NEWS

ဒေါ်လာနဲ့ ရွှေဈေးအနည်းငယ်ပြန်ကျ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေထပ်မံတက်လာနေ

CoverLogo
1.4K Views

ဒေါ်လာနဲ့ရွှေဈေးအနည်းငယ်ပြန်ကျလာခဲ့ပေမဲ့  အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့    အိမ်သုံးပစ္စည်းတွေက ကျမလာဘဲ  အတက်ဘက်ပဲ ထပ်တက်နေတယ်လို့ ဈေးကွက်မှ  စုံစမ်းသိရှိရပါတယ်။

"ပြည်တွင်းထုတ်ကုန်တွေက အခုမှလက်ကျန်ကုန်ကြမ်းပစ္စည်းကုန်ပြီး ကုန်ကြမ်း ပစ္စည်းသစ်ဝယ်ထုတ်ရသူတို့ကအခုမှတက်တဲ့အရာတွေရှိနေသေးတယ်။ ကျွန်တော်တို့မြန်မာ ပိုက်ဆံနဲ့ ကုန်ဈေးနှုန်း တို့သဘောက တက်ပြီးပျက်ပြီးရင် အရင်နေရာပြန်မရောက်တော့ပါဘူး ။ဘယ်ခေတ်ဖြစ်ဖြစ် ဒီပုံစံအတိုင်းပါပဲ ။ စားဆီနဲနဲကျတာကလွဲရင်  ကျန်တာတွေကအကုန်အတက်ပဲ။ ကော်ဖီမစ်တစ်ထုပ်ချင်းသုံးရာပေးရတယ်။  ကြက်သွန် ငြုပ်ကအစ အကုန်အတက်ပဲမကျသေးဘူး။ မီးဖိုချောင်သုံးမှန်သမျှအကုန်အတက်ပဲ"လို့  အသုပ်စုံရောင်းချနေတဲ့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ကုန်ဈေးနှုန်းအတက်အကျဟာ  ဒေါ်လာနဲ့ဆက်စက်မှုရှိနေပေမယ့်လည်း  ကုန်ထုတ်လုပ်ရာမှာ အဓိကလိုအပ်သောစွမ်အားစုလျှပ်စစ်မီးဟာ   ပုံမှန်မရဘဲမီးစက်ဖြင့်လည်ပတ်ထုတ်လုပ်နေရပါက  ကုန်ထုတ်လုပ်သူတွေအနေနဲ့  ဈေးချရဲမှာမဟုတ်ဘဲ  ဒေါ်လာဈေးနဲ့ရွှေဈေးတက်လို့စက်သုံးဆီနဲ့စားဆီဈေးမြင့်တက်မှုတွေကြောင့်   ရှိသမျှစားသောက်ကုန်၊လူသုံးကုန်တွေဆက်တိုက်မြင့်တက်သွားခဲ့ပြီး  ယခုလက်ရှိ ဒေါ်လာနဲ့ရွှေဈေး စက်သုံးဆီဈေးတွေပြန်ကျလာပေမဲ့  တက်ဈေး ၃၀% ၄၀% အထိရှိခဲ့တဲ့  အချို့ကုန်ပစ္စည်းမှာ ကျဈေးမှာ ၅%တောင်မပြည့်ဘူးလို့ လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

"ဒေါ်လာဈေးကျတာမှ ဒီနေ့နဲ့ဆို နှစ်ရက်သုံးရက်လောက်ရှိသေးတယ်။ ပြီးတော့ကျတာကလည်း ၃၅၀၀ ကေန ၃၃၀၀၊  ၃၂၀၀လောက်ဘဲ ကျသေးတာ။ ဒီလို ကမောက်ကမ မဖြစ်ခင်က ဒေါ်လာဈေးက ၂၀၀၀ လေ ပြီးတော့ ကုန်တွေ သယ်ယူပို့ဆောင်ဖို့အတွက် စက်သုံးဆီဈေးကလည်း ၂၂၀၀ လောက်ဖြစ်နေတုန်းဘဲ..ချက်ချင်းကြီး ဘယ်လို ကျမှာတုန်း..တက်တုန်းကလည်း တပတ်လောက်မှ ထ တက်ကြတာ..ခုလည်း ၂၄၀၀ လောက်ထိသာ ၅ ရက်လောက်ကျပြလိုက်..ကုန်ဈေးနှုန်းမချဘဲ ဘယ် Company မှ မနေရဲဘူး"  လို့ ကုန်စုံလက်ကားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

အခုလိုဈေးကွက်ပျက်နေတာတွေကြောင့်  အရောင်းဆိုင်တွေအနေနဲ့လည်း   တစ်နေ့နှစ်သိန်းခွဲသုံးသိန်းဖိုးရောင်းနေခဲ့ရပေမဲ့  လက်ရှိမှာတော့ တစ်နေ့တစ် သိန်းခွဲပင်ပြည့်အောင်မရောင်းရတော့တာကြောင့်  ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ  ရောင်းအားထက်၀က်ကျော်အထိ  ကျဆင်းလာတာလည်းဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်မတို့ ဝယ်စားသူတွေအနေနဲ့လဲပြောချင်ပါတယ် မုန့်တွေက ဈေးသာကြီးလာတယ် အရင်နဲ့အကွာကြီးကွာလာပါတယ် ဈေးတွေတက်လာတယ် မုန့်အရသာတွေညံ့လာတယ် လေဖေါင်းမုန့်တွေအထဲမှာ ဘာမှမပါဘူး လေကများများမုန့်ကနည်းနည်းလေ ကိတ်မုန့်ပေါင်မုန့်တွေ အရင်ထပ်သေးလာတယ် အရသာတွေ အတော်ပျက်စီးလာတယ်" လို့ စားသုံးသူတစ်ဦးကဆိုပါတယ်။

စက်တင်ဘာ၂၂ရက်နေ့မှာတော့   ပြင်ပဒေါ်လာပေါက်ဈေး ၃၁၅၀ ကျပ်ဖြစ်နေပြီး စက်သုံးဆီ၂၂၉၀ အထိ ပြန်လည်မြင့်တက်နေပြီး အရက် ဘီယာ၊ အချိုရည်နဲ့ ကိတ်မျိုးစုံစတဲ့ ကုန်ထုတ်လုပ်သူတွေအနေနဲ့ယခုလ၂၇ရက်နေ့မှစတင်ပြီး ကုန်ဈေးနှုန်းမြှင့်တင်ရောင်းချမှုတွေပြုလုပ်မယ်လို့ ကြေညာချက်တွေရှိနေပါတယ်။  

ထုတ်လုပ်သူတွေအနေနဲ့  ကုန်ကြမ်းပစ္စည်းဈေးတက်ခြင်းနဲ့  ကုန်ထုတ်လုပ်ရာမှာအဓိကကျတဲ့ လျှပ်စစ်မီးအလုံအလောက်မရရှိခြင်းနဲ့အတူ  စက်သုံးဆီဈေးမြင့်တက်နေခြင်းတို့ကြောင့် ထုတ်လုပ်သူတွေအနေနဲ့  ကုန်ပစ္စည်းတွေဈေးနှုန်းချနှိုင်မှာမဟုတ်သေးဘဲ ဆက်လက်၍အတက်ဈေးဘက်သာ  ဦးတည်နေတယ်လို့ ကုန်ထုတ်လုပ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026