NEWS

ဒူဘိုင်းနဲ့အိုမန်ကို အလုပ်သမား၄၀ခန့်အထိ ပို့ဆောင်ထားတဲ့ပွဲစားအားတရားစွဲဆိုထား

CoverLogo
1K Views

ဒူဘိုင်းနဲ့အိုမန်နိုင်ငံသို့ မြန်မာအလုပ်သမား၄၀ခန့်အထိ ပို့ဆောင်ထားတဲ့ပွဲစားကို ဖမ်းဆီးအရေးယူနိုင်ရန် တိုင်ကြားထားတယ်လို့ အိမ်အကူအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူထံမှ သိရပါတယ်။

“ဒီကနေ့မြန်မာအေးဂျင့်တစ်ယောက်ကို သွားဖမ်းဖို့လူကုန်တားကိုစာတင်ထားတာ။ ဒီနေ့ဖမ်းပေးမယ်တဲ့။ ဒူဘိုင်းနဲ့အိုမန်ကိုပို့တာမှန်သမျှအကုန် လူကုန်ကူးမှုပဲ။ ခုတရားစွဲတာကပြည်တွင်း။ သူတို့ပို့တာအများကြီးပဲ။ ၄၀လောက်ရှိနေပြီတဲ့။ အဲ့တာကသွားတဲ့အချိန်ဆို ဟိုဘက်နိုင်ငံကအလုပ်ရှင်က ဒီဘက်ကပို့ပေးတဲ့သူကို သိန်း၈၀ သိန်း၉၀ ၁၀၀လောက်ပေးတာ။ ပြီးတော့ဟိုဘက်နိုင်ငံအေးဂျင့်ဆီက သူတို့ကရသေးတယ်။ နှစ်နှစ်စာချုပ်ဆိုပြီးချုပ်ပြီးပေးတာ။ တစ်ကယ်လို့အလုပ်သမားကပြန်လို့ရှိရင် သူတို့ကအလုပ်သမားတစ်ယောက်ပြန်ပေးရတာ။ ခုလည်းအဲ့ဒီပိုက်ဆံအတွက် သူတို့ကသိန်း၁၀၀၊ ၁၀၀ကျော်အထိပြန်တောင်းတာ။ သူတို့မရှာချင်တော့လို့။ နှစ်နှစ်စာချုပ်တော့ အလုပ်ရှင်ဆီကို အိုမန်အေးဂျင့်ကနှစ်နှစ်ရောင်းလိုက်တာ”လို့ အိုမန်ရောက်မြန်မာအလုပ်သမားရဲ့ မိသာစုများနဲ့နီးစပ်သူကဆိုပါတယ်။

ယခုဖမ်းဆီးနိုင်ရေးဆောင်ရွက်နေရတဲ့ မြန်မာအေးဂျင့်ဟာ ၎င်းပို့လိုက်တဲ့အလုပ်သမားများအဆင်ပြေမှုမရှိဘဲ ဒုက္ခရောက်နေကြရခြင်း၊ အလုပ်ရှင်အဆင်မပြေလို့ အိမ်ရှင်ပြောင်းရာ အိုမန်နိုင်ငံအေးဂျင့်ထံတွင် အလုံအခြုံမရှိဘဲနေထိုင်ရခြင်း၊ အေးဂျင့်ဆီရောက်ပါကတစ်နေ့ကိုထမင်းတစ်နပ်သာကျွေးထားခြင်းနဲ့ နှစ်နှစ်မ ပြည့်မီပြန်ပါက လျော်ကြေးပေးရမည်ဖြစ်ခြင်းတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ ပါရာစီတမော၂၅လုံးသောက်ကာ မိမိကိုကိုယ်အဆုံးစီရင်တာပြုလုပ်လာတာကြောင့် နောက်တွင်ပိုမိုဆိုးရွားလာမည်ဆိုးတာကြောင့် ပြန်လည်ခေါ်ယူခွင့်ပြုဖို့ မိသားစုအနေဖြင့်တောင်းဆိုပြောဆိုပေမဲ့ တစ်ဦးလျှင်ကျပ်သိန်း ၁၂၀ ပေးဆောင်မှသာ အိုမန်နိုင်ငံအေးဂျင့်ထံမှ ပြန်လည်ခေါ်ယူပေးမယ်လို့ဆိုတာကြောင့် တရားစွဲဆိုလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်၊။

အလားတူပြီးခဲ့တဲ့ရက်ပိုင်းက အိုမန်နိုင်ငံရောက်မြန်မာအိမ်အကူမိန်းကလေးတစ်ယောက်ဟာ အနေဆင်းရဲအစားဆင်းရဲဖြစ်လို့ ဒုက္ခရောက်ရတာကြောင့် မိမိနေအိမ်သို့ပြန်လိုတယ်လို့ပြောရာက လျော်ကြေး၉၂သိန်းတောင်းခဲ့ပြီး လျော်ကြေးမပေးမချင်းမိသားစုအဆက်သွယ်ပေးမလုပ်ဘဲ အေးဂျင့်နဲ့မိသားစုသာချိတ်ဆက်ပြောဆိုခဲ့တယ်”လို့ အိမ်အကူအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးထံမှ သိရပါတယ်။

ယခုနောက်ပိုင်းမှာ အေးဂျင့်တွေကအိမ်အကူအလုပ်သမားတွေကို ပြန်ပေးဆွဲတဲ့ပုံစံမျိုးတွေနဲ့ ပြုလုပ်လာကြတာဖြစ်ပြီး မိသာစုများထံသို့ငွေညှစ်ကာ ငွေကြေးတောင်းခံမှုတွေပြုလုပ်လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနိုင်ငံကိုရောက်ရှိလုပ်ကိုင်နေကြတဲ့ အိမ်အကူလုပ်သားတွေဟာ နေ့ညအဆက်မပြတ်လုပ်ကိုင်ရပြီး အစားအသောက်အဆင်မပြေတာတွေအပြင် အိမ်ရှင်နဲ့ပြောဆိုဆက်ဆံရေး အဆင်မပြေတာတွေကြောင့် အေဂျင်စီကို အကြောင်းကြားပြီး အခြားတစ်အိမ်သို့ပြောင်းရွှေ့လုပ်ကိုင်ရနိုင်ပေမယ့်အိမ်ရှင်တစ်ဦးနဲ့ တစ်ဦး သိပ်မကွာတာကြောင့် အဆင်မပြေဖြစ်ကာ နေရပ်ပြန်လိုတာကြောင့် အခက်အခဲဖြစ်နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီလို အဆင်မပြေတာတွေကြောင့် အိမ်အကူလုပ်သားတွေဟာ မိမိတို့နေရပ်သို့ပြန်ချင်ပေမယ့် ပွဲစားကို လျော်ကြေးသိန်းရာချီပေးရမှာနဲ့ လေယာဉ်လက်မှတ်ခကုန်ကျစရိတ်ကြီးတာကြောင့် အခက်တွေ့နေကြရတာလည်းဖြစ်သလို လျော်ကြေးမပေးမချင်းမိသားစုနဲ့အဆက်သွယ်ဖြတ်တောက်ကာ ဖုန်းသိမ်းထားတာတွေကြောင့် ပိုမိုခက်ခဲသလိုညှင်းပန်းနှိပ်စက်ခံရမှုတွေအထိပါ ရင်ဆိုင်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026