NEWS

ဒေးကြေး ၅၆၀၀ ကျပ်မရရှိဘဲ ကျွမ်းကျင်ကြေးဖြင့်သာ အလုပ်သမားတောင်းဆိုမှုရပ်ဆိုင်းခဲ့ရ

CoverLogo
1.1K Views

လှိုင်သာယာ၊ အနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်၊ နဝဒေ မင်းကြီးလမ်းမှာရှိတဲ့  ကျင့်ကျန်ထုံလီစက်ရုံကအလုပ်သမားတွေဟာ တစ်နေ့လုပ်ခဒေးကြေး ၅၆၀၀ကျပ်ရရှိတဲ့ အထိ တောင်းဆိုမယ်ဆိုကာ စက်ရုံတွင်းတောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့ ကျွမ်းကျင်ကြေးတိုးမြှင့်ပေးခဲ့ရုံဖြင့်သာ လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမားစုစုပေါင်း ၁၅၄၀ ဦးဖြင့် H&M အမှတ်တံဆိပ်ေတွကို ချုပ်လုပ်လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်ကာ ၂၀၁၅ ဇူလိုင်က စတင်စက်ရုံဖွင့်လှစ်ခဲတာလို့ သိရပါတယ်။

“ ကျွမ်းကျင်ကြေးကိုလည်း အေ ဘီ စီဆိုတဲ့ တိုင်မပေးတော့ဘဲ သုံးလသမားကိုသုံးထောင် ခြောက်လသမားကိုငါးထောင်ဆိုပြီးပေးလိုက်တယ်။ အလုပ်သမားတွေကလည်း အများရဲ့ဆန္ဒအရ   သဘောတူလိုက်တယ်။ အဲ့တစ်ခုပဲရတယ်။ ကျန်တဲ့ဒေးကြေး ၅၆၀၀ လည်းမရဘူး။အထည်စုကြေးလည်းမရဘူး။ နှစ်ကြေးလည်းမရဘူး။ အလုပ်သမားတွေတောင်းဆိုချက်ထဲက တစ်ချက်ပဲရတယ်ပေါ့။ အလုပ်သမားတွေက မသိတာလည်းပါတယ်။ ပစ်ကတ်ကြေးကိုနှစ်ဆပေးမယ်ပေါ့ အရင်ကငါးရာရတယ်ဆိုရင်  ခု၇၀၀ ၈၀၀ တစ်ထောင်ပေးလိုက်တယ်ပေါ့။ အဲ့လိုပေးတယ်ဆိုတာကလည်း ပါးစပ်နဲ့ပဲပေးတာ။ စာချုပ်မချုပ်ရသေးဘူး။ တစ်ကတ်ကြေးကလည်း ၁၀ရက်နေ့ကိုစောင့်ကြည့်ရမယ်။  သူတို့ကိုပတစ်ကတ်ကြေးနှစ်ဆပေးမယ်ဆိုတာနဲ့ပဲ အလုပ်သမားတွေကငြိမ်သွားတယ်” လို့ အလုပ် သမားများထံမှ သိရပါတယ်။  

အဆိုပါစက်ရုံကအလုပ်သမားတွေရဲ့တောင်းဆိုချက်များဟာ  လုပ်ခလစာနဲ့ ကုန်စျေးနှုန်းမှာ လက်ရှိရရှိနေသောဒေးကြေးနဲ့ ကိုက်ညီမှုမရှိခြင်း၊ တစ်ချို့သောစက်ရုံများတွင်လည်း ဒေးကြေများတိုးမြင့်ပေးနေသောကြောင့်   ဒေးကြေး၅၆၀၀ ကျပ်ပေးရန်။  
လုပ်သက်နှစ်အလိုက်  ၆လပြည့်ပြီးတစ်နှစ်အတွင်းအလုပ်သမားများကို  ၅၀၀၀ကျပ်၊ တစ်နှစ်ပြည့်ပြီးနှစ်နှစ်အတွင်းမအလုပ်သမားများကို  ၁၀၀၀၀ကျပ်၊ နှစ်နှစ်ပြည့်ပြီးသုံးနှစ်အတွင်းအလုပ်သမားများကို  ၂၀၀၀၀ကျပ်၊ သုံးနှစ်ပြည့်ပြီးလေးနှစ်အတွင်းအလုပ်သမားများကို  ၃၀၀၀၀ကျပ်၊လေးနှစ်အထက်အလုပ်သမားကို ၄၀၀၀၀ကျပ်ပေးရန်။ 
အလုပ်သမားများရဲ့ ကျွမ်းကျင်မှုအလိုက်  ကျွမ်းကျင်ကြေးအဖြစ် A(50000) B(40000) C(30000)အဖြစ် သတ်မှတ်ပေးရန်။ 
အလုပ်သမားများ ချုပ်လုပ်နိုင်တဲ့ စံချိန်များအတိုင်း အထည်ဆုကြေးပေးရန်။ 
အလုပ်သမားများက ခွင့်များယူလျှင်  စက်ရုံဘက်မှ ရက်မှန်ကြေးမဖြတ်တောက်ရန်၊ ဖြတ်တောက်မည်ဆိုပါက ရှေ့၁၅ရက် နောက်၁၅ရက် ခွဲ၍ဖြတ်တောက်ရန်။ 
စက်ရုံထဲမှာ သန့်ရှင်းမှုမရှိခြင်း၊  အိမ်သာတံခါးများမကောင်းခြင်း၊ မိန်လာပြည့်နေခြင်းများရှိနေခြင်းကြောင့် အလုပ်ရှင်မှ ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ပေးရန်။ 
စက်ရုံမှ ထမင်းစားဆောင်များသည်  လူဦးရေနှင့် ခုံမျှတလုံလောက်မှုမရှိခြင်းတို့ကြောင့်                   အလုပ်သမား များအောက်ကြမ်းပြင်တွင် ထမင်းထိုင်စားရခြင်းများရှိနေသဖြင့် အလုပ်ရှင်အနေဖြင့်  လူဦးရေနှင့်ခုံ လုံလောက်အောင်ပြုလုပ်ပေးရန်  စတဲ့တောင်းဆိုချက်များကို  အဆိုပါအလုပ်သမားများကတောင်းဆိုခဲ့ကြတာပါ။

အဲ့ဒီတောင်းဆိုချက်ကိုပြီးခဲ့တဲ့ဇွန်လ၅ရက်နေ့က ညှိနှိုင်းဆွေးနွေးခဲ့ရာ ပြေလည်မှုတစ်ချို့ရရှိခဲ့ပြီး  ကျန်ရှိနေတဲ့တောင်းဆိုချက်များအတွက်  ဒီကနေ့ဇွန်လ၇ရက်နေ့မှာ ဆက်လက်ညှိနှိုင်းခဲ့ရာ ဒေးကြေး၅၆၀၀ကျပ်တိုးပေးရန်နဲ့ အထည်ဆုကြေး၊ နှစ်ကြေးစတဲ့တောင်းဆိုချက်များပြေလည်မှုမရရှိခဲ့ဘဲ  ကျွမ်းကျင်ကြေးတိုးပေးရန်သာပြေလည်ခဲ့တာဖြစ်ပြီး  ပစ်ကတ်ကြေးနှစ်ဆတိုးပေးဖို့ကိုတော့ ၁၀ရက်နေ့စောင့်ကြည့်မှသာသေချာသိရမှာဖြစ်တယ်လို့ အလုပ်သမားများထံမှ သိရပါတယ်။

တောင်းဆိုထားတဲ့အချက် ၁၁ ချက်တောင်းဆိုမှုအနက်  ဥပဒေနဲ့အချက်တွေကအဆင်ပြေခဲ့ကာ  အကျိုးစီးပွားနဲ့ပတ်သက်တဲ့တောင်းဆိုမှုမှာတော့  ကျွမ်းကျင်ကြေးတိုးပေးမှုကိုသာရရှိခဲ့တာဖြစ်လို့ ဒါဟာစက်ရုံတွင်းတောင်းဆိုမှုပြုလုပ်နေစဉ်ရက်များအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်၀င်ရောက်ခဲ့ပြီးခြိမ်းခြောက်မှုရှိခဲ့တာကြောင့်  အလုပ်သမားများကတောင်းဆိုမှုငြိမ်သက်ခဲ့တာဖြစ်တယ်လို့လည်း  အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက  သုံးသပ်ပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026