NEWS

ထိုင်း Powacore အိပ်ချုပ်စက်ရုံ HR မှ တရာမဝင်အလုပ်ထုတ်ပြီး ငွေကြေး ဖြတ်ယူ

CoverLogo
452 Views
 
ထိုင်းနိုင်ငံ ဘန်ထောင် အနီးမှာ ဖွင့်လှစ်ထားတဲ့ Powacore Thailand Co,Ltd ပို အိပ်ချုပ် စက်ရုံ HR အမျိုးသမီးက မြန်မာ လုပ်သားတွေတွေကို တရားမဝင် ငွေကြေးဖြတ်တောက်ပြီး ပြောဆိုတင်ပြသူတွေကို အလုပ်က ထုတ်ပယ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“HRက မြန်မာအမျိုးသမီး ၊ ဘာအကြောင်းမှမရှိဘဲ အလုပ်သမားးတွေဆီ လတိုင်း ဘက် ၆၀၀ ဖြတ်တယ်၊ ဖယ်ရီခ လည်း ဘတ် ၁၀၀၀ ပေးနေရတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာအလုပ်သမားတွေကို နိုင်ငံကူးစာအုပ် သက်တမ်းနဲ့ အလုပ်လုပ်ခွင့်အတွက် သက်တန်းတို့ဖို့ ဆိုပြီး စက်ရုံ HR အမျိုးသမီးက ငွေကြေးတောင်းယူနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ သက် တမ်းတိုးဖို့ဆိုပြီး တစ်နှစ်ပြည့်ရင် ထိုင်းဘက် ၉၂၀၀ ကို နှစ်တိုင်းပေးရတယ်။ အလုပ်လုပ်ခွင့် ဝေါ့ပါမစ်က ၃လ တစ်ကြိမ်၊ ၆လ တစ်ကြိမ် သက်တမ်းတိုးရမယ် ပြောတယ်။အခုလည်း ထိုင်းအစိုးရက သက်တမ်းတိုး ဖို့ ကျသင့်ငွေကို မသတ် မှတ်ရသေးဘူး။ HR က အခု ၁ လပိုင်းမှာ စာထုပ်တာနဲ့ ပထမတစ် ဖြတ် ဘက် ၄၅၀၀ ၊ ၂ လပိုင်းမှာ လစာထုတ် ဘတ် ၄၇၀၀ ဖြတ်မယ် ပြောတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် လူမူဖူလုံးရေးအတွက် လစဥ် ဘက် ငွေ၄၀၀ ကျော်ပေးဆောင်ရပေမဲ့ ဆေးခွင့် မပေးတဲ့ အပြင် တခြားခွင့်တွေပါ မပေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သောက်ရေ ကိုယ်တိုင် ဝယ်ယူ ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ခွင့်က ဘာခွင့်မှမပေးဘူး ၊ နေမကောင်းလည်း မရဘူး။ စက်ရုံက ပေးတဲ့ ရေက သောက်လို့မရဘူး သောက်ချင်ရင် ကိုယ့်ဘာသာကိုယ် ဝယ်သောက်ပဲ။” လို့ ပြောပါတယ်။
 
အလုပ်သမားအတွက် စံချိန် ကို တစ်နာရီ အရေအတွက် ၁၀၀ အထိ စက်ရုံဘက်က တောင်းခံပြီး သက်မှတ်ထားတဲ့ စံချိန်မပြည့်ပြည့်အောင် ဖိအားပေး ခိုင်းစေတယ်လို့လည်း သိရပါတယ်။
 
“ နေ့လယ်ထမင်းစားနားချိန် တစ်နာရီပေးတယ်။ အဲ့ကနေ အချိန်ပိုအိုတီ နာရီဝက် ခိုင်းတယ်။ ထမင်းစားပြီးတာနဲ့ မနားရဘဲ အလုပ်ပြန်ဆင်းတယ် ။ အဲ့အချိန်ပိုကို မ ဆင်းဘူးလို့ ငြင်းလို့မရဘူး” လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ကာလက လုပ်ငန်းခွင် အဆင်မပြေတာမှုနဲ့ အခက်အခဲတွေကို အလုပ်သမားတွေ စုပြီးတင်ပြခဲ့ဖူးပေမဲ့ အဲဒီ အလုပ်သမားတွေကို အလုပ်ကနေ ထုပ်ပယ်ခဲ့လို့ လက်ရှိမှာ HR ကို မပြောပြရဲမေအာင် ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
HRမှမြန်မာအမျိုး သမီးညဖြစ်ပြီး အလုပ်သမားများကို အကြောင်းမရှိအကြောင်းရှာကာ လစဥ်ဘက်ငွေ ၆၀၀ဘတ်ဖြတ်တာ တွေလဲရှိပါသည်၊ အလုပ်သမားများ အလုပ်လာရန် ဖယ်ရီကားပေးထားပြီး အလုပ်သမား များကိုဖယ်ရီကားခ တစ်လကိုဘက်ငွေ၁၀၀၀ပေးရပါသည်။
 
Powacore Thailand Co,Ltd က Cool Flow တံဆိပ်ချုပ် ဒူးကာနဲ့ ခရီးဆောင်အိတ်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026