NEWS

"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"

CoverLogo
64 Views

"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"

အလုပ်သမားအင်အားစုများအဖွဲ့တာဝန်ရှိသူ

မေဒေးအင်တာဗျူး

၁။   ၂၀၂၄ ခုနှစ်မှာကျရောက်မဲ့ ၁၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ၊ မေဒေးနေ့အထိမ်းအမှတ်တွက် အလုပ်သမားထုကို ဘယ်လို သတင်းစကားပါးချင်ပါသလဲ။

မိမိတို့ရဲ့ အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်ဆိုတဲ့စိတ်ဓါတ်ကို ဆက်လက် ကိုင်ဆွဲထားကြဖို့လိုပါတယ်။ 

၂။   လက်ရှိ ပြည်တွင်းပြည်ပ မှာရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားထုအနေနဲ့ ဘာတွေရင်ဆိုင်နေရပါသလဲ။

ပြည်တွင်း/ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားများအားလုံးဟာ လက်ရှိအခြေအနေ မှာ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် အခက်အခဲ စိန်ခေါ်မှုတွေ မြောက်များစွာ ရင်ဆိုင်နေကြရပါ တယ်။ ပြည်တွင်းအလုပ်သမားများဟာ လက်ရှိကာလမှာ ကမ္ဘာကြီးရဲ့ အနည်းဆုံးနီးပါး လစာကို ရရှိနေပြီး အဆမတန်ကြီးမြင့်လှတဲ့ ကုန်ဈေးနှုန်းရဲ့ဒဏ်ကို အလူးအလဲခံစားနေကြ ရပါတယ်။ ဒါနဲ့တစ်ဆက်တည်းမှာဘဲ အလုပ်ချိန်မြောက်များစွာ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရမှုမြောက်များစွာကို အဟာရချို့တဲ့စွာဖြင့် မဝရေစာ စားသောက်ရင်း ရင်ဆိုင်နေကြရ တာပဲဖြစ်ပါတယ်။ ထို့ပြင် လက်တလော ပြဌာန်းထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စိတ်ဖိစီးမှုများ အမြင့်ဆုံးသို့ရောက်ရှိနေကြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အဂတိလိုက်စားမှု၊ အနိမ့်ဆုံးသော အလုပ်သမားလူတန်းစားများကို ပြစ်မှတ်ထား စားရင်းသွင်း မှုတို့ကြောင့် အဓမ္မလုပ်အားပေးခိုင်းစေခံရမှု အသွင်သို့ဆောင်လာပြီး ဝမ်းနည်းကြေကွဲဖွယ်ရာ ထွက်ပေါက်များဖြင့် ဖြေရှင်းလာနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ပြည်ပသို့ နည်းလမ်းမျိုး စုံဖြင့် ထွက်ခွါနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း အေဂျင်စီများမှတစ် ဆင့် ထွက်ခွါကြသူများမှာ အနည်းငယ်အဆင်ပြေသော်လည်း ငွေကြေးမတတ်နိုင်၍ အောက် လမ်းမှထွက်ခွါကြသူများမှာ ဖမ်းဆီးထောင်ချခံရခြင်း၊ လူကုန်ကူးခံရခြင်း နှင့် အသက်အန္တ ရာယ်နှင့်အလွန်နီးကပ်သည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရခြင်း စသည့်အခြေအနေများကို ရင်ဆိုင်ရလျက်ရှိပါတယ်။ အေဂျင်စီများနှင့် သွားသည့်အလုပ်သမားများပင်လျင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ပြည်တွင်းဌာနဆိုင်ရာများ၏ အဂတိအလွန်အကျွံစားမှုတို့ကြောင့် လိုအပ်သည် ထက်ပိုမိုသည့် ငွေကုန်ကြေးကျဒဏ်များကို အလူးအလဲခံစားနေကြရပြီး ပြည်တွင်း/ပြည်ပ ပွဲစားများ၏ ငွေကြေးလိမ်လည်ခံရမှုများကိုလည်း ရင်ဆိုင်နေကြရသည့် ကာလအခြေအနေ ဖြစ်ပါတယ်။

၃။   စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံအလုပ်သမားထုရဲ့မေဒေးအခမ်းအနားကို လက်ရှိမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ဆင်နွှဲနေကြပါသလဲ။

လက်ရှိကာလ မေဒေးအခမ်းအနားများကို မိမိတို့အစုအဖွဲ့အလိုက်၊ သမဂ္ဂများအလိုက်  လွတ်လပ်စွာ ကျင်းပနိုင်သည့်အခြေအနေများမရှိပါ။ အလုပ်သမားဝန်ကြီးဌာနက ရုပ်ပြပြုလုပ် သည့်အခမ်းအနားများကိုသာ အလုပ်သမားသမဂ္ဂများကို ဖိတ်ကြားပြုလုပ်လျက်ရှိပြီး သမဂ္ဂ အများစုက တက်ရောက်လိုကြခြင်းမရှိပါ။ 

၄။   ကိုဗစ်နဲ့ အာဏာသိမ်းမှုတွေကြောင့် အလုပ်သမားထုအနေနဲ့ ဘာတွေဆုံးရှုံးသွားခဲ့ရပါသလဲ။

ကိုဗစ်ကာလနဲ့ အာဏာသိမ်းမှုဖြစ်စဉ် တစ်ဆက်တည်းဖြစ်ခဲ့ခြင်းကြောင့် အလုပ်လက်မဲ့လူဦး ရေ အဆမတန်မြင့်မားလာခြင်း၊ လုပ်ငန်းခွင်အတွင်း နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများမြင့် တက်လာခြင်း၊ လူကုန်ကူးခံရခြင်း၊ အစာအဟာရများ လွန်စွာချို့တဲ့လာခြင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ အနိမ့်ဆုံးနီးပါးသို့ ရောက်ရှိသွားခြင်းတွေ ဖြစ်ပါတယ်။

၅။  ဖူလုံသောလုပ်ခ သင့်တင့်သောလုပ်ခလစာ  ကောင်းမွန်သောလုပ်ငန်းခွင်ဆိုတဲ့ ရည်မှန်းချက်တွေက မြန်မာလုပ်သားထုအတွက် အလှမ်းဝေးနေသေးတယ်လို့ ထင်မြင်ပါသလား။  

တစ်နေ့တစ်ခြား  အဝေးဆုံးအခြေအနေသို့ နေ့စဉ်ရွေ့လျားရောက်ရှိနေတာဘဲဖြစ်ပါတယ်။

၆။  အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အလုပ်သမားထုအနေနဲ့ ဘယ်လို ခံယူချက်မျိုးနဲ့ တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါသလဲ။

အလုပ်သမားအခွင့်အရေးဆိုတာ ဒီမိုကရေစီပေါ်မှာ များစွာအခြေခံပါတယ် ဒီမိုကရေစီ နဲ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ။ အဲ့ဒါကြောင့် အလုပ်သမားအခွင့်အရေးကို ပြည့်ဝစွာ ရရှိခံ စားလိုကြလျင် စစ်မှန်သည့် ဒီမိုကရေစီစနစ်တစ်ခု ပြန်လည်ဖြစ်ပေါ်လာဖို့ အရင်ဆုံး ဝိုင်းဝန်း အားထုတ်ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဖီလာဖြစ်နေတဲ့ အစုအဖွဲ့ များ၊ စနစ်များကို မိမိတို့တက်နိုင်သည့်ဘက်မှ တွန်းလှန်ကြရမှာဖြစ်ပါတယ်။ 

၇။  ဆက်လက်ကိုင်ဆွဲထားရမဲ့ မေဒေးတောင်းဆိုမှုတွေက ဘယ်အချက်တွေဖြစ်မလဲ။

ဆက်လက်ကိုင်ဆွဲထားရမဲ့ မေဒေးတောင်းဆိုမှုများအနေနဲ့ ဖူလုံသောလုပ်အားခ၊ သင့်တင့် သောအလုပ်ချိန်၊ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်စသည်တို့ရရှိအောင် ဆက်လက်တိုက်ပွဲ ဝင်တောင်းဆိုနေကြရမှာဖြစ်သလို စစ်မှန်သည့် ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်လာရေး ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ပါတယ်။

 

ကျေးဇူးတင်ပါတယ်။


Related posts

Cover
"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"
May 01, 2024
Cover
အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။
Apr 30, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024
Cover
အလုပ်သမားနှင့် အလုပ်ရှင်တွေကြားက စာချုပ်များ ဥပဒေနဲ့ညီညွတ်ရဲ့လား
Oct 26, 2023
Cover
လုပ်ငန်းခွင်ရပ်နားပြီး တောင်းဆိုမှုပြုလုပ်နေတဲ့ SEN YU အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
Oct 19, 2023
Cover
ILO စုံစမ်းစစ်ဆေးရေးအစီရင်ခံစာနဲ့ စစ်အုပ်စုဖြေရှင်းရမဲ့ပုစ္ဆာ
Oct 13, 2023
Cover
အထည်ချုပ်လုပ်ငန်းခွင်မှာ ဘာကြောင့် ဆဲဆိုတာလဲ။(အင်တာဗျူး)
Jun 28, 2023