NEWS

ဒဂုံအရှေ့စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမီးလောင်

CoverLogo
572 Views

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက်ည ၇ နာရီ ၅၁ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတငိးထုတ်ပြန်ချက်အရ သိရပါတယ်။
  
"ကနဦးတော့ အထည်ချုပ်စက်ရုံကလို့သိရတယ်။ ကျန်တာက စစ်ဆေးတုန်းပဲဗျ။ သေချာမသိရသေးဘူး။ " လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ 

မီးလောင်မှုဟာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပန်းပဲဝန်ဦးရွှေအိုးလမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ​ဖြစ်ပြီး မီးလောင်မှုကို မြန်မာနိုင်ငံမီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ  ည ၈ နာရီ ၄ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့မြန်မာနိုင်မီးသတ်တပ်ဖွဲ့တာဝန်စစ်ဆေးနေတယ်လို့သိရပါတယ် ။ 

ယခုလ ဒီဇင်ဘာလ ၅ရက် ည၈နာရီလန့်ကလည်း  ဒဂုံအရှေ့စက်မှုဇုန်ရှိ ကော်စေ့စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့လို့ ထိခိုက်မှုတွေရှိခဲ့သလို မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့် ၈နာရီကျော်ကြာအထိ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကာ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းမှသာ  မီးငြိမ်းသွားခဲ့ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026