NEWS

နိုင်ငံရေးအခြေအနေကို အကြောင်းပြ၍ခေါင်းပုံဖြတ်အမြတ်ထုတ်ခံနေရဟု KAMCAINE GARMENTအထည်ချုပ်အလုပ်သမားပြော

CoverLogo
1.5K Views

သမဂ္ဂခေါင်းဆောင်များကိုအလုပ်က ထုတ်ပယ်ခဲ့တဲ့အပြင်နိုင်ငံရေးမကောင်းတာကိုအကြောင်းပြပြီး အလုပ်သမားများအပေါ်ခေါင်းပုံဖြတ်အမြတ်ထုတ်နေတယ်လို့ KAMCAINE Garment အထည်ချုပ်စက်ရုံ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်-၂၊ မက္ခရာမင်းသားကြီးမောင်ပျို့လမ်း  မှာလုပ်ကိုင်နေတာဖြစ်ပြီးတော့မှီခိုလုပ်ကိုင်နေတဲ့လုပ်သားဦးရေ-၇၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

"အလုပ်သမားတွေမနိုင်တဲ့စံချိန်တွေပေးပြီးခိုင်းတယ် ပြီးရင်စံချိန်မပြည့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အိုတီအလကားဆင်းခိုင်းတယ် တနဂ်နွေနေ့ဆိုအလကားခိုင်းတာခုကသမဂ္ဂမရှိတော့ပိုဆိုးတယ်နိုင်ငံရေးမကောင်းတာကိုအကြောင်းပြပြီးဒီစက်ရုံကအမြတ်ထုတ်နေတာ"လို့အထက်ပါစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးကဆိုပါတယ်။

ဒါ့အပြင်လုပ်ငန်းခွင်အတွင်းမှာလည်းစူပါ၊ အောစူပါ၊ များမှအလုပ်သမားများကိုစံချိန်မပြည့်လျှင် အမျိုးသမီးအလုပ်သမားများ အရှက်ရစေရန်ရည်ရွယ်ပြီးဆဲဆိုတာတွေရှိနေသလို နေ့စားသမားများကိုအလုပ်ရှင်မှ သဘောကျပါက (၃)လကျော်မှအတည်ပြုဝန်ထမ်းခန့်ပြီး သဘောမကျသော အလုပ်သမားကိုလည်းဥပဒေမဲ့အလုပ်ကထုတ်ပယ် တာတွေရှိနေတယ်လို့အလုပ်သမားများရဲ့ပြောပြချက်အရသိရပါတယ်။

"ခုဟာကဥပဒေမှာပါတဲ့ခံစားခွင့်ရက်တွေလဲမရဘူး လူမှု့ဖူလုံရေးခံစားခွင့်လဲဘာတခုမှမရဘူး ရက်ပျက်ရင်တစ်သောင်းဖြတ်တယ် ပြီးတော့နောက်ရက်မလာနဲ့အလုပ်ဖြုတ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်တယ် အစိုးရရုံးသွားတိုင်တော့လဲသူတို့ကအတူတူပဲဆိုတော့နောက်ဆုံးကိုပဲအ ငြိုးခံရတယ်"လို့ အဆင်မပြေမှုကို ကိုယ်တိုင်ခံစားနေရတဲ့ အလုပ်သမားတဦးကထပ်ပြောပါတယ်။

ယခုလိုစစ်အာဏာသိမ်းမှု့ကိုအခွင့်ကောင်းယူအမြတ်ထုတ်နေတဲ့အတွက် KAMCAINE GARMENTအထည်ချုပ်စက်ရုံကအလုပ်သမားတွေဟာများစွာအခက်တွေ့နေရပြီးတော့ ယခုလက်ရှိအလုပ်သမားတွေဖက်က အိုတီ (အချိန်ပို) အလကားဆင်းရသောနာရီများပြန်လည်တွက်ချက်ပေးရန်၊ ဥပဒေခံစားခွင့်များပေးရန်၊ စူပါ၊ အောစူပါများ လုပ်ငန်းခွင်အတွင်း ဆဲဆိုခြင်းမပြုလုပ်ရန်၊ စံချိန်ကိုအလုပ်သမားချုပ်လုပ်နိုင်သည့်ထက်ပိုမတောင်းဖို့စက်ရုံဖက်ကိုတောင်းဆိုနေကြတယ်လို့ သိရပါတယ်။

KAMCAINE Garment အထည်ချုပ်စက်ရုံဟာ NARVIK အမှတ်တံဆိပ်အထည်များချုပ်လုပ်ပြီးစျေးကွက်ကိုတင်ပို့ရောင်းချနေတဲ့ကုမ္ပဏီတခုလဲဖြစ်ပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026