NEWS

နှစ်သစ်ကူး ရုံးပိတ်ရက်ကြေညာမှု စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကြား ရှုပ်ထွေးမှုတွေဖြစ်နေ

CoverLogo
721 Views

စစ်ကောင်စီက နှစ်သစ်ကူးရုံးပိတ်ရက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်နေပေမယ့် ဒီဇင်ဘာလ (၂၈) ရက်ထိ စက်ရုံအလုပ်သမားတွေက အလုပ်လုပ်ကိုင်နေရသလို အချိန်ပိုတွေ အလွန်အကျွံလုပ်ကိုင်ပေးနေရ တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

အစိုးရဝန်ထမ်းတွေအတွက် ပိတ်ရက် ၂ ရက် ( စနေ နှင့် တနင်္ဂနွေ) နဲ့  အများပြည်သူရုံးပိတ်ရက်တွေခံစားရပေမယ့် စက်ရုံ အလုပ်ရုံ တွေမှာတော့ လုပ်ငန်းသဘောသဘာဝပေါ်မူတည်ပြီး စနေနေ့တဝက်ထိ လုပ်ကိုင်ရတာတွေရှိပေမယ့် မရှင်းလင်းတဲ့ ပိတ်ရက်ကြေညာချက်ကြောင့် အလုပ်သမားနဲ့ အလုပ်ရှင်တွေကြား ဝေခွဲမရဖြစ်မှုတွေ ဖြစ်ပွားနေရပြီး နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။

"စက်ရုံမှာ ဝန်ထမ်းတွေ ဆန္ဒမပါဘဲ ၃၁ ရက်နေ့အစားထိုးဆိုပြီးတော့ တနင်္ဂနွေ ည ၇ နာရီအထိ ရက်စားဆင်းခိုင်းနေပါတယ်"လို့ အဆိုပါ စက်ရုံက အလုပ်သမားကပြောပါတယ်။

စစ်ကောင်စီရဲ့ နှစ်သစ်ကူးရုံးပိတ်ရက် ကြေညာချက်အရတော့ ဒီဇင်ဘာ ၂၈ ကနေ ဇန်နဝါရီ ၁ ရက် ၂၀၂၅ အထိ ပိတ်ရက် ၅ ရက်ရှိပြီး ကြားရက်  ၁ရက် (ဒီဇင်ဘာ ၃၀ ရက်နေ့) အတွက် ဇန်နဝါရီ ၁၁ ရက်နေ့  စနေနေ့ မှာ အစားထိုး ဆင်းပေးရမှာဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေအတွက်ပါ အကျုံးဝင်တယ်လို့ ဆိုထားပြီး သက်ဆိုင်ရာအလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အသိပေးကြေညာချက် နောက်ကျတာကြောင့် စက်ရုံ အလုပ်ရုံအလုပ်သမားတွေဟာ နှစ်သစ်ကူး ရုံးပိတ်ရက် (ဒီဇင်ဘာ ၃၀ ၊ ၃၁ )  အတွက် ကြိုတင်ပြီး အစားထိုးလုပ်ကိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

"အစားထိုး အလုပ်ဆင်းရရင် OT ပေးရမှာပါ။ အလုပ်မဆင်းရင် အလုပ်ဖြုတ်လို့ မရပါ။ ရက်မှန်ကြေးဖြတ်လို့မရပါ။"လို့လည်း အလုပ်သမားအဖွဲ့အစည်းတွေ အသိပေးထားပါတယ်။

စက်ရုံအလုပ်ရုံတွေအတွက် အဆိုပါပိတ်ရက်ကြေငြာချက်ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထပ်ဆင့်လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပေမယ့် နောက်ကျမှ ထုတ်ပြန်တာကြောင့် ဒီဇင်ဘာ ၃၁ ရက်ကို ပိတ်ရက်ရယူလိုတဲ့ အလုပ်သမားတွေက   ပြီးခဲ့တဲ့တနင်္ဂနွေနေ့နဲ့ ခရစ္စမတ်ရက်မှာ အစားထိုးဆင်းပေးခဲ့ကြရတာပဲဖြစ်ပါတယ်။ 

အဆိုပါ အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒရယူပြီး အလုပ်ဆင်းခိုင်းမယ်ဆိုပါက အချိန်ပိုကြေး ၂ ဆပေးချေရမှာဖြစ်တယ်လို့ အလုပ်သမားဥပဒေမှာပြဌာန်းထားပါတယ်။

#MyanmarLabourNews


Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025