NEWS

နားရက်မရဘဲ အချိန်ပိုအလွန်အကျွံလုပ်ကိုင်နေရ

CoverLogo
903 Views

ရန်ကုန်တိုင်း  လှိုင်သာယာအနောက်ပိုင်း မြို့ နယ် ရွှေလင်ဗန်းစက်မှုဇုန် ပြည်စည်မင်းသားကြီးလမ်းမှာဖွင့်လှစ်ထားတဲ့  NEW FUBON Company Limited မှာ အချိန်ပိုအလွန်အကျွံခေါ်ယူခိုင်းစေပြီး နားရက်မရတာ ကြောင့် ကျန်းမာရေးထိခိုက်မှုရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါစက်ရုံမှာ MOHITO အမှတ်တံဆိပ်ချုပ်လုပ်ကာ အလုပ်သမား ၁၅၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး စက်ရုံဖွင့်သက်တမ်းမှာ ၄ လခန့်သာရှိသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ အီးစီစာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ ခိုင်းစေနေတာဖြစ်ပြီး အလုပ်သမားတွေရဲ့ သဘောတူချက်မပါဘဲ အချိန်ပိုခေါ်ယူခိုင်းစေပြီး တရားဝင်ရုံးပိတ်ရက် အများပြည်သူရုံးပိတ်ရက်နဲ့ စနေနေ့လိုနေ့တွေမှာပါ အချိန်ပိုနဲ့ အောနိုက် အောလင်း ( ညလုံးပေါက်)ဆင်းရပြီး နောက်ရက်တွေမှာပါ ပုံမှန်အလုပ်ဆင်းရပြီး အိပ်ရေးမဝလို့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နေတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အဓိကကတော့ အိပ်ရေးမဝတာပဲ အိပ်ရေးမဝလို့ နောက်နေ့အချိန်ပိုခေါ်တာမဆင်းရင် အောစူပါ စူပါနဲ့ မန်နေဂျာတို့က ဖိအားပေးတယ် ခွဲခြားဆက်ဆံတာတွေရှိတယ် အဲ့တာကြောင့် အလုပ်သမားတွေမှာရွေးချယ်စရာမရှိဘူး မဆင်းမနေရ ဒဘလယ်ဆင်းနေရတယ်"လို့ အလုပ်သမားတစ်ဦး‌ကပြောပါတယ်။

ယခုလို အောနိုက် အောလင်းများကို တလျှင် အနည်းဆုံး ၁၅ ရက်ထက်မနည်းဆင်းနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

မည်သည့် အလုပ်သမားမဆို ရက်သတ္တပတ်ကို အချိန်ပို နာရီပေါင်း ၂၀ သာ ခေါ်ယူဖို့ အလုပ်သမားဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေအတွက် အထည်စံချိန်ကို တသမတ်တည်း‌သတ်မှတ်ထားတာမဟုတ်ဘဲ နေ့စဉ်နဲ့အမျှ စံချိန်တိုးမြှင့်တောင်းဆိုလာပြီး ချုပ်လုပ်နိုင်တဲ့ပမာဏကျော်လွန်တောင်းခံနေတာလို့လည်း အလုပ်သမားကပြောပါတယ်။

"ဒီနေ့ကို အထည် ၄၀ ၊ ၅၀ ကနေ ၁၀၀ အထိတောင်းတယ် အဲ့‌လိုတောင်းတာကို အလုပ်သမားက ရေမသောက် အိမ်သာမသွားဘဲ ရအောင်အသဲအသန်ချုပ်ပေးပြီဆိုရင် နောက်နေ့မှာ စံချိန်ကို အရင်ထက်ပိုပြီးတောင်းတယ် ဖိအားပေးပြီးတောင်းတာဖြစ်တဲ့အတွက် မရရင် အောစူပါ စူပါတွေက ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာခံရတယ် နေ့စဉ်နဲ့အမျှပဲ တချို့ရက်တွေဆို ဝန်ထမ်းအသစ်တွေက အရင် စက်ရုံတွေမှာဆင်းခဲ့တဲ့ လစာတွေသွားထုတ်ချင်လို့ ဂိတ်ပက်တောင်းရင်လည်း ကြမ်းကြမ်းတမ်းတမ်းအပြောခံရတယ် အလုပ်က်ချက်ချင်းနုတ်ထွက်စာရေးပြီး တခါထဲထွက်သွားဆိုတာမျိုးတွေပြောတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်ရှင်ဘက်မှ အထည်စံချိန်တောင်းခံရမှာ ချုပ်လုပ်နိုင်သောပမာဏကိုသာသတ်မှတ်တောင်းခံရန် အလုပ်သမားသဘောဆန္ဒမပါဘဲ အချိန်ပိုနှင့် အောလင်းအောနိုက်များဆင်းခိုင်းခြင်းမပြုရန် ကြီးကြပ်သူတွေဖြစ်တဲ့ မန်နေဂျာ အောစူပါနှင့် စူပါများမှ အလုပ်သမားများကို ဖိအားပေးခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများမပြုလုပ်ရန် စတာတွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026