NEWS

နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်သည့် JW(ADK) အထည်ချုပ်စက်ရုံ အလုပ်သမားများဆန္ဒဖော်ထုတ်မှု ရလာဒ်ကောင်းများထွက်ပေါ်စေရန် ဂျာမနီနိုင်ငံရှိ LIDL company အကြောင်းကြားစာပို့ထားဟုဆို

CoverLogo
4K Views

နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်သည့် JW(ADK) အထည်ချုပ်စက်ရုံမှာ ဇူလိုင် ၇ ရက်နေ့က လုပ်ငန်းခွင်အတွင်း  အလုပ်သမားများဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ပြီး လုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးများ ဆုံးရှုံးနေရမှု နဲ့ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ရလာဒ်ကောင်းများထွက်ပေါ်စေရန် ယင်းစက်ရုံမှာ ချုပ်လုပ်နေတဲ့ ဂျာမနီနိုင်ငံရှိ  LIDL company ကိုအကြောင်းကြားစာပေးပို့ထားပြီးဖြစ်တယ်လို့  IWFM အဖွဲ့ချုပ် ဥက္ကဌဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ်(IndustrialALL ) ကိုလည်း အကြောင်းကြားထားပြီးအလုပ်သမားများရဲ့ တောင်းဆိုချက်တွေ၊ Brands တွေအနေနဲ့ အလုပ်သမားအခွင့်အရေးစံနှုန်းများ သိရှိလိုက်နာစေရန်နဲ့  (အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို သိရှိစေရန်)ဆန္ဒထုတ်ဖော်တောင်းဆိုတဲ့ အလုပ်သမား ရေးရာ ကိစ္စရပ်ကို အန္တရာယ် ကင်းကင်းနဲ့ ပြီးဆုံးသွားအောင် အလုပ်သမားတွေရဲ့  တောင်းဆိုချက်တွေချက်တွေကို အမြန်ဆုံး စက်ရုံဖက်က ညှိနှိုင်းဖြေရှင်းပြီးတော့ စာချုပ်ချုပ်ဆိုနိုင်အောင် ဆောင်ရွက်ပေးဖို့အတွက် အခုလို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ယင်းက ပြောပါတယ်။

“အခုချုပ်နေတဲ့ Brands က ဂျာမနီနိင်ငံက LIDL ပိုင်ဆိုင်တဲ့ တံဆိပ်တခုဖြစ်တယ်။ LIDLကုမ္ပဏီကိုမေးမြန်းနိုင်ဖို့အတွက် ဆက်သွယ်နေပါတယ်။  အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ်(IndustrialALL ) ကိုလည်း ဒီကိစ္စကို ကျမတို့ လှမ်းပြီး အကြောင်းကြားထားပါတယ်။” လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား အဖွဲ့ချုပ် IWFM ဥက္ကဌဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ JW (ADK) အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါ ရပိုင်ခွင့် တွေဖြစ်တဲ့ ခွင့်၊ ဆေးခွင့် ၊ ရှောင်တခင်ခွင့် ၊ လုပ်သက်ခွင့် စတာတွေ တစ်ခုမှ မရှိဘဲ ၂ ရက်ဆက်တိုက် ပျက်ပါက အလုပ်မှ ထုတ်ပယ်တာ အပြင် အလုပ်သမား ဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံရမှု လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူတွေရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ ကြောင့် ကျေနပ်မှုမရှိတဲ့ အလုပ်သမား ၂၀၀၀ ကျော်က ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ စက်ရုံတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

“JW(ADK) စက်ရုံနဲ့ပါတ်သက်ပြီးတော့ ချိုးဖောက်မှုတွေဖြစ်နေတယ်ဆိုတာကို အလုပ်သမားအချို့က မတ်လထဲက တိုင်ကြားမှုရှိပါတယ်။ အဲ့ဒီဟာနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြနိုင်အောင်လဲ စီစဉ်ခဲ့ကြတယ်။ သတင်းမီဒီယာတွေမှာ တင်ပြနိုင်ခဲ့သော်လည် စက်ရုံဘက်ကနေ ဂရုစိုက်ပြီးတော့ ပြုပြင်မှုတွေမရှိဘူးပေါ့နော်။ စက်ရုံမှာဆိုလို့ရှိရင်လည်း အပြည်ပြည်ဆိုင်ရာ နာမည်ကြီး Brands တွေကိုချုပ်နေတာဖြစ်ပါတယ်။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာ နာမည်ကြီး Brands တွေက သူတို့ အထည်အပ်တဲ့အခါမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းဆိုတာကို JW(ADK)စက်ရုံက လုံးဝလေးစားလိုက်နာမှုမရှိဘူး လေးစားလိုက်နာမှုမရှိတဲ့အပေါ်မှာလည်း စက်ရုံကို အရေးယူတာမျိုး မတွေ့ရလို့ အခု Brand ကို တိုက်ရိုက် ဆက်သွယ်ပြောကြားပြီး တာ၀န်ယူရန် အကြောင်းကြားခြင်း ဖြစ်ပါတယ်” လို့ ဒေါ်ခိုင်ဇာအောင်က ယခုဖြစ်စဥ်အပေါ်  သုံးသပ်ပြောဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ CRIVIT ကို ဂျာမနီနိုင်ငံရှိ  LIDL company က ပိုင်ဆိုင်တာ ဖြစ်ပြီး မြန်မာနိုင်ငံက JW(ADK) စက်ရုံမှာ CMP  စနစ်နဲ့ အပ်ထည်များချုပ်လုပ်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတည်ငြိမ်မှုမရှိတဲ့ ကာလမှာတောင် အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဖိနှိပ်မှုတွေကို မခံမရပ်နိုင်တာကြောင့် ဆန္ဒဖော်ထုတ်တဲ့အခြေအနေထိ ဖြစ်လာရတယ်လို့ ဆိုပါတယ်။

အဓိက တောင်းဆိုချက်တွေက ဖြတ်တောက်ထားတဲ့ ရပိုင်ခွင့်တွေ ၊ ခွင့် ဆိုင်ရာ ကိစ္စရပ်တွေ  အချိန်ပိုခေါ်ယူတဲ့ ကိစ္စရပ်တွေ၊ လုပ်ငန်းခွင်အတွင်း ကြမ်းတမ်းစွာ အော်ဟစ်ဆဲဆိုတာ နဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေအပြင် လုပ်ငန်းခွင်ဆိုင်ရာ ပစ္စည်းတွေကို အလုပ်သမားတွေကိုယ်တိုင် ဝယ်ယူအသုံးပြုနေရာတွေအပေါ် အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေထံက သိရပါတယ်။

လက်ရှိမှာ အလုပ်သမား ၂၀၀၀ ဝန်းကျင်ဟာ စက်ရုံဝင်းအတွင်း ညှိနှိုင်းမှုရလာဒ်ကိုစောင့်ဆိုင်းနေဆဲ ဖြစ်ပြီး စစ်တပ် နှင့် ရဲ များအပါအဝင် အလုပ်သမား တိုင်းရုံး မှ လာရောက်ကာ စက်ရုံ တာဝန်ရှိသူများနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။

 


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026