NEWS

ဒေးကြေးတိုးပေးဖို့ Lita Myanmar Co.,ltd အလုပ်သမားတွေလိုလားနေ

CoverLogo
555 Views
 
စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ခေတ်နဲ့ လျော်ညီတဲ့ လုပ်ခလစာတိုးပေးဖို့ ၊ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖြေရှင်းပေးဖို့ Lita Myanmar Co.,ltd အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်လက်မှုလက်မှု အလုပ်သမားများအဖွဲ့ ချုပ် IWFM ကို အကူအညီတောင်းခံထားတာပါ။
 
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါလုပ်ငန်းမှာ အလုပ်သမား ၈၀၀ ကျော်နဲ့ လည်ပတ်နေပြီး Srrvo, Cross Linen, Onward စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေလို့ သိရပါတယ်။
 
စက်ရုံက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၄ ၊ စက်ဆရာဦးထွန်းလမ်း မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ၊ ဆေးခွင့်တွေခံစားခွင့်မရဘဲ အလုပ်တရက်ပျက်ပါက ဒေးကြေး၊ ထောက်ပံ့ကြေး၊ ရက်မှန်ကြေး စုစုပေါင်း ၄၈၀၀၀ ကျော်ဖြတ်တောက်ခံရတာကြောင့် နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ အထည်စံချိန်တောင်းခံတာတွေရှိနေတယ်လို့ လည်း အလုပ်သမားတွေကပြော ထားပါတယ်။ လူဦးရေ ၄၀ ရှိတဲ့ စက်လိုင်းတလိုင်းမှာ အထည် ၄၀ နှုန်းနဲ့ ချုပ်လုပ်ပေးနေရတယ်လို့ ပြောပါတယ်။
" အချိန်ပိုအိုတီကိုနေ့တိုင်း ည၈နာရီခွဲ အထိလောက်ဆင်းရပြီး စနေနေ့ဆိုရင် ၆နာရီအထိဆင်းနေရပါတယ်။ အလုပ်ရှင်ဘက်တော့ လစာ ပိုလိုချင်ရင် အချိန်ပိုအိုခေါ်ရင် ဆင်းကြပါဆိုပြီးပြောပါတယ်၊ တစ်နေ့အလုပ်ချိန် ၁၂နာရီလောက်လုပ်ရပေမယ့် ငါးသိန်းခွဲလောက်တောင်မရပါဘူး စားဝတ်နေရေး မပြေလည်တဲ့အတွက် ဒေးကြေးတိုးပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ ကောင်းမွန် တဲ့ လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်တွေဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်က အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်တောင်းခံနေခြင်းမပြုလုပ်ရန်။
၂။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်မှခံစားခွင့်ပေးရန်။
၃။ အိမ်သာတွေ ပြည့်လျှံနေခြင်းကို အလုပ်ရှင်မှစီစဥ်ဆောင်ရွက်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ စနေနေ့များတွင် ညနေ၆နာရီမထိ အချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများအဖြင့် အသက်၁၅၊ ၁၆အရွယ်ရှိသော လူငယ်၊ လူရွယ် အလုပ်သမားများကို လူကြီးအလုပ်သမားများနှင့် တန်းတူခိုင်းစေနေခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဒေးကြေးတိုးပေးရန်။
၇။ စက်ရုံတစ်မိုးအောက့်ထဲတွင် အတူတူလုပ်လုပ်နေရသော သန့်ရှင်းရေးအလုပ်သမားများကိုလည်း ဒေး ကြေးအတူတူပေးရန် Lita Myanmar Co.,ltd အလုပ်သမားတွေကတောင်းဆိုထားတာဖြစ်ပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026