NEWS

ထောင်ဒဏ် ၂ နှစ်ချခံထားရတဲ့ MICS အထွေထွေ အတွင်းရေးမှူး ကိုသက်နှင်းအောင် ထောင်တွင်းဆေးကုသမှုခံယူခဲ့ရ

CoverLogo
818 Views

စစ်ကောင်စီ လက်အောက်ခံတရားရုံးက ထောင်ဒဏ်၂ နှစ်နှင့် ငွေဒဏ် ကျပ်နှစ်သောင်းချမှတ်ခြင်းခံထားရတဲ့  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) မှ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ကိုသက်နှင်းအောင်ဟာ  ထောင်တွင်းဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

“ကိုသက်နှင်းအောင်က ပုဒ်မ၁၇( ၁)နဲ့ အမိန့်ချခံထားရတာပါ။  သထုံစျေးမသွယ်ထောင်မှာပါ။  ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံထားရတယ်။  ၂၀၂၁ခုနှစ် သြဂုတ် ၂၃ရက်နေ့ကနေစပြီး ချုပ်ရက်ရတယ်။လက်ရှိကျန်းမာရေးကတော့ ပြန်ကောင်းမွန်လာပါပြီ။ ပြီးခဲ့တဲ့လကတော့ ထောင်ဆေးရုံ၃ရက်တက်ခဲ့ရတယ်။ အစာအိမ်ရောင်ရောဂါပါ”လို့  MICS- TUsFမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုနေလင်းအောင်ကဆိုပါတယ်။  

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ အလုပ်သမားခေါင်းဆောင် ဦးသက်နှင်းအောင်ဟာ  ပုဒ်မ ၁၇/၁ ဖြင့် အကျဉ်းချခံထားရသည်မှာရက်ပေါင်း ၆၁၅ ရက်၊ နှစ်နှစ်နီးပါးရှိပြီဖြစ်ပြီး  ၎င်းကို ဒီဇင်ဘာလ ၅ရက်နေ့က ပေါင်မြို့နယ်တရားရုံးမှ မတရားအသင်း ဆက်သွယ်မှု (၁၇/၁)ဖြင့် ထောင်ဒဏ်၂ နှစ်နှင့် ငွေဒဏ် ကျပ်နှစ်သောင်းချမှတ်ခဲ့တာပဲဖြစ်ပါတယ်။  

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများအရေးကူညီဆောင်ရွက်ပေးတဲ့  MICS-TUsF အဖွဲ့ချုပ်ရဲ့  ရုံးခန်းများကို စစ်ကောင်စီးကဝင်ရောက်စီးနင်းမှုတွေပြုလုပ်ခဲ့တာကြောင့်တိမ်းရှောင်စဉ်   မြဝတီမြို့မှာစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံခဲ့ရပြီး  ရန်ကုန်အင်းစိန်ထောင်မှတစ်ဆင့် သထုံမြို့နယ် စျေးမသွယ်ထောင်သို့ လွှဲပြောင်းကာ  ပေါင်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

#MyanmarLabourNews 
Photo- ကိုသက်နှင်းအောင်


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026