NEWS

နေ့စားအလုပ်သမားတွေကို အလုပ်မှမကြာခဏထုတ်ပယ်နေ

CoverLogo
829 Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ကျောက်စိမ်းလမ်းမှာဖွင့်လှစ်ထားတဲ့ Sunrise Myanmar Fashion Garment မှာ နေ့စားအလုပ်သမားတွေကို မကြာခဏအလုပ်ကနေ  ထုတ်ပယ်နေပြီး အသစ်များထပ်မံခေါ်ယူခိုင်းစေကာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်လျက်ရှိတာကြောင့် ကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တဲ့ အဆိုပါလုပ်ငန်းခွင်မှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်?

လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ ညှိနှိုင်းမှုကော်မတီ ဖွဲ့စည်းထားပြီး အလုပ်သမားသမဂ္ဂအဖွဲ့တော့ဖွဲ့စည်းထားတာမရှိဘူးလို့သိရပါတယ်။

လုပ်ငန်းခွင်အတွင်း Finishing တာဝန်ခံဆိုသူက နေ့စားအလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ အလုပ်ကနေ အကြောင်းပြချက်မရှိထုတ်ပယ်နေပြီး နေ့စားအလုပ်သမားတွေကို တပတ်တကြိမ်ရှင်းစနစ်နဲ့  တနင်္လာနေ့ကနေ စနေနေ့ထိ ခိုင်းစေပြီး တနင်္ဂနွေနေ့မှာ  အလုပ်မလုပ်ရတာကြောင့် ဒေးကြေး လည်း ရရှိခြင်းမရှိလို့ နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အကြောင်းပြချက်မရှိဘဲအလုပ်ကထုတ်ပယ်ခံလိုက်ရတဲ့ နေ့စားအလုပ်သမားတွေဟာ လုပ်သက် ၃ လ ကနေ ၄ လအထိ လုပ်ကိုင်ခဲ့ပြီးနောက် နစ်နာကြေးလည်းမရဘဲ အလုပ်ကနေ ဥပဒေမဲ့ထုတ်ပယ်ခံရတာလို့ အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာလည်း နေ့စားအလုပ်သမား အနည်းဆုံး ၂၀ ဝန်းကျင်ကို အလုပ်ကနေထုတ်ပယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

"နေ့စားတွေကို အလုပ်ထုတ်ရင် ကြိုပြောတာမဟုတ်ဘဲ အလုပ်ဆင်းချိန်ရောက်တော့မှ နောက်နေ့ အလုပ်မလာကြတော့နဲ့ အလုပ်နားလိုက်ပြီဆိုပြီးပြောတာ နောက်နေ့လည်းကျရော နေ့စားအသစ်တွေထပ်ခန့်ပြီးခိုင်းနေတာ ဆိုတော့ အလုပ်သမားဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပေါ့နော် စက်ရုံကို စစ်ဆေးရေးခဏခဏလာစစ်လည်း ဘာမှပြောင်းလဲသွားတာမရှိဘူးလို့ အလုပ်သမားကပြောဆိုပါတယ်။

လက်ရှိကာလဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတရပ်ဖြစ်တဲ့ ရိုးရာသင်္ကြန်ပွဲတော် ပိတ်ရက်နီးကပ်လာပြီဖြစ်တာကြောင့် ရုံးပိတ်ရက်ရှည် နီးကပ်လာချိန်မှာ အလုပ်အကိုင်အသစ်များထပ်မံလျှောက်ထားရန်ခက်ခဲနေလို့ စည်းကမ်းချိုးဖောက်ခြင်းမရှိတဲ့ နေ့စားအလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်ခြင်းမပြုစေလိုဘူးလို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားဥပဒေပါပြဌာန်းချက်တွေအရ နေ့စားအလုပ်သမားတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ကထုတ်ပယ်တဲ့အပေါ် နို့တစ်ကြေး တနင်္ဂနွေ ပိတ်ရက်အတွက် ဒေးကြေးတွေကို ဘက်ဒိတ်နဲ့ ပြန်လည်ပေးချေစေလိုတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026