NEWS

ပိတ်ရက်မရဘဲ အချိန်ပိုလုပ်ကိုင်နေရ

CoverLogo
1.1K Views

လုပ်ငန်းခွင်အတွင်း အချိန်ပိုနေ့စဉ်ဆင်းရသလို ရက်သတ္တပတ်ပိတ်ရက်မှာလည်း နားခွင့်မရဘဲ အချိန်ပိုဆင်းပေးနေရတာ လုပ်ငန်းခွင်အတွင်း အထည်စံချိန်အလွန်အကျွံတောင်းခံတာနဲ့ လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံမှုတွေ ဖြစ်ပေါ်နေလို့ ဖြေရှင်းပေးဖို့ EASTAR Garment စက်ရုံလုပ်သားတွေကတောင်းဆိုထားပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ပြုလုပ်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

OVS, HK WORKS LONDON, HOUSE, CALLIOPE, စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတာမရှိဘူးလို့ဆိုပါတယ်။

"စက်ရုံကတော့ ဝါးတရာစက်မှုဇုန် ၅ ရုံတွဲ ရုံ ၃ ဆိုလူတိုင်းသိတယ် အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၆ နာရီ၃၀ အထိကို အချိန်ပိုအိုတီ ၂ နာရီ ပါပါတယ် ခုနောက်ပိုင်းအချိန်ပိုကို ည ၈ နာရီဆက်တိုက်ဆင်းရတယ် နေ့လည် ထမင်းစားချိန်တချိန်ပဲ ခဏနားရတယ် ညနေဘက် မနားရဘူး အဆာပြေတောင်မစားရဘူး စီစဉ်ပေးတာလည်းမရှိဘူး ဆက်တိုင်းခိုင်းတာ"အလုပ်သမားကပြောပါတယ်။

အခုလို နေ့စဉ် ည၈ နာရီအထိ အချိန်ပိုဆက်တိုက်ဆင်းရသလို ရက်သတ္တပတ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ တွေမှာလည်း မနားရဘဲ အချိန်ပိုဆက်တိုက်ဆင်းနေရပြီး အချိန်ပိုခေါ်တာကို အလုပ်သမားတွေရဲ့ သဘောဆန္ဒကောက်ခံခြင်းမရှိသလို ငြင်းဆန်ပိုင်ခွင့်မရှိဘဲ မဖြစ်မနေဆင်းနေရတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းအထည်စံချိန်တွေ ကို အလုပ်သမားချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံလျက်ရှိပြီး အလုပ်သမားတွေအနေနဲ့ စံချိန်ပြည့်မီအောင်ချုပ်လုပ်ပေးပေမဲ့ ဆုကြေးပေးရာမှာတော့ ခွဲခြားဆက်ဆံမှုရှိပြီး ချုပ်သလောက်မရဘဲ လုပ်ကိုင်နေရတာလို့ ဆိုပါတယ်။

"အထည်စံချိန်တွေဆိုလည်း ချုပ်နိုင်တာထက်ပိုတောင်းတာပေါ့နော် သူတို့တောင်းတဲ့စံချိန်ကိုပြည့်မီအောင်မနည်းချုပ်နေရတာ တကယ်တမ်းပြည့်သွားရင်လည်း ဆုကြေးကို အောစူပါတွေ စူပါတွေခေါ်သွင်းထားတဲ့လူတွေကပိုရတယ် ‌ခွဲခြားတာပေါ့နော် ကိုယ်တွေမှာကပေးကားပေး၏မရ ဆိုသလိုမျိုးပဲ ဖြစ်နေတာ"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ 

၁။ အချိန်ပိုခေါ်ယူပါက အလုပ်သမားသဘောဆန္ဒကိုတောင်းခံရန်။ အကြောင်းအမျိုးမျိုးကြောင့်မဆင်းနိုင်သူ များကို မဆင်းခွင့်ပြုပေးရန်။
၂။ ည ၈း၀၀ နာရီထိဆင်းရပါက ညပိုင်းအစာပြေစာကို စက်ရုံဘက်မှ စီစဉ်ပေးရန်။
၃။ ခွင့်ရက်များတောင်းခံလာပါက အကြောင်းပြချက်ခိုင်လုံပါက အလွယ်တကူပေးရန်။
၄။ သန့်စင်ခန်းများကို သန့်ရှင်းစွာထားပေးရန်။
၅။ အလုပ်သမားအချင်းချင်းကို အထက်တာဝန်ရှိသူများမှ ခွဲခြားဆက်ဆံမှုများမပြုလုပ်ရန်။
၆။ အထည်စံချိန်များကို အလုပ်သမားချုပ်လုပ်နိုင်သည့် စံချိန်ကို တောင်းခံသွားရန်စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026