NEWS

ထောက်ခံစာစာရိတ် အလုပ်သမားများအတွက် တရက်လုပ်ခမက ကုန်ကျနေ

CoverLogo
1K Views
 
အလုပ်လျှောက်ထားရာမှာ တောင်းခံတဲ့ ထောက်ခံစာတွေရဲ့ ကုန်ကျစာရိတ် အနည်းဆုံးလုပ်ခ တရက်စာမက ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ လက်ရှိ အလုပ်လျှောက်ရာမှာ လေဘာကတ်၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ စတာတွေကို စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းတွေဘက်က တောင်းခံနေတာ ဖြစ်ပါတယ်။
 
"လေဘာ ကတ်လုပ်လည်း ပိုက်ဆံပေးရတယ်။ ရွှေပြည်သာရုံးမှာ (၅၀၀) ပေးရတယ်။ ရပ်ကွက်မှာ ထောက်ခံစာ လုပ်ရင် တထောင်ပေးရတယ်။ ရဲစခန်းမှာလည်း တထောင် ပေးရတယ်။ ဒီထက်ကုန်ကျတာတွေလည်း ရှိတယ်။ ကားခပဲ ၃၀၀ ဆို အသွားအပြန်ဆို ၆၀၀ ။ ငယ်တဲ့သူဆို အဖော်ခေါ်မယ်ဆို ၁၂၀၀ ကုန်နေပြီ။ အားလုံးပေါင်းတော့ လုပ်ခ တရက်စာ မက ကုန်တယ်။ ဒါက အမှန်အကန် ကိုယ်တိုင်လုပ်လို့ ဒီလောက်ပဲကုန်တာ။ လှိုင်သာယာ ဆို လုပ်ခ နှစ်ရက်စာလောက် ကုန်တယ် ပြောတယ်” လို့ လေဘာကတ်ကိုယ်တိုင်ယူခဲ့သူ တဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အနည်းဆုံးအခကြေးငွေ ဥပဒေအရ တရက် အလုပ်ချိန် ၈ နာရီအတွက် လုပ်ခ ၄၈၀၀ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာတော့ ၅ နှစ်ကျော်ကြာ ပြင်ဆင်မှုမရှိတဲ့ အနည်းဆုံးအခကြေးငွေ ကို ဝန်ကြီးဌာနဘက်က ထောက်ပံကြေး တရက် ကျပ် ၁၀၀၀ တိုးမြှင့်ပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။
 
“ တကယ်ဆို ပိုက်ဆံလိုချင်လို့ အလုပ် လျှောက်တာ။ အခုဖြစ်နေတာက အလုပ်က ဘာမှန်းမသိဘူး။ ပိုက်ဆံ ကုန်စရာတွေက အရင် ဖြစ်နေတာ။ အရင်က အလုပ်ရှင်တွေက ထောက်ခံစာတွေ မလိုဘူး ဖြစ်သေးတယ်။ အခုက အကုန်လုံးက ပြန်တောင်း နေတယ်။ တကယ်ဆို အလုပ်ရပြီးမှ ဒါတွေ ယူရတယ်ဆို တော်သေးတယ်။ အခုကျ အဆင်မပြေဘူး"လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားတဦး က ပြောပါတယ်။
 
စစ်အာဏာသိမ်း ပြီးနောက်ပိုင်း ဌာနဆိုင်ရာတွေ၊အုပ်ချုပ်ရေးပိုင်းတွေမှာ ငွေကြေးတောင်းခံတာတွေက တရားဝင်လို ဖြစ်နေတယ်လို့ အလုပ်အကိုင်ရှာဖွေနေသူ တဦးကပြောပါတယ် ။
 
"လေဘာကတ် လုပ်ချင်ရင် မနက်(၇)နာရီ မထိုးခင်ကတည်းက မှတ်ပုံတင် သွားထပ်ရတာ။ အရမ်း ဒုက္ခရောက် တယ်။ ရဲစခန်းမှာထောက်ခံစာ သွားလုပ်ရတာလည်း မလုံခြုံဘူး။ အခုက အလုပ် လိုချင်တဲ့သူ ကများနေတော့ သူတို့ တောင်းသမျှ စုံအောင် လုပ်ပေးရတာပဲ။ ထောက်ခံစာတွေ တောင်းနေတာက ဌာနတွေ ငွေရ ပေါက်လမ်း ဖြစ်အောင်ကို လုပ်နေတာ။ "လို့ ပြောပါတယ်။
ဒါ့အပြင် အွန်လိုင်းကတဆင့် အလုပ်အကိုင်ရမယ်ဆိုပြီး ငွေကြေးလိမ်လည်ခံရတဲ့ရှိနေတယ်လို့ အလုပ်ရှာ နေသူတွေက ပြောကြားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026