NEWS

ထောက်ပံ့ကြေးတိုးပေး၍ အခြားခံစားခွင့်ကိုလျော့ချ ဥပဒေမဲ့ လုပ်ရပ်များ လုပ်ဆောင်နေသော်လည်း တိုင်ကြားသူများကို စက်ရုံဘက်က တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ပြောဆို

CoverLogo
873 Views

ကိုရီးယားနိုင်ငံသားပိုင် Myanmar Zhi Xin Garment Co.ltd မှာ အလုပ်သမားဥပဒေကို ကျော်လွန်လုပ်ဆောင် နေပေမယ့် နစ်နာမှုတွေကို  အလုပ်သမားတွေက တိုင်ကြားမယ်ဆိုရင် စက်ရုံဘက်က တရားစွဲမယ်လို့ ခြိမ်းခြောက်ပြောဆိုခံထားရတာကို အလုပ်သမားတွေက ထုတ်ဖော်ပြောကြားပါတယ်။

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က ပန်းပဲခေါင်း မောင်ခက်လမ်းမှာ ဖွင့်လှစ်ထားတာပါ။ လုပ်သားအင်အား (၁၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး Jackfield  Original၊ CUTTER&BUCK၊ ODV၊ JACK FIELD စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပါ။

“အလုပ်ထုတ်တာတွေဆိုလည်း သူတို့လုပ်ချင်သလို လုပ်တယ်။ ဉပဒေနဲ့အညီဆိုတာ မရှိဘူး။ အလုပ်ချိန်က မနက် (၇) နာရီခွဲကနေ ညနေ (၆) နာရီပဲဆိုပေမယ့် ည(၉) နာရီထိ အချိန်ပိုတွေ နေ့တိုင်းမဖြစ်မနေဆင်းခိုင်းတယ်။ အချိန်ပိုမလုပ်ရင် ကျွမ်းကျင်ကြေးတွေလျော့တယ်။ အလုပ်ထုတ်တာလည်း ရှိတယ်။ ပြောမယ်ဆို တနင်္ဂနွေလည်း မနားရဘူး။ နောက်တစ်ခုက ထောက်ပံ့ကြေးတစ်ထောင်ဆိုပြီး တိုးပေးတယ်။ အဲဒီလိုတိုးပေးရလို့ဆိုပြီး ကျွမ်းကျင်ကြေးတွေ လျှော့ချတယ်။ အရင်က A2+သမားတွေ Gradeကြေး ၁၈၀၀၀၀ကျပ်ပေးတယ်။ နောက်ထောက်ပံ့ကြေး (၁၀၀၀) တိုးပေးရလို့ဆိုပြီး (၁၂၀၀၀၀) ကျပ်ဘဲပေးတော့မယ်ဆိုပြီး လျှော့ပစ်တယ်။ ဒီလိုလုပ်တာကို မကျေနပ်ရင် ထွက်လို့လည်း ပြောတယ်။ နောက်ပြီး ဆေးခွင့်တွေ၊ ရှောင်တခင်ခွင့်တွေ ဘာမှခံစားခွင့် မရပါဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံထဲမှာ နေ့စားအလုပ်သမားတွေ (၁၀၀) ကျော်ကို အသုံးပြုနေပေမယ့်  (၃) လကျော် လုပ်ကိုင်နေသူတွေကို လည်း အတည်ပြုဝန်ထမ်း မခန့်အပ်သလို တစ်နေ့အလုပ်ချိန် (၁၀) နာရီ လုပ်ကိုင်နေရပေမယ့် လုပ်ခလစာကို ကျပ်(၈၀၀၀) ပေးချေနေတာ ဖြစ်ပါတယ်။ စနေနေ့ဆိုရင်တော့ အလုပ်ချိန် (၁၀) နာရီအတွက် လုပ်ခလစာ ကျပ် (၆၀၀၀) သာရရှိပြီး တနင်္ဂနွေနေ့တွေကိုတော့ ပေးချေမှု မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ မန်နေဂျာလည်း ဆဲဆိုမှုတွေ လုပ်ဆောင်နေပြီး  WCC ကော်မတီ ဖွဲ့စည်းထားပေမယ့် အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေကို စက်ရုံဘက်က တရားစွဲဆိုတာ လုပ်ဆောင်မယ်လို့လည်း ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။

“ဒီနေ့လဲစက်လိုင်းတစ်လိုင်းကို အပေါ်ထပ်ကိုရွှေ့ပြီး လုပ်ခိုင်းတယ်။ အပေါ်ထပ်ကလှောင်ပိတ်ပြီး အနံ့အသက် ဆိုးတွေထွက်လို့ အလုပ်သမားတွေကပြောတော့ leaderလုပ်တဲ့သူကလည်း မန်နေဂျာဒေါ်သန္တာအောင်ကို သွားပြောပေးပါတယ်။ အဲဒါကို ေ-ာက်လုပ်ကိုရှုပ်တယ်။ စက်ရုံကအဲ့လောက်အားယားမနေဘူး။ ဘာညာနဲ့စုံ နေအောင် ဆဲဆိုပါတယ်။ အလုပ်သမားတွေကလဲ ဆဲလို့ပြန်ပြောတော့ အဲ့လိုင်းက စက်လိုင်းleaderကို အလုပ်က ထုတ်ပစ်ပါတယ်။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို သူတို့နဲ့အဆင်မပြေရင် ဥပဒေမဲ့ အလုပ်ထုတ် တာတွေအမြဲတမ်း လုပ်တယ်။၊ ဆဲနေတာက မန်နေဂျာ ဒေါ်သန္တာအောင်နဲ့ တရုတ်စကားပြန်ကဆဲတာပါ။ အလုပ်ထုတ်တော့ leaderက ပြန်ပြောလို့ဆိုပြီး အလုပ်ထုတ်ပစ်ပါတယ် စက်လိုင်းတစ်လိုင်းလုံးလဲ သူတို့leaderဘာမှမလုပ်ဘဲ အလုပ်ထုတ်ရမလားဆိုပြီး အလုပ်မလုပ်ဘဲ ဖြေရှင်းပေးဖို့တောင်းဆိုတာလည်း ရှိတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

Myanmar Zhi Xin Garment co.ltd က အလုပ်သမားတွေအနေနဲ့ ဥပဒေနဲ့အညီ ခွင့်ခံစားခွင့်တွေ ရရှိဖို့၊ အလုပ်ရှင်ဘက်က ထောက်ပံ့ကြေးတစ်ထောင်ထပ်တိုးပေးရလို့ အရင်သတ်မှတ်ထားတဲ့ ကျွမ်းကျင်ကြေးကို လျော့ချတာမလုပ်ဖို့၊ အကြောင်းပြချက်မရှိပဲ ဥပဒေမဲ့ အလုပ်မထုတ်ဖို့၊ တနင်္ဂနွေနေ့တွေကို ပိတ်ရက်ပေးဖို့၊ မန်နေဂျာ ဒေါ်သန္တာအောင်က အလုပ်သမားတွေကို ေ-ာက်နဲ့ခိုင်းနှိုင်းပြီး မပြောဖို့နဲ့ မဆဲဖို့၊ (၃)လပြည့်ပြီးတဲ့ အလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးဖို့နဲ့ နေ့စားအလုပ်သမားများကို လုပ်ခလစာအပြည့်အဝပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026