NEWS

ဒေးကြေးတိုးတောင်းတဲ့ Kingsrich (MYANMAR) Fashion စက်ရုံအလုပ်သမားတွေ နှုတ်ကတိဖြင့် ပြေလည်မှုရရှိ

CoverLogo
633 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ၁၈ ရပ်ကွက်၊ ရေပြာလမ်း ၊အမှတ်-- ရှိ Kingsrich (MYANMAR) Fashion Limited မှာ၀င်ရောက်လုပ်ကိုင်နေကြတဲ့  အလုပ်သမားတွေဟာ ဒီကနေ့ ဇွန် ၁၀ရက်နံနက်ပိုင်းက  ဒေးကြေးတိုးပေးဖို့စက်ရုံတစ်ရုံလုံး အလုပ်ရပ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြရာ  လုပ်ငန်းရှင်ဘက်က ဒေးကြေး ၇၅၀၀ ပေးမယ်လို့ နှုတ်ကတိဖြင့်လတ်တလောပြေလည်မှုရရှိထားတယ်လို့ ကနဦးသိရပါတယ်။ 

"ဒေးကြေးက ၇၅၀၀ အိုတီကြေးက ၂၀၀၀ နဲ့အဆင်ပြေသွားတယ်။ အရင်က ၄၈၀၀ အိုတီကြေးက ၁၄၀၀။ ခုဒီ ၄၈၀၀ ကနေ  ၅၈၀၀ တောင်မှတိုးဖို့တော်တော်ကြာတယ်။ ကြာတော့ခုလည်းတိုးဖို့မစောင့်နိုင်ကြတော့လို့ ခုလိုတောင်းဆိုလိုက်ကြတာ။ ခုညနေ၄ခွဲပြန်ခါနီးမှ  စူပါတွေ လီဒါတွေကိုခေါ်ပြီး ၀န်ထမ်းတွေတောင်းဆိုတာကိုလက်ခံတယ်လို့ပြောတယ်။ စာချုပ်တော့မချုပ်ရသေးဘူး။ မနက်ဖြန်မနက်မှသိရမယ်။ နှုတ်အားဖြင့်တော့ သဘောတူထားတယ်"လို့ အလုပ်သမားနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။

ဆန္ဒပြတောင်းဆိုမှုကိုနံနက်၈နာရီကစတင်ပြီး  မီးများပိတ်ကာအလုပ်ရပ်ပြီးဆန္ဒပြတောင်းဆိုခဲ့လို့  တောင်းဆိုမှုအပေါ် စက်လိုင်းတစ်လိုင်းကို တစ်ယောက်ချင်းထွက်ပြီး ထုတ်ဖော်ပြောဆိုစေခဲ့ပေမဲ့   အလုပ်သမားတွေဘက်က အလုပ်ထုတ်ခံရမှာစိုးရိမ်တာကြောင့်  တစ်ဦးချင်း ဦးဆောင်တောင်းဆိုခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။ညနေပိုင်းမှာတော့ လိုင်းစူပါ နဲ့ လီဒါတွေကိုခေါ်ယူပြီး နှုတ်အားဖြင့် ကတိပေးခဲ့လို့ တောင်းဆိုမှုပြေလည်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေးကြေး ကျပ် ၇၅၀၀ နဲ့ အချိန်ပိုကြေး တနာရီ ၂၀၀၀ ကျပ် ပေးမယ်လို့ နှုတ်ကတိဖြင့် သဘောတူညီမှုရရှိထားပြီး ဇွန် ၁၁ ရက်မှာ စာချုပ်ချုပ်မှာဖြစ်ကြောင်း သိထားရပါတယ်။

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ လက်ရှိရရှိနေတဲ့ဒေးကြေး ၅၈၀၀ ကျပ်နဲ့အချိန်ပိုကြေး ၁၄၀၀ ရရှိနေတာ ဟာ စား၀တ်နေရေးအတွက်မလောက်ငှသလို အခက်အခဲများလည်းရှိတာကြောင့်နဲ့ အလုပ်ရှင်ဟာ  ဒေးကြေး၄၈၀၀ကနေ ၅၈၀၀ ဖြစ်ဖို့ပင်အချိန်ကြာမြင့်သည်အထိမရဘဲ တိုးပေးဖို့ခက်ခဲတာကြောင့်  ယခုလိုမျိုး ဆန္ဒပြတောင်းဆိုမှုကို  ယနေ့နံနက်၈နာရီ စက်ရုံထဲစရောက်ချိန်ကစလို့ ဒေးကြေးတိုးပေးဖို့  စက်ရုံတွင်းမီးများပိတ်ကာ  အလုပ်ရပ်ပြီး အလုပ်သမားများအားလုံးတောင်းဆိုကြတာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်ကာ  H&M အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026