘောတူကြောင်းလက်မှတ်ရေးထိုးခဲ့ရတယ်လို့ ADK စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကံစက်မှုဇုန်မှာတည်ရှိတဲ့ အဆိုပါစက်ရုံမှာ အလုပ်သမား အင်အား ၁၇၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံဟာ JACK&JONES အမှတ်တံဆိပ် ချုပ်လုပ်တာဖြစ်ပြီး အော်ဒါပါးတဲ့အတွက်ကြောင့်ဟုဆိုကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နောက်ပိုင်း ၁၂ ရက်ကျော်ကြာ စက်ရုံကိုပိတ်ထားခဲ့တာပါ။

အဲ့ဒီလိုပိတ်ထားတဲ့ကာလအတွက် အလုပ်သမားတွေအနေနဲ့ မည်သည့် ခံစားခွင့်မှ ရရှိမှာမဟုတ်ဘဲ ဒေးကြေး ၄၈၀၀ ကျပ် ရယူလိုပါက လက်မှတ်ထိုးရမယ်လို့ အသိပေးလာလို့ အလုပ်သမားတွေအားလုံး အဆိုပါ ခြင်္သေ့ ရုပ်ပုံပါတဲ့ စာရွက်မှာ သဘောတူကြောင်းလက်မှတ်ထိုးခဲ့ရတာလို့ ဆိုပါတယ်။

" စက်ရုံမှာ လက်မှတ်ထိုးရတာ လက်မှတ်ထိုးရင် ဒေးကြေးရမယ် မထိုးရင် မရဘူး ခြင်္သေ့ခေါင်းပုံပါတဲ့စာရွက်မှာ ထိုးရတာ ခြင်္သေ့ခေါင်း နားမှာ အဝါနဲ့ အစိမ်းပါတယ် "လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

"တော်ရုံတန်ရုံလူတော့ မသိကြဘူး ထိုးဆိုထိုးလိုက်တာပဲ ဒေးကြေးရမယ်ဆိုလို့ ထိုးလိုက်တာ အလုပ်သမားတွေကတော့ လက်မှတ်ထိုးရတာ ခါတိုင်းထိုးနေကြနဲ့မတူဘူး တမျိုးပဲ ခြင်္သေ့ပုံရဲ့ အဝိုင်းထဲမှာပဲ ထိုးရတာ တခြားနေရာမှာထိုးလို့ မရဘူးဆိုလို့ တချို့ကကျတော့လဲ လက်မှတ်လိမ်ထိုးခိုင်းတာလို့ ပြောကြာတာရှိတယ် သာမန်လက်မှတ်ထိုးတာနဲ့မတူတော့ ရွေးကောက်ပွဲအတွက် လို့တော့ ထင်ကြတာပဲ" လို့ လက်မှတ်ထိုးခဲ့ရတဲ့အလုပ်သမားကပြောဆိုပါတယ်။

ယင်းကဲ့သို့ လက်မှတ်ထိုးရတဲ့ ကိစ္စရပ်ဟာ  မည်သည့် လုပ်ရပ်ဖြစ်ကြောင်း မသိရှိရသေးပေမယ့် အလုပ်သမားတွေကြားမှာ ထူးခြားဖြစ်စဉ်တစ်ခု အနေနဲ့ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

" ဒါကတော့ တွေးဆထားတဲ့အတိုင်းပဲ မဲကိစ္စ ရွေးကောက်ပွဲကိစ္စ ကြိုတင်ပြင်ဆင်တဲ့သဘောပဲ တခြားစက်ရုံမှာလည်း အဲ့လိုကိစ္စတွေရှိနိုင်တယ် ဒါကို ပြည်သူ တွေသိရှိဖို့   ဖော်ထုတ်ဖို့ လိုတယ်"လို့ အလုပ်သမားအရေး ကူညီပေးသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026