NEWS

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့် လုပ်သားဦးရေ ၄၀၀ နှင့်အထက်ရှိပါက   လုပ်ငန်းခွင် အထိ လာရောက် လုပ်ကိုင်ပေးမည်ဟု မြန်မာသံရုံးကြေညာ

CoverLogo
327 Views

ထိုင်းနိုင်ငံ ရှိ စက်ရုံ၊ အလုပ်ရုံ နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေ မှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့် မြန်မာလုပ်သား ၄၀၀နဲ့ အထက် ရှိပါက စက်ရုံ၊အလုပ်ရုံ နဲ့ လုပ်ငန်းခွင် ထဲ သို့ Mobile Team စေလွှတ် လုပ်ဆောင်ပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဘန်ကောက်)က ဒီဇင်ဘာ ၇ရက် အသိပေး ထုတ်ပြန်ထားပါတယ်။ 

ထိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၂၄ခုနှစ် စက်တင်ဘာ လ ၂၄ရက်နေ့ ထုတ်ပြန်ချက်အရနိုင်ငံကူးလက်မှတ် နှင့် CI ကိုင်ဆောင်ထားတဲ့  မြန်မာလုပ်သားတွေ အနေနဲ့  ထိုင်းနိုင်ငံအတွင်း (၂) နှစ် သက်တမ်းရှိတဲ့  ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမှုကို ပေးအပ်မှာ ဖြစ်ရာ   (၂) နှစ် သက်တမ်းတိုးနိုင်ရန်အတွက် ပုံမှန်အားဖြင့် စာအုပ်သက်တမ်း မှာ အနည်းဆုံး ၂ နှစ် ၆ လခန့် ကျန်ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ 

စာအုပ်သက်တမ်းကုန်နေသူတွေ အနေနဲ့  မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တို့ မှာ  စာအုပ်အသစ်ပြုလုပ်ခြင်း၊ စာအုပ်နှစ်အုပ်မှာ တစ်ဉီးတည်းဖြစ်ကြောင်း ထောက်ခံချက် (လိုအပ်လျှင်) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးမယ်လို့ မြန်မာသံရုံးကအသိပေးကြေညာထားပါတယ်။ 

စက်ရုံ/အလုပ်ရုံ တွေ နဲ့  ဆောက်လုပ်ရေးလုပ်ငန်း တွေ မှာ  နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူအရေအတွက် ၄၀၀ နဲ့ အထက်ရှိပါက လုပ်ငန်းမရပ်တံ့စေရေးနှင့် လုပ်သားတွေရဲ့ နေ့တွက်စရိတ်မဆုံးရှုံးစေရေးကို ရည်ရွယ်ပြီး  စက်ရုံ/အလုပ်ရုံနှင့် လုပ်ငန်းခွင်သို့ Mobile Team ‌စေလွှတ်လုပ်ဆောင်ပေးမယ်လို့ဆိုပါတယ်။ 

ဒါကြောင့်  လုပ်သားစာရင်း ကို  သတ်မှတ်ပုံစံ ဖြည့်စွက်ပြီး  လုပ်ငန်းခွင်ရဲ့  HR Manager ထောက်ခံချက်နှင့်အတူ မြန်မာသံရုံး/ ကောင်စစ် ဝန်ချုပ်ရုံးတို့ရဲ့ ကောင်စစ်ဌာနသို့ဒီဇင်ဘာ၉ ရက်နေ့မှစတင်ပြီး  လာရောက်တင်ပြရန် လိုအပ်ကာ CI စာအုပ်များ သက်တမ်းတိုးရေးလုပ်ငန်းစဉ်ကိုလည်း  ဆက်လက်အသိပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် စက်ရုံ၊အလုပ်ရုံနဲ့  ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရှိတဲ့  မြန်မာလုပ်သားတွေ အနေနဲ့  လည်း ယခုဖော်ပြပါ ကိစ္စ ကို မိမိတို့စက်ရုံ အလုပါရုံရှိ HR Manager များထံသို့ ဆက်လက်အသိပေးရန်   မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026