NEWS

နှစ်သစ်ကူး ရုံးပိတ်ရက်ကြေညာမှု စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကြား ရှုပ်ထွေးမှုတွေဖြစ်နေ

CoverLogo
969 Views

စစ်ကောင်စီက နှစ်သစ်ကူးရုံးပိတ်ရက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်နေပေမယ့် ဒီဇင်ဘာလ (၂၈) ရက်ထိ စက်ရုံအလုပ်သမားတွေက အလုပ်လုပ်ကိုင်နေရသလို အချိန်ပိုတွေ အလွန်အကျွံလုပ်ကိုင်ပေးနေရ တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

အစိုးရဝန်ထမ်းတွေအတွက် ပိတ်ရက် ၂ ရက် ( စနေ နှင့် တနင်္ဂနွေ) နဲ့  အများပြည်သူရုံးပိတ်ရက်တွေခံစားရပေမယ့် စက်ရုံ အလုပ်ရုံ တွေမှာတော့ လုပ်ငန်းသဘောသဘာဝပေါ်မူတည်ပြီး စနေနေ့တဝက်ထိ လုပ်ကိုင်ရတာတွေရှိပေမယ့် မရှင်းလင်းတဲ့ ပိတ်ရက်ကြေညာချက်ကြောင့် အလုပ်သမားနဲ့ အလုပ်ရှင်တွေကြား ဝေခွဲမရဖြစ်မှုတွေ ဖြစ်ပွားနေရပြီး နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။

"စက်ရုံမှာ ဝန်ထမ်းတွေ ဆန္ဒမပါဘဲ ၃၁ ရက်နေ့အစားထိုးဆိုပြီးတော့ တနင်္ဂနွေ ည ၇ နာရီအထိ ရက်စားဆင်းခိုင်းနေပါတယ်"လို့ အဆိုပါ စက်ရုံက အလုပ်သမားကပြောပါတယ်။

စစ်ကောင်စီရဲ့ နှစ်သစ်ကူးရုံးပိတ်ရက် ကြေညာချက်အရတော့ ဒီဇင်ဘာ ၂၈ ကနေ ဇန်နဝါရီ ၁ ရက် ၂၀၂၅ အထိ ပိတ်ရက် ၅ ရက်ရှိပြီး ကြားရက်  ၁ရက် (ဒီဇင်ဘာ ၃၀ ရက်နေ့) အတွက် ဇန်နဝါရီ ၁၁ ရက်နေ့  စနေနေ့ မှာ အစားထိုး ဆင်းပေးရမှာဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေအတွက်ပါ အကျုံးဝင်တယ်လို့ ဆိုထားပြီး သက်ဆိုင်ရာအလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အသိပေးကြေညာချက် နောက်ကျတာကြောင့် စက်ရုံ အလုပ်ရုံအလုပ်သမားတွေဟာ နှစ်သစ်ကူး ရုံးပိတ်ရက် (ဒီဇင်ဘာ ၃၀ ၊ ၃၁ )  အတွက် ကြိုတင်ပြီး အစားထိုးလုပ်ကိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

"အစားထိုး အလုပ်ဆင်းရရင် OT ပေးရမှာပါ။ အလုပ်မဆင်းရင် အလုပ်ဖြုတ်လို့ မရပါ။ ရက်မှန်ကြေးဖြတ်လို့မရပါ။"လို့လည်း အလုပ်သမားအဖွဲ့အစည်းတွေ အသိပေးထားပါတယ်။

စက်ရုံအလုပ်ရုံတွေအတွက် အဆိုပါပိတ်ရက်ကြေငြာချက်ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထပ်ဆင့်လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပေမယ့် နောက်ကျမှ ထုတ်ပြန်တာကြောင့် ဒီဇင်ဘာ ၃၁ ရက်ကို ပိတ်ရက်ရယူလိုတဲ့ အလုပ်သမားတွေက   ပြီးခဲ့တဲ့တနင်္ဂနွေနေ့နဲ့ ခရစ္စမတ်ရက်မှာ အစားထိုးဆင်းပေးခဲ့ကြရတာပဲဖြစ်ပါတယ်။ 

အဆိုပါ အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒရယူပြီး အလုပ်ဆင်းခိုင်းမယ်ဆိုပါက အချိန်ပိုကြေး ၂ ဆပေးချေရမှာဖြစ်တယ်လို့ အလုပ်သမားဥပဒေမှာပြဌာန်းထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026