NEWS

နို့တစ်ကြေးမပေးဘဲ ပိတ်သိမ်းသည့် YFA စက်ရုံ အမည်ပြောင်းဖွင့်လှစ်၊ သမဂ္ဂအဖွဲ့၀င်များအား ပြန်လည် ခန့်အပ်ခြင်း မရှိ

CoverLogo
660 Views
 
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှူဇုန်၊ တပင်ရွှေထီးလမ်းက Yangon Fukuyama Apparel (YFA) အထည်ချုပ်စက်ရုံဟာ နို့တစ်ကြေးမပေးဘဲ စက်ရုံပိတ်သိမ်းခဲ့ပြီးနောက် တခြား စက်မှုဇုန်မှာ အမည်ပြောင်း ဖွင့်လှစ်ထားတယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် STUM ဆီက သိရပါတယ်။
 
စက်ရုံကို ငွေပင်လယ် စက်မှုဇုန်မှာ ပြန်လည်ဖွင့်ထားပြီး သမဂ္ဂအဖွဲ့ဝင်တွေအပေါ် ချိုးဖောက်မှုတွေ ရှိနေတယ်လို့ လည်း အဖွဲ့ဝင် တဦး က ပြောပါတယ်။
 
“ YFA အထည်ချုပ် စက်ရုံက လှိူင်သာယာ ငွေပင်လယ်ဇုန်မှာ LONGZHISHANG SDI MANUFACTURING CO;LTD ဆိုပြီး အမည်ပြောင်းပြီး ဖွင့်ထားတယ်။ YFA ရုံဟောင်း က တခြား အလုပ်သမားတွေကို အလုပ်ပြန် ခန့် တယ်။ သမဂ္ဂ အဖွဲ့ဝင်တွေကိုတော့ အလုပ်ပြန်ခန့်ခဲ့တာ မရှိဘူး။ ဒါက သမဂ္ဂ ကို ခွဲခြားဆက်ဆံတယ်၊ သမဂ္ဂကို ဖြိုခွဲတာ ။ ILO Convention 87 ကို ချိုးဖောက်တာမို့ သက်သေ အနေနဲ့ မှတ်တမ်း ထားမယ်။ စက်ရုံပိုင်ရှင်က ဂျပန်၊ကိုရီးယား၊ တရုတ် လူမျိုးတွေပိုင် ကုမ္ပဏီ၊ လက်ရှိချုပ်နေတဲ့ brand ကလည်း အရင်ချုပ်လက်စ Jichodo brand ပါ”လို့ STUM တာဝန်ရှိသူက ပြောပါတယ်။
 
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ YFA အထည်ချုပ် စက်ရုံက ပိတ်သိမ်းမယ်ဆိုပြီး အလုပ်သမား ၁၃၅ ယောက်ကို အလုပ်က ရပ်စဲခဲ့ပြီး အဲဒီ အတွက် နစ်နာကြေးရရှိဖို့ တောင်းဆိုမှုကို ခုံကောင်စီမှာ အဆုံးအဖြတ် ရယူခဲ့ ကြတယ်လို့ ဆိုပါတယ်။
 
စက်ရုံ ပိတ်သိမ်းမှုအတွက် နို့တစ်ကြေးပေးဖို့ ဒါမှမဟုတ် အလုပ်ပြန် ခန့်အပ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ရာမှာ အကြိမ်ကြိမ်ညှိနှိုင်းမှု ပြုလုပ်ပြီးနောက် ၂၀၂၂ခုနှစ် ဒီဇင်ဘာ၁၂ ရက်မှာ YFA အထည်ချုပ် စက်ရုံက အလုပ်သမားတွေကို လျော်ကြေးပေးတာ မရှိသလို အလုပ်ပြန် မခန့်အပ်နိုင်ဘူး ဆိုတာကြောင့် ခုံကောင်စီက အလုပ်သမားတွေကို ကရုဏာကြေး သုံးသောင်းစီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
 
ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုကျေနပ်မှု မရှိပေမဲ့ YFA အလုပ်သမားတွေက လိုက်နာခဲ့ကြတယ်လို့လည်း ပြောကြားထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026