NEWS

နှစ်စဥ်ကြေးသုံးနှစ်တိတိမရရှိဘဲ အလုပ်လုပ်​နေရ

CoverLogo
1.7K Views

စတင်အလုပ်လုပ်ကိုင်စဥ်ကချုပ်ဆိုခဲ့တဲ့စာချုပ်မှာ နှစ်စဥ်အလုပ်သမားတဦးအတွက်ခွင့်ရက် ၁၀ ရက်မယူပါက အဆိုပါကြေး ၁၀ ရက်စာ ၄၈၀၀၀ ပေးဖို့ပါပေမယ့် RainbowTex.Co.Ltd အထည်ချုပ်စက်ရုံဖက်ကသုံးနှစ်တိတိ မသိကျိုးကျွံပြုနေခဲ့တယ်လို့အဆိုပါစက်ရုံအလုပ်သမားတွေကဆိုပါတယ်။

Rainbow Tex Co.Ltd အထည်ချုပ်စက်ရုံဟာရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှု့ဇုန်ထဲမှာလုပ်ကိုင်နေတဲ့ တရုတ်ပိုင်အထည်ချုပ်စက်ရုံတစ် ခုဖြစ်ပြီးမန်နေဂျာတွေဟာလဲ တရုတ်လူမျိုးတွေဖြစ်တယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"နှစ်ကြေးမရတာသုံးနှစ်ရှိပြီ၊ သွားပြောလဲသူတို့ကခေါင်းဆောင်တွေကိုငွေပေးပြီးစည်းရုံးလိုက်တော့ပြီးသွားရော စက်ရုံဖက်ကတအားနှိမ်တယ်၊ ဘာခံစားခွင့်မှမရဘူး"လို့အဆိုပါစက်ရုံအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

ယခင်ကတည်းကနှစ်စဥ်ကြေးမပေးခဲ့တဲ့အဆိုပါစက်ရုံရဲ့ယခုလက်ရှိလုပ်ငန်းခွင်အခြေအနေတွေဟာထင်ထားတာထက်ပိုမိုဆိုးဝါးနေတယ်လို့လဲအလုပ်သမားတွေကဆိုပါတယ်။

အဲ့ဒီ့ထဲမှာအိုတီမဆင်းမနေရပုံစံပြောဆိုတာတွေ၊အောစူပါတွေရဲ့မနက်လင်းတာနဲ့အော်ငေါက်တာတွေ၊ အာဝါဒီးအထည်တွေတိုးတောင်းတာတွေ၊ မဖြစ်နိုင်တဲ့အပ်ထည်အရေအတွက်တွေတိုးတောင်းတာတွေအထိရှိနေတယ်လို့သိရပါတယ်။

"စက်ရုံထဲမှာကဘာမှမရှိတော့ဘူး၊ အလုပ်သမားအခွင့်အရေးကဘာခံစားခွင့်မှမရှိဘူး၊ မနက်မိုးလင်းအလုပ်ထဲက ဆယ်မိနစ်အလိုမှာ ဘဲလ်တီးပြီးထဲကစတာပဲ နေမကောင်းရင်တောင်ပြန်မလွှတ်ချင်ဘူး၊ ထွက်စာတင်မယ်ပြောမှဆူအောင့်ပြီးပေးပြန်တာ"လို့ Rainbow Tex Co.Ltd စက်ရုံလုပ်ငန်းခွင်အခြေအနေနဲ့ပတ်သက်ပြီးအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

အထက်ပါစက်ရုံဝန်ထမ်းတွေဟာနှစ်ကြေးကိစ္စကိုအလုပ်ရုံပိုင်ရှင်ဆီမကြာခဏဆိုသလိုသွားရောက်ပြောဆိုဖို့စီစဥ်ခဲ့ပေမယ့်ခေါင်းဆောင်ဆိုသူတွေကကြားထဲကအပြောမခံခဲ့ဘူးလို့ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကာလနောက်ပိုင်း နိုင်ငံတွင်းကအထည်ချုပ်စက်ရုံ၊ အလုပ်ရုံတွေဟာအလုပ်ရှင်အလုပ်သမားနှစ်ဦးသဘောတူစာချုပ်တွေကိုပေါ်ပေါ်တင်တင်ပဲချိုးဖောက်နေပြီး အလုပ်သမားတွေဖက်ကလဲလုပ်သားအခွင့်အရေးချိုးဖောက်ခံရမှု့များစွာရှိနေပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026