NEWS

နေပြည်တော် ငလျင်ဘေးသင့် အာမခံလုပ်သား တစ်သောင်းကျော်အား အကျိုးခံစားခွင့် ထုတ်ပေး

CoverLogo
252 Views
 
နေပြည်တော်က ငလျင်ဘေးသင့် အာမခံအလုပ်သမား ၁၁၀၀၀ ကျော်ကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထုတ်ပေးခဲ့တယ်လို့ ထုတ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
 
အာမခံလုပ်သားတွေ အတွက် ကျပ် သန်း၁၀၀၀ကျော်ခွင့်ပြု ထုတ်ခဲ့တာဖြစ်ပြီး ၊ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင် ဘေးသင့်ခဲ့တဲ့ အာမခံ လုပ်သားတွေကို အကျိုးခံစားခွင့် ပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
နေပြည်တော် အတွင်း အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာန ၁၀၉၇ ဌာန၊ အာမခံအလုပ်သမား ၂၇၂၆၇ ဦးထဲက လုပ်သား ၁၁၂၀၃ဦး အတွက် အကျိုးခံစားခွင့် ငွေကျပ်သန်းပေါင်း ၁၀၀၁ ဒသမ ၅၆၃ သန်းကိုဇူလိုင်၄ရက်က ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
 
ကျန်ရှိတဲ့ အာမခံ လုပ်သားတွေကို စာရင်းစိစစ်ပြီးဆက်လက်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ အကျိုးခံစားခွင် ငွေတွေကို ဗဟိုဘဏ်ရဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက တစ်ဆင့် ပုဂ္ဂလိကဘဏ်တွေ ကို လွှဲပြောင်းပေးအပ်ပြီး Digital Payment စနစ်တွေဖြစ်တဲ့ KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay ၊ Mytel Pay စတာတွေက‌နေ ထုတ်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ထံ မှသိရပါတယ်။

Related posts

Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025