NEWS

နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်

CoverLogo
217 Views
ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန် (၁) ရှိ 'နေရွှေဝင်း' အထည်ချုပ်စက်ရုံမှ အလုပ်သမား၈၄ဦးကိုမေလ ၁၉ ရက်မှာ လုပ်ငန်းခွင်ပြန်ဝင်ရဖို့ အလုပ်ရှင်ဘက်ကနေအသိပေးလိုက်ပါတယ်။
 
နေရွှေဝင်းအထည်ချုပ် စက်ရုံဟာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေပါဝင်နေတဲ့ အလုပ်သမား ၁၉ ဦးကို လူလျှော့ပြီး နစ်နာကြေးပေးကာ အလုပ်ထုတ်ခဲ့ပြီးနောက်ကျန်ရှိတဲ့အလုပ်သမား ၈၀ ကျော်က အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေအတွက် တောင်းဆိုမှုပြုလုပ်ပေးခဲ့ကြရာ မှ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတွေဖြစ်ခဲ့ကြောင်းသိရပါတယ်။
 
အဆိုပါစက်ရုံမှာ အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား စုစုပေါင်း ၁၀၃ ဦး ရှိတဲ့အနက် အလုပ်သမား ၈၄ ဦးသာ လုပ်ငန်းခွင်ပြန်ဝင်ရေးညှိနှိုင်းမှုတွေလုပ်နေကြရတာဖြစ်ရာ ကျန်ရှိတဲ့ အလုပ်သမားအချို့မှာ စက်ရုံစီမံခန့်ခွဲသူများဘက်မှ ရဲတပ်ဖွဲ့ဖြင့် ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခံရခြင်း၊
 
လက်ရှိ ပြဌာန်းထားသော စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရမှာကို စိုးရိမ်ရတဲ့ မြေပြင်လုံခြုံရေး ဖိအားများရှိခြင်း‌ တွေကြောင့်ကြုံတွေ့ရသော စားဝတ်နေရေး အကျပ်အတည်းများအပါအဝင်အ‌ေခြအ‌ေနအရပ်ရပ်‌ တွေနဲ့နောက်ဆုံးမှာစက်ရုံဘက်က ပေးအပ်တဲ့ နစ်နာကြေး (လျော်ကြေး) ကိုသာ သဘောတူလက်ခံကာ လုပ်ငန်းခွင်မှ ထွက်ခွာသွားခဲ့ရတယ်လို့သိရပါတယ်။
 
ယခုမေလ ၁၈ရက်နေ့ ရဲ့ နောက်ဆုံးအကြိမ် အလုပ်ရှင်အလုပ်သမားညှိနှိုင်းတာကို နေရွှေဝင်းအထည်ချုပ် ဘက်က ထုတ်ပြန်လာရာမှာ " မနက်၁၀နာရီကနေ စတင်တဲ့အလုပ်ရှင်အလုပ်သမားညှိနှိုင်းမှုကနေ့လည် ၂နာရီ၃၀မှာ သဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့ရာ
 
အလုပ်ရှင်နဲ့တောင်းဆိုမှုပြုလုပ်တဲ့အလုပ်သမား၈၄ဦးတို့က အငြင်းပွားမှုတွေကို အလုပ်သမားဥပဒေနဲ့အညီအဆင့်ဆင့်ဖြေရှင်းရမှာဖြစ်ရာ ECစာချုပ်ပါအချက်တွေကိုလည်းသိရှိလိုက်နာပြီး တောင်းဆိုမှုပြုခဲ့တဲ့အလုပ်သမားတွေက မူလလစာ၊ မူလ ဌာန၊မူလရာထူးတွေအတိုင်း ခွဲခြားမှုမပြုဘဲ မေ၁၉ရက်မှာလုပ်ငန်းခွင်ပြန်ဝင်ရရန် နဲ့ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ချုပ်ဆိုပြီးတဲ့မေ ၁၈ရက်ကနေစကာ ၁နှစ်အတွင်းအလားတူတောင်းဆိုမှု တွေ ထပ်မံမပြုလုပ်ရဆိုပြီး " ဖော်ပြထားပါတယ်။
 
 
'နေရွှေဝင်း' အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားများရဲ့ နစ်နာမှုပြဿနာကို သက်ဆိုင်ရာ အလုပ်သမားရုံးများက ဖြေရှင်းပေးခြင်းမရှိဘဲ လျစ်လျူရှုထားတာကြောင့် အချို့အလုပ်သမားတွေနဲ့သမဂ္ဂ‌တွေကလည်း စက်ရုံက အော်ဒါကုန်ပစ္စည်းမှာယူချုပ်နေတဲ့နိုင်ငံတကာအမှတ်တံဆိပ် (Brands) များထံ အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့စက်ရုံဖြစ်ကြောင်းတိုင်ကြားမယ့်လမ်းကြောင်းဖြင့် လုပ်ဆောင်ဖို့လည်းအစီစဉ်များရှိကြောင်းသိရပါတယ်။
 
" ခု အလုပ်ဖြုတ်ခံရတဲ့အလုပ်သမားတွေကသမဂ္ဂ ခေါင်းဆောင် တွေ အလုပ်ဖြုတ်ခံရလို့ လုပ်ငန်းခွင်ထဲမှာ တောင်းဆိုမှူလုပ်ကြတာ။ဒါကို စက်ရုံ ဘက် က လက်မခံဘဲ အလုပ်ထုတ်လိုက် တာဖြစ်တယ်။အဲ့တော့ ဒီ လူ ၁၀၀ လောက်က လုပ်ငန်းခွင်ပြန်ဝင်ဖို့ကို အစကပြန်ညှိ။ဒါဆို နေရွှေဝင်းစက်ရုံ က စုပေါင်းတောင်းဆိုမှူကိုလက်မခံတဲ့စက်ရုံ အဖြစ် မှတ်တမ်းဝင်သွားပြီလား။နေရွှေဝင်းမှာ အလုပ် လုပ်ရင် လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊လွတ်လပ်စွာ စုပေါင်းတောင်းဆိုခွင့်၊အရေးဆိုမှူတွေ မလုပ်နဲ့ ဆိုတဲ့ သဘောပေါ့။
 
ဒါကိုတော့ မှတ်တမ်းတင်ရမယ်။ILO က ပြောနေတဲ့ အချက်တွေ အရဆို နေရွှေဝင်း က အချက်အားလုံးနဲ့ ကိုက်ညီနေတာဘဲ ။လက်ရှိ ချုပ်နေတဲ့ brand တွေ ဘာဆက်လုပ်မလဲ စောင့်ကြည့်ပါမယ်။"လို့ အလုပ်သမားအဖွဲ့အစည်း STUM ဘက်က တာဝန်ရှိသူကပြောထားပါတယ်။
 
အဆိုပါ 'နေရွှေဝင်း' စက်ရုံမှာအီတလီအခြေစိုက် Fast-fashion အမှတ်တံဆိပ် ဖြစ်သော Terranova၊ တူရကီ အဝတ်အထည်အမှတ်တံဆိပ် LC Waikiki နဲ့ ပိုလန်နိုင်ငံအခြေစိုက် LPP Group ရဲ့အထင်ကရအမှတ်တံဆိပ်ဖြစ်သော Reserved အပါအဝင် နိုင်ငံတကာအမှတ်တံဆိပ် ၁၃ ခုရဲ့ အထည်များကို ချုပ်လုပ်နေခြင်းဖြစ်ပါတယ်။
 
ယင်းအဝတ်အထည်အမှတ်တံဆိပ်များဟာကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိတဲ့ကုမ္ပဏီကြီးများ ဖြစ်လို့ အလုပ်သမားသမဂ္ဂများအနေဖြင့် ၎င်းတို့ရဲ့ ပုံရိပ်နဲ့ လုပ်ငန်းခွင်လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို တိုက်ရိုက်ထိခိုက်စေမယ့်ဖိအားပေးနိုင်တဲ့ လမ်းကြောင်းကို ရွေးချယ်လာတာလည်းဖြစ်ပါတယ်။
 
ယခင်ကလည်း နိုင်ငံတကာ Brands များရဲ့ ဖိအားပေးမှုကြောင့် အလုပ်သမားများ ရပိုင်ခွင့်ပြန်လည်ရရှိခဲ့တဲ့သာဓကများစွာ ရှိခဲ့ဖူးကြောင်း STUM ထံမှ သိရပါတယ်။
 
အချို့ဖြစ်စဉ်များတွင် အလုပ်ထုတ်ခံရပြီး တစ်နှစ်ခန့်အကြာမှ လုပ်ငန်းခွင်ထဲသို့ ပြန်လည်ဝင်ရောက်ခွင့်ရခြင်း၊ ကြားကာလအတွက် လျော်ကြေးနဲ့ လုပ်ခလစာများကို အလုပ်ရှင်က ပြန်လည်တာဝန်ယူ ပေးဆောင်ရခြင်းမျိုး ရှိခဲ့တယ်လို့သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026