NEWS

ဒေးကြေး ၅၆၀၀ ကျပ်တိုးပေးရန်နှင့် အချိန်ပိုကြေးကို ဥပဒေနှင့်အညီပေးရန် AMG စက်ရုံလုပ်သားတွေတောင်းဆို

CoverLogo
1.3K Views

ဒေးကြေး ၅၆၀၀ ကျပ်တိုးပေးရန်နှင့် အချိန်ပိုကြေးကို ဥပဒေနှင့်အညီပေးရန် AMG စက်ရုံလုပ်သားတွေတောင်းဆိုထားတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန် ၊ ဦးထွန်းညိုလမ်း မှာဖွင့်လှစ်ထားတဲ့ AMG အထည်ချုပ်စက်ရုံမှာ အလုပ်သမားတစ်ထောင်ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာလို့ သိရပါတယ်။

ယခုလို အလုပ်သမားအခွင့်အရေးတောင်းဆို မှုများ အတွက်လည်း အလုပ်သမား ခေါင်းဆောင်တွေ 
ခြိမ်းခြောက်ခံနေရတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်လူမျိုးပိုင်ဖြစ်ပြီး  esmara, ALPS, clevercare.info, Global Recycled Standard, စတဲ့ အမှတ်တံဆိပ် များကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ၊ ၂၆ ရက်နေ့မှာ  လုပ်ခလစာတိုးပေးရန်အတွက် အလုပ်ရှင်ထံ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်များ ညှိနှိုင်းဆောင်ရွက်ပေးရန် ပထမအကြိမ် တောင်းဆိုခဲ့ကြတာကြောင့် အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းတို့မှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ၁ရက်နေ့တွင် (၃) ကြိမ်ညှိနှိုင်းခဲ့ကြရာ  အလုပ်ရှင်မှ တိုးမပေးနိုင်ကြောင်းအသိပေးခဲ့တယ်လို့ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ဒေးကြေး ၅၆၀၀ ကျပ်ပေးဖို့ ၊ ရက်မှန်ကြေးယခင်ပေးထားသည့် (၁၂၀၀၀) ကျပ်ကို (၁၈၀၀၀) ကျပ်ပေါင်း၍ စုစုပေါင်း (၃၀၀၀၀) ကျပ်ပေးရန် ၊ နှစ်ကြေးကို ယခင်ကပေးထားသည့် တစ်နှစ်လျှင် (၂၀၀၀) ကျပ်၊ တစ်နှစ်အထက်များကို (၉၀၀၀) ကျပ်ပေးထားသည်ကို ယခုတစ်နှစ်လျှင် (၂၀၀၀) ကျပ်၊ နှစ်နှစ်ကို (၄၀၀၀) ကျပ်၊ သုံးနှစ် (၆၀၀၀)ကျပ်ဖြင့် တစ်နှစ်ပြည့်တိုင်း (၂၀၀၀) ကျပ်ထပ်တိုးပေါင်းပေးဖို့ သတ်မှတ်ပေးရန်တောင်းဆိုထားတာလို့ ဆိုပါတယ်။

ဆက်လက်ပြီး အထည်စံချိန်များကို အလုပ်သမားချုပ်လုပ်နိုင်တဲ့   စံချိန်ကိုသာတောင်းခံရန်နှင့် လူမှုဖူလုံရေးဆေးခွင့်များယူပါက  ငွေကြေးခံစားခွင့်ကို လစာတွင်ထည့်ပေးရန် စတာတွေ  တင်ပြထားတယ်လို့ သိရပါတယ်။

စက်ရုံတာဝန်ရှိသူ မန်နေဂျာမှ ၃ လ မှ ၆ လ အထိလုပ်သက်ရှိ အလုပ်သမားတွေကို ၅၄၀၀ ကျပ် တိုးပေးမယ်ဟုဆိုကာ ကျန်တောင်းဆိုချက်တွေဖြစ်တဲ့ ရက်မှန်ကြေး နှစ်ကြေးများ မတိုးပေးနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေကို စောင့်ကြည့်တာမျိုးတွေရှိပြီး ခြိမ်းခြောက်မှုတွေကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

အလုပ်သမားများ အနေဖြင့် အဆိုပါတောင်းဆိုချက်များအတွက် ညှိနှိုင်းမှု မရရှိပါက ဆန္ဒပြတောင်းဆိုသွားမည်ဆိုပြီး စက်ရုံထဲတွင် ပြောဆိုခဲ့တာကြောင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ၈ ရက်နေ့ မနက် ၉ နာရီ ခွဲ အချိန်တွင် အလုပ်သမားခေါင်းဆောင်  (၄) ဦးကို မန်နေဂျာမှ ခေါ်တွေ့ကာ  ဒေးကြေးကိုတက်နိုင်သလောက်တိုးပေးပြီး  အစမ်းခန့် အလုပ်သမားများကို (၄၈၀၀) ကျပ်၊ လုပ်သက် (၃)လမှ (၆) လကို (၅၀၀၀) ကျပ်၊ တစ်နှစ်အထက်များကို (၅၄၀၀) ကျပ်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေအရ ကုန်ဈေးနှုန်းနှင့် စားဝတ်နေရေးအတွက် လုပ်ခလစာရရှိမှု နည်းပါးပြီး အခက်အခဲတွေရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ တောင်းဆိုချက်တွေကို အပြည့်အဝ ပေးစေလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026